မူပိုင်ခွင့်ဆိုင်ရာ မေတ္တာရပ်ခံ အသိပေးခြင်း

ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV-HD)မှ   အများပြည်သူများ ပျော်ရွှင်မှုဖြစ်စေရန်၊ အပန်းပြေစေရန်နှင့်   စိတ်ခွန်အားသစ်များ  ရရှိနိုင်ရန် အတွက် အပတ်စဉ် သောကြာနေ့ ညများတွင် Friday Night  Live  Show     ဖျော်ဖြေရေးအစီအစဉ်များကို ဆန်းသစ်တင်ဆက်လျက်ရှိရာ     (၃၁-၅-၂၀၂၄)    ရက် (သောကြာနေ့) ညတွင် နိုင်ငံတော်သံစုံတီးဝိုင်း  တီးခတ်မှု နှင့်အတူ  ဌာနအဆိုရှင်များနှင့်  ပြင်ပတေးသံရှင်များ စုပေါင်း၍ “Friendly Music Concert MRTV Orchestra” ခေါင်းစဉ်ဖြင့် ရိုက်ကူးထုတ်လွှင့် ဖျော်ဖြေတင်ဆက်မှုတွင် ပြင်ပအဆိုရှင်   သီဆိုဖျော်ဖြေမည့်     “စိတ်ကူးလေး ရွက်လွှင့်မယ်” တေးသီချင်းအား အခမဲ့အသုံးပြုသွားမည် ဖြစ်ကြောင်း    မူပိုင်ခွင့်ရှိသူများအား      လေးစားစွာဖြင့် မေတ္တာရပ်ခံ အသိပေးအကြောင်းကြားပါသည်။