ပြင်ဦးလွင်မြို့ သာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ဒေသ၏ရှိရင်းစွဲဂုဏ်ဒြပ်များကို ပိုမိုတိုးတက်စေမည်

 

နေပြည်တော်    မေ     ၃၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  သည်  ယနေ့နံနက်ပိုင်း တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် ခရိုင်နှင့်  မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား ပြင်ဦးလွင်မြို့၊ အမျိုး သားအထိမ်းအမှတ်ဥယျာဉ်ရှိ   အစည်း အဝေးခန်းမ၌တွေ့ဆုံ၍   ပြင်ဦးလွင်မြို့  သာယာလှပရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကော်ဖီတိုးချဲ့စိုက်ပျိုးနိုင်ရေးဆိုင်ရာ ကိစ္စ ရပ်များကို ဆွေးနွေးမှာကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့်          ဦးမင်းနောင်၊ ဦးခင်မောင်ရီနှင့် ဒေါက်တာ သက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး       ဝန်ကြီးချုပ်  ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်  တပ်မတော်အရာရှိကြီးများ၊  အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြင်ဦးလွင်ခရိုင်နှင့်   မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။ 
သဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးရမှု
များကို ပြန်လည်ပြုပြင်ထိန်းသိမ်းရန်လို
ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ပြင်ဦးလွင် မြို့သည် ခေတ်ကာလများစွာကတည်းက တည်ရှိခဲ့သည့်မြို့ဖြစ်ပြီး     သမိုင်းဝင် အဆောက်အဦများစွာလည်း ရှိကြောင်း၊ ပြင်ဦးလွင်မြို့ကို   တောင်ပေါ်အပန်းဖြေ မြို့တော်၊ ပန်းမြို့တော်၊ တောင်လှေကား မြို့တော် စသည်ဖြင့် တင်စားခေါ်ဝေါ်ကြ သဖြင့် အဆိုပါအင်္ဂါရပ်များနှင့်ကိုက်ညီရန် လိုကြောင်း၊ ပြင်ဦးလွင်မြို့သို့ ပြည်တွင်း ပြည်ပခရီးသွားများ     စဉ်ဆက်မပြတ် လာရောက်လည်ပတ်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်ခဲ့ချိန်တွင် လာရောက် မှုနည်းပါးခဲ့သော်လည်း ယခုနောက်ပိုင်း တွင် ပြည်တွင်းခရီးသွားများ  ပြန်လည် များပြားလာကြောင်း၊        အပန်းဖြေ  လာရောက်သူများအနေဖြင့် စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာဖြင့်  သာယာလှပသည့် မြို့၏အလှအပကို ခံစားလည်ပတ်နိုင်ရန် လိုကြောင်း၊ ယခင်ကပြင်ဦးလွင်မြို့သည် အေးမြသည့်မြို့တစ်ခု   ဖြစ်ခဲ့သော်လည်း ယခုအခါသဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုများကြောင့် ရာသီဥတုပြောင်းလဲလာပြီး  အပူချိန်မြင့်တက်လာသည်ကို    တွေ့ရ ကြောင်း၊ သဘာဝပတ်ဝန်းကျင်ပြောင်းလဲ လာခြင်းမှာ လူများ၏ လုပ်ဆောင်မှုများကြောင့်လည်းပါဝင်ပြီး   လူများကြောင့် ဖြစ်လာသည့်         သဘာဝပတ်ဝန်းကျင်   ထိခိုက်ပျက်စီးဆုံးရှုံးရမှုများကို လူများက ပင် ပြန်လည်ပြုပြင်ရမည်ဖြစ်ကြောင်း။
