
ရန်ကုန် မေ ၂၉
၂ဝ၂၄ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၅) ကို မေ ၃ဝ၊ ၃၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ပွဲကောင်းများ ပါဝင်လျက်ရှိသည်။
ယခုတစ်ပတ်တွင် ချန်ပီယံဖြစ်ဖူးသည့် မြဝတီနှင့် အား/ကာသိပ္ပံအသင်း ထိပ်တိုက်တွေ့ဆုံနေသလို အသင်း သစ်နှစ်သင်းဖြစ်သည့် ဧရာဝတီနှင့် ရှမ်းယူနိုက်တက်အသင်း လည်း တွေ့ဆုံနေသည်။
ပွဲစဉ် (၅) အဖြစ် မေ ၃ဝ ရက်တွင် ပဒုမ္မာကွင်း၌ လက်ရှိ ချန်ပီယံ မြဝတီအသင်းနှင့် အား/ကာသိပ္ပံအသင်း၊ စလင်း ကွင်း၌ YREO အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း၊ မေ ၃၁ ရက်တွင် YUSC ကွင်း၌ ဧရာဝတီအသင်းနှင့် ရှမ်းယူနိုက် တက်အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ပွဲစဉ် (၄) အပြီးတွင် အား/ကာသိပ္ပံအသင်းက လေးပွဲ ကစား ရှစ်မှတ်ဖြင့် ဦးဆောင်နေပြီး မြဝတီအသင်းက လေးပွဲ ကစား ခုနစ်မှတ်၊ ဧရာဝတီအသင်းက သုံးပွဲကစား ခုနစ်မှတ်၊ ရန်ကုန်ယူနိုက်တက်အသင်းက သုံးပွဲကစား ခြောက်မှတ်၊ YREO အသင်းက သုံးပွဲကစား သုံးမှတ်၊ သစ္စာအားမာန်အသင်း က လေးပွဲကစား နှစ်မှတ်ရရှိထားပြီး ရှမ်းယူနိုက်တက်အသင်း မှာ သုံးပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။ ရဲရင့်လွင်