ယခင်က  အမျိုးသားကန်တော်ကြီး ဥယျာဉ်အတွင်းရှိ ရေကန်များ၌ သစ်ပင် သစ်တောများ        ပြုန်းတီးခြင်းကြောင့် ရေအရင်းအမြစ်များ   အားနည်းလာခြင်း၊ သဘာဝရေထွက်များမှ  ရေထွက်ရှိမှုမရှိ ခြင်း၊ ဒေသတွင်း  အပူချိန်နှုန်းထားမြင့်မား လာခြင်း၊ ရေဝင်ပေါက်များမှ ရေဝင်ရောက်မှု   
အားနည်းခြင်းနှင့်       အခြားအကြောင်း အမျိုးမျိုးကြောင့်     ဥယျာဉ်အတွင်းရှိ ရေကန်များတွင်   ရေခန်းခြောက်မှုများ ကြုံတွေ့ခဲ့ရကြောင်း၊ ထို့ကြောင့် မိမိတို့ အနေဖြင့် ရေဝင်ပေါက်များ၊ စိမ့်စမ်းနေရာ များ၊ မြေအောက်ရေနုတ်မြောင်းများကိုလိုက်လံကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည့် မွမ်းမံပြင်ဆင်မှုများ    ရေလမ်းကြောင်း ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့မှုကြောင့် ရေဝင်ပေါက်များမှ    ရေများပြန်လည် စီးဝင်လာခဲ့ပြီး ယခုအခါ ကန်တော်ကြီး အတွင်း ရေများလုံလောက်စွာ ဝင်ရောက် လာပြီ ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင် ခြင်းမှာ   လူများကပင်    ပြုလုပ်ခြင်းဖြစ် ကြောင်း၊  ထို့ကြောင့် ပြင်ဦးလွင်ဒေသ ပြန်လည်စိမ်းလန်းသာယာရေးအတွက် မိမိတို့အနေဖြင့်    လိုအပ်သည့်     ပြုပြင် ထိန်းသိမ်းခြင်းများကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း။
အကြောင်း       အမျိုးမျိုးကြောင့် ပြုန်းတီးသွားသည့် သစ်ပင်သစ်တောများ ကိုလည်း ပြန်လည်စိုက်ပျိုးသွားရန်လိုပြီး ဒေသနှင့်ကိုက်ညီသည့် သစ်ပင်သစ်တော များ ပြန်လည်  စိုက်ပျိုးထိန်းသိမ်းသွား မှသာလျှင်     ရာသီဥတုများကောင်းမွန် လာမည်ဖြစ်ပြီး         သဘာဝပတ်ဝန်းကျင်  စိမ်းလန်းစိုပြည်လာမည်  ဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့ရှိ လူနေရပ်ကွက်များတွင်  လည်း  ရှိသင့်ရှိထိုက်သည့် သစ်ပင်များ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိုက်ပျိုး နိုင်ရေး တိုက်တွန်းနှိုးဆော်ဆောင်ရွက်သွားရန်လိုကြောင်း၊  ထိုသို့သစ်ပင်များ  စိုက်ပျိုးခြင်းဖြင့်  သဘာဝကိုထိန်းသိမ်း နိုင်သဖြင့် ပြင်ဦးလွင်ဒေသတွင် သစ်ပင် စိုက်ပျိုးခြင်းကို အားပေးဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း။
မြေအသုံးချမှုနှင့်ပတ်သက်၍ စည်းမျဉ်း
စည်းကမ်းများနှင့်အညီဖြစ်ရန်လို
မြေယာဥပဒေအရ    စိုက်ပျိုးရန် ခွင့်ပြုထားသည့်     စိုက်ပျိုးမြေများကို အခြားနည်းများဖြင့်    အသုံးပြုခြင်းများ ကိုလည်း   စည်းမျဉ်းစည်းကမ်းများနှင့် အညီ        ကြပ်မတ်ထိန်းသိမ်းနေရန်လို  ကြောင်း၊    လယ်ယာစိုက်ပျိုးမြေများနှင့်
ပတ်သက်၍      ဥပဒေနှင့်      စည်းမျဉ်း စည်းကမ်းများကို ကျော်လွန်ဆောင်ရွက် ခြင်းမရှိစေရေး တာဝန်ရှိသူများအနေဖြင့် အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်သွားရန်  လိုကြောင်း၊ စီမံခန့်ခွဲမှုအားနည်းချက်များ ရှိခဲ့ခြင်းကြောင့်   သစ်ပင်သစ်တောများ ပြုန်းတီးခြင်းနှင့်   သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ     ရှိခဲ့ခြင်းဖြစ်ကြောင်း၊ လျော့ပါးသွားသည့် သစ်ပင်များပြန်လည် စိုက်ပျိုးသွားရန်လိုပြီး    ပြင်ဦးလွင်မြို့ တွင်သာမဟုတ်ဘဲ  ဒေသတွင်းရှိ  အခြား မြို့များတွင်လည်း   သစ်ပင်များစိုက်ပျိုးစေရေးဆောင်ရွက်သွားရန် လိုကြောင်း၊ သစ်ပင်သစ်တောများ ပြန်လည်ကောင်း မွန်လာပြီး ရာသီဥတုများကောင်းမွန်လာမည်ဆိုပါက မြစ်များ၊ ချောင်းများအတွင်း ရေများ     ပုံမှန်အတိုင်းစီးဆင်းနိုင်မည် ဖြစ်ကြောင်း၊ ထိုသို့ မြစ်ချောင်းများအတွင်း  ရေများ ပုံမှန်အတိုင်းဝင်ရောက်လာမည် ဆိုပါက  စိုက်ပျိုးရေများ  လုံလောက်စွာ ရရှိမည်ဖြစ်သကဲ့သို့ ရေအားလျှပ်စစ်စီမံကိန်းများကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း။
ကော်ဖီစိုက်ပျိုးမှုမြှင့်တင်နိုင်ရေး
ကော်ဖီစိုက်ပျိုးမှုနှင့်  ပတ်သက်၍ ကော်ဖီစီမံကိန်းသည် လွန်ခဲ့သည့် နှစ် ၂၀ ကျော်က စတင်ခဲ့သည့်နိုင်ငံတော်စီမံကိန်း တစ်ခုဖြစ်ကြောင်း၊  ကော်ဖီစိုက်ပျိုးရန် အတွက် ခွင့်ပြုပေးထားသည့် စိုက်ပျိုးမြေ များအသုံးချမှုကို    စည်းကမ်းနှင့်အညီ ထိန်းသိမ်းကြပ်မတ်   ဆောင်ရွက်ရန်လို ကြောင်း၊  ကော်ဖီများ   အောင်မြင်စွာ စိုက်ပျိုးနိုင်ရန်အတွက်လည်း တာဝန်ရှိသူ များအနေဖြင့်        လိုအပ်သည်များကို ကြပ်မတ်          ဆောင်ရွက်ပေးနေရန် လိုကြောင်း၊  ကော်ဖီစိုက်ပျိုးရန်   ခွင့်ပြု ထားသည့်မြေများတွင်  လူနေအိမ်များ ဆောက်လုပ်ခြင်းသည်   ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုကို ထိခိုက်စေကြောင်း၊ စီမံ ကိန်းနေရာများတွင် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း ကော်ဖီ စိုက်ပျိုးမှုလုပ်ငန်းများ  ဆောင်ရွက်ခြင်း မရှိသဖြင့် အချို့ကော်ဖီစိုက်ပျိုးခြံများကို အရေးယူဆောင်ရွက်ခဲ့ရကြောင်း၊ မိမိတို့ နိုင်ငံမှထွက်ရှိသည့် ကော်ဖီသည် အရည် အသွေးကောင်းမွန်သည့်     ကော်ဖီများ ဖြစ်သဖြင့် နိုင်ငံ၏ထုတ်ကုန်တစ်ခုအဖြစ် စီးပွားဖြစ်    ထုတ်လုပ်သွားနိုင်ရန်လိုပြီး အရည်အသွေးကောင်းမွန်သည့် ကော်ဖီ ကုန်ကြမ်းများ    အရေအတွက်များများ ထွက်ရှိစေရေး စိုက်ဧကအလိုက် အပြည့် အဝစိုက်ပျိုး၍ ထုတ်လုပ်မှုများတိုးတက် အောင်      ဆောင်ရွက်ရန်လိုကြောင်း၊  ကော်ဖီထွက်ကုန်များကို ကုန်ကြမ်းအဖြစ် ရောင်းချခြင်းထက်    ကုန်ချောအဖြစ် ထုတ်လုပ်၍ ပြည်ပသို့တင်ပို့နိုင်မည်ဆိုပါ က စီးပွားရေးအတွက် များစွာအထောက် အကူပြုမည်ဖြစ်ကြောင်း၊    ထို့ကြောင့် ပြင်ဦးလွင်ဒေသတွင်     ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုများ      တိုးတက်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း။
ပြင်ဦးလွင်မြို့၏ ပညာရေးကောင်းမွန် 
ရေး၊ သာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး
ပြင်ဦးလွင်မြို့သည်    လေကောင်း လေသန့်ရရှိပြီး     နှစ်လိုဖွယ်ရာသီဥတု ရှိပြီးဖြစ်သည့်အတွက် ခရီးသွားမြို့တော်၊ အပန်းဖြေမြို့တော်အပြင် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သည့် ကျန်းမာရေးမြို့တော်အသွင်အဖြစ်လည်း  အကောင် အထည်ဖော်   ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ အစဉ် အလာကောင်းရှိသည့် မြို့တစ်မြို့ဖြစ်ပြီး ရာသီဥတုသာယာ၍ အေးချမ်းစွာ ပညာ သင်ကြားနိုင်ရေးကို   အထောက်အကူ ဖြစ်စေ၍ ပညာရေးကို အားပေးမြှင့်တင် ဆောင်ရွက်ပေးရမည်        ဖြစ်ကြောင်း၊  ထို့ကြောင့် ပုဂ္ဂလိကကျောင်းများ ဖွင့်လှစ် ရာတွင်        စည်းကမ်းနှင့်အညီဖြစ်ရန်   လိုကြောင်း၊   ကျောင်းသား   ကျောင်းသူ များကို      အောင်ချက်ကောင်းရန်သာ မဟုတ်ဘဲ     ပညာတတ်မြောက်အောင် သင်ကြားပေးသည့်  ကျောင်းများဖြစ်စေ လိုကြောင်း။
ခရီးသွားမြို့တော်ဖြစ်သည်နှင့်အညီ မြို့သန့်ရှင်းသာယာလှပရေးကို ဦးစားပေး ဆောင်ရွက်ပေးရန်လိုကြောင်း၊  တစ်ဦး ချင်း၊ တစ်အိမ်ချင်း သန့်ရှင်းသပ်ရပ်သည့် ပတ်ဝန်းကျင်ဖြစ်စေရန်   ဆောင်ရွက်ပြီး ဌာနဆိုင်ရာ  တာဝန်ရှိသူများအနေဖြင့် လည်း   သက်ဆိုင်ရာ ရုံး၊ ဌာနအလိုက် လမ်း၊ တံတား၊  အဆောက်အဦများကို စနစ်တကျထိန်းသိမ်းခြင်းဖြင့် မြို့သာယာ  လှပမှုကို     ဖော်ဆောင်ပေးရမည်ဖြစ် ကြောင်း၊    မြို့တွင်း   ရေစီးရေလာများ  ကောင်းမွန်စေရေးအတွက်လည်း အမှိုက် များကင်းစင်အောင် ဆောင်ရွက်သကဲ့သို့  မြို့သာယာလှပရေးအတွက် မည်ကဲ့သို့ ကောင်းမွန်အောင်    ဆောင်ရွက်မည်ကို Engineering Philosophy အရ ကြိုတင် စဉ်းစားတွေးခေါ်            ဆောင်ရွက်ရန် လိုကြောင်း၊   မိမိအနေဖြင့်   နိုင်ငံတော် တစ်ဝန်းလုံး စိမ်းလန်းစိုပြည်ရေးအတွက် တွန်းအားပေး ဆောင် ရွက်လျက်ရှိသကဲ့သို့ ယခင်နှစ်များ၌ မိုးသည်းထန်စွာရွာသွန်း စဉ်  ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည့် ရန်ကုန်မြို့ရှိ      မြို့နယ်အချို့နှင့်    ပုဂံ ရှေးဟောင်းယဉ်ကျေးမှု   နယ်မြေတို့သို့ ကိုယ်တိုင်သွားရောက်၍  လိုအပ်သည့် လမ်းညွှန်မှုများဆောင်ရွက်ခဲ့ရာ ယခုနှစ် တွင် ရေကြီးရေလျှံမှုများ လျော့နည်းလာ သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့်       ပြင်ဦးလွင်မြို့  သာယာလှပရေးအတွက် ဝိုင်းဝန်းဆောင် ရွက်သွားရန်လိုကြောင်း၊   သစ်ပင်များ စိုက်ပျိုးရာတွင် ပြင်ဦးလွင်မြို့၏ မူလ ပန်းမျိုးများကို      ပြန်လည်ထိန်းသိမ်း စိုက်ပျိုးသွားရန်လိုပြီး    ပန်းမြို့တော် ဟူသောအမည်နှင့် ကိုက်ညီအောင်ဆောင် ရွက်သွားရန်လိုကြောင်း၊   လူနေရပ်ကွက် များ၊ လူနေခြံများတွင်လည်း  ဒေသနှင့် ကိုက်ညီသည့်   ပန်းများစိုက်ပျိုးကြရေး တိုက်တွန်းနှိုးဆော်သွားရန်လိုကြောင်း၊ ချယ်ရီမြို့တော်၊   ပန်းမြို့တော်၊   တောင် လှေကားမြို့တော်ဟူသည့်  သဘာဝအရ  ပေးထားသည့် နာမည်များနှင့် ကိုက်ညီ အောင် မူလအခြေအနေအတိုင်း ကိုက်ညီ အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြ စေလိုကြောင်း၊ပြင်ဦးလွင်တွင်နေထိုင်ကြ သူများအနေဖြင့်  မိမိတို့နေထိုင်သည့်မြို့ သာယာလှပရေးအတွက် အသိဖြင့်ဝိုင်းဝန်း   ဆောင်ရွက်သွားရန်လိုကြောင်း။
ပြင်ဦးလွင်မြို့တွင် နို့ထွက်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်    အခြေခံကောင်းများ ရှိပြီးဖြစ်သဖြင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှု များ     တိုးတက်စေရေးအတွက်လည်း ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်ပမှ တင်သွင်းနေရသည့်      နို့ဆီ၊     နို့စိမ်း များစွာ လျော့ကျသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှလိုအပ်သည်များ ကူညီပေး မည်ဖြစ်သကဲ့သို့       မိမိတို့အစီအစဉ် ဖြင့်  ဆောင်ရွက်၍ရသည်များကိုလည်း ဆောင်ရွက်သွားရန်လိုကြောင်း၊  နို့ထွက် ပစ္စည်းများ တိုးတက်ထုတ်လုပ်နိုင်မည် ဆိုပါက   နိုင်ငံတော်အတွက်  တစ်ဖက် တစ်လမ်းမှ     အထောက်အကူပြုမည် ဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့သည် နာမည် ပေါင်းများစွာ၊      ဂုဏ်ဒြပ်များရှိသည့် မြို့တစ်မြို့ဖြစ်ပြီး မိမိတို့အနေဖြင့်   ပိုမို တိုးတက်အောင်   ဆောင်ရွက်နိုင်မည် ဆိုပါက  ပြင်ဦးလွင်မြို့၏ ဂုဏ်ဒြပ်သည် ယခုထက်      ပိုမိုတိုးတက်လာမည်ဖြစ်  ကြောင်း ပြောကြားသည်။
ပြင်ဦးလွင်ဒေသအတွင်း ကော်ဖီ
စိုက်ပျိုးမှုနှင့် မြို့ဖွံ့ဖြိုးတိုးတက်ရေး
အတွက် ဆောင်ရွက်နေမှုများအား 
အသီးသီးရှင်းလင်းတင်ပြ
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဦးမင်းနောင်က  ပြင်ဦးလွင် ဒေသတွင် ကော်ဖီစိုက်ပျိုးရေးလုပ်ငန်း များ   ဆောင်ရွက်လျက်ရှိမှု၊  စီမံကိန်း ဧရိယာအတွင်း စည်းကမ်းလိုက်နာမှုမရှိ သည့် ကော်ဖီခြံများအား ဥပဒေနှင့်အညီအရေးယူဆောင်ရွက်ထားရှိမှု၊   ကော်ဖီ တိုးချဲ့စိုက်ပျိုးရန် လျာထားဆောင်ရွက် လျက်ရှိမှု၊  ပြင်ဦးလွင် ကော်ဖီစီမံကိန်း ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက် လျက်ရှိမှုနှင့်  ကော်ဖီပျိုးပင်များဖြန့်ဖြူးပေးနိုင်မှုများကို လည်းကောင်း၊ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ကော်ဖီစီမံကိန်းဧရိယာ အတွင်း  စည်းကမ်းလိုက်နာမှုမရှိသည့် ကော်ဖီခြံများအား     ဥပဒေနှင့်အညီ ဆောင်ရွက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့  လွှဲပြောင်း ပေးမှုအခြေအနေများကို လည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး      ဒေါက်တာသက်ခိုင်ဝင်းက ပြင်ဦးလွင်မြို့ကို  ကျန်းမာရေးမြို့တော် ဖြစ်စေရေး              အဆောက်အဦများ ဆောက်လုပ်နိုင်ရန်အတွက် မြေနေရာများ လျာထားရွေးချယ် ဆောင်ရွက်ထားရှိမှုအခြေအနေများကို     လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး    ဝန်ကြီးချုပ် ဦးမျိုးအောင်က  ပြင်ဦးလွင်ခရိုင်ဆိုင်ရာ အချက်အလက်များနှင့်  ပြင်ဦးလွင်မြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု    အခြေအနေများ၊ မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် အလိုက် ကျောင်းအပ်နှံမှုနှင့် ယခင် ပညာ သင်နှစ်တွင်  ကျောင်းတက်ရောက်ခဲ့မှု အခြေအနေများ၊     ပြင်ဦးလွင်မြို့အား  မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့်         မြို့ပြ တည်ဆောက်ရေးအတွက်  ဆက်လက် ဆောင်ရွက်သွားမည့်          အခြေအနေများ၊  စိုက်ပျိုးမွေးမြူရေးဇုန် ဆောင်ရွက်ထားရှိ မှုနှင့် ကုန်ထုတ်လမ်းဆောင်ရွက်ထားရှိမှု၊ ပြင်ဦးလွင်မြို့အတွင်း ဂဲလောင်းချောင်း တည်ရှိမှုနှင့်  ရေစီးရေလာ ကောင်းမွန် စေရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေ များ၊ တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး၊ မြို့တော်ဝန်   ဦးကျော်ဆန်းက ပြင်ဦးလွင်မြို့ စိမ်းလန်းသာယာလှပရေး နှင့်    သန့်ရှင်းမှုရှိစေရေး     ဆောင်ရွက်
လျက်ရှိမှုအခြေအနေများကို    လည်း ကောင်း ဆွေးနွေးတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ်  ကော်ဖီ သည် စီးပွားရေးအရ တွက်ခြေကိုက်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊   ကမ္ဘာပေါ် တွင် ကော်ဖီကို အဓိကစိုက်ပျိုးထုတ်လုပ် ပြီး    ပြည်ပသို့   တင်ပို့ရောင်းချသည့်  နိုင်ငံများလည်းရှိကြောင်း၊ မိမိတို့အနေ ဖြင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုများကို တိုးတက်အောင်ဆောင်ရွက်ပြီး ပြည်ပသို့ တင်ပို့နိုင်ရန်လိုကြောင်း၊ ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုကို    နိုင်ငံတော်၏    ပို့ကုန် တစ်ခုအနေဖြင့်   ဆောင်ရွက်သွားရန် လိုကြောင်း၊  ကော်ဖီစိုက်ပျိုးမှုများကို စည်းကမ်းနှင့်အညီ    ဆောင်ရွက်သွား  ရန်လိုကြောင်း၊ ဆေးရုံတည်ဆောက်ရေး အတွက်     မြေနေရာရွေးချယ်ရာတွင် အခြေခံလိုအပ်ချက်များဖြစ်သည့်   ရေ၊ မီးများရရှိရေး၊     အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်ရန်    အလှမ်းမီသည့်နေရာ ဖြစ်စေရေးနှင့်        လမ်းပန်းဆက်သွယ်မှု
ကောင်းမွန်သည့်နေရာ ဖြစ်စေရေးတို့ကို အခြေခံ၍ ရွေးချယ်ဆောင်ရွက်သွားရန်လိုကြောင်း၊ စည်ပင်သာယာရေး တာဝန် ရှိသူများအနေဖြင့် လမ်းများစနစ်တကျ ဖြစ်စေရန်နှင့် လမ်းများကောင်းမွန်အောင် ဆောင်ရွက်ရန်လိုပြီး  လမ်းအင်္ဂါရပ်များ နှင့်     ကိုက်ညီအောင်     ဖောက်လုပ် ရန်လိုကြောင်း၊    လမ်းဘေးဝဲယာတွင်  ဒေသသာယာလှပရေးနှင့် ကိုက်ညီသည့် ပန်းအလှပင်များ၊ သစ်ပင်များစိုက်ပျိုးရန် လိုကြောင်း၊    ရေရရှိရေးနှင့်    ရပ်ကွက် အလိုက်    သာယာလှပရေးအတွက် လည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ဖြည့်စွက်ဆွေးနွေးပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည်   ယခုကဲ့သို့    တွေ့ဆုံရခြင်းသည်  ပြင်ဦးလွင်ဒေသ     ဖွံ့ဖြိုးတိုးတက်ရေး အတွက်    တာဝန်ရှိသူများအနေဖြင့် မည်ကဲ့သို့    ဆောင်ရွက်သွားရမည်ကို ဆွေးနွေးခြင်းပင်ဖြစ်ကြောင်း၊     ဌာန ဆိုင်ရာ   ဝန်ထမ်းများအနေဖြင့်    မိမိတို့ တာဝန်ထမ်းဆောင်နေရသည့်    မြို့၏ ဖွံ့ဖြိုးတိုးတက်ရေး၊  သာယာလှပရေး အတွက် တတ်နိုင်သည့်ဘက်မှ ကြိုးပမ်း ဆောင်ရွက်ကြရန်လိုပြီး မိမိတို့မြို့၊ မိမိတို့ ဒေသအဖြစ်ခံယူ၍ ဆောင်ရွက်သွားကြရန် လိုကြောင်း မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း မော်တော်ယာဉ် များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏     တင်ပြချက်များ အပေါ် လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်       ပြင်ဦးလွင်မြို့ကို ကျန်းမာရေးမြို့တော်ဖြစ်စေရန် ရည်ရွယ် ၍ ပုဂ္ဂလိက ဆေးရုံများ တည်ဆောက်ရန် လျာထားသည့်မြေနေရာများကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး  တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်    အဖွဲ့ဝင်များသည်    ပြင်ဦးလွင်မြို့၊  အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး သို့ ရောက်ရှိကြရာ ဆေးရုံအုပ် ဒေါက်တာ သိန်းထွန်း နှင့်   ကျန်းမာရေးဝန်ထမ်းများ က ကြိုဆိုနှုတ်ဆက်ကြသည်။ဆက်လက်  ၍   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဧပြီ ၁၄ ရက်   ညပိုင်းတွင်   အကြမ်းဖက် သောင်းကျန်းသူများ၏ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့်      ထိခိုက် ပျက်စီးခဲ့ရသည့်     အရိုးအကြောကုသ ဆောင်ပြင်ဆင်ထားရှိမှုနှင့် အဆိုပါကုသ ဆောင်တွင် တက်ရောက်ဆေးကုသမှုခံယူ လျက်ရှိသည့်    ဒေသခံပြည်သူများ၏ ကျန်းမာရေးအခြေအနေများကို  တစ်ဦး ချင်း   ရင်းရင်းနှီးနှီး   မေးမြန်းအားပေး စကားပြောကြားကာ  ထောက်ပံ့ပစ္စည်း များ ပေးအပ်ခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ် သည် ဆေးရုံအတွင်းလှည့်လည်၍ လူနာ ဆောင်များနှင့် လူနာခန်းများ ပြင်ဆင် ထားရှိမှု   အခြေအနေများကို   လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး  သန့်ရှင်းသပ်ရပ်မှု ရှိစေရေးနှင့် စက်ပစ္စည်းကိရိယာများကို  ကောင်းမွန်မှုရှိစေရေး    အလေးထား ဆောင်ရွက်သွားရန်နှင့်     အခြားလိုအပ် သည်များကို မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။                          သတင်းစဉ်