စာပေဗိမာန်စာကြည့်တိုက်တွင် လာရောက်ဖတ်ရှုကြသည့် ပြည်သူများအပြင် ကျောင်းသား၊ ကျောင်းသူများ ပိုမိုလာရောက်ဖတ်ရှုနိုင်ရန် စာဖတ်ရှိန်မြှင့်တင်မှုကဏ္ဍတစ်ရပ်အဖြစ် ဆောင်ရွက်သွားရမည်

 

ရန်ကုန်   မေ   ၃၀
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည်  ယနေ့ မွန်းလွဲပိုင်းတွင်  ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ကုန်သည် လမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန  စာပေဗိမာန်စာကြည့်တိုက်နှင့် စာပေဗိမာန်စာအုပ်ဆိုင်တို့ကို   ကြည့်ရှုစစ်ဆေးပြီး  အရာထမ်းများနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ      စာပေဗိမာန် စာကြည့်တိုက်တွင်    ပြည်သူများ စာအုပ်စာပေဖတ်ရှုနေမှုကို ကြည့်ရှု ပြီး  စာပေဗိမာန်စာအုပ်အရောင်း ဆိုင်တွင်      စာအုပ်အမျိုးအစား ပေါင်း   ၁၁၆   မျိုး၊   စာအုပ်ပေါင်း   ၄၇၀၀၀  ရောင်းချနေမှုနှင့် စာပေ ချစ်ပြည်သူများ     စာအုပ်စာပေ လေ့လာဝယ်ယူနေမှုတို့ကို ကြည့်ရှု အားပေးသည်။
ထို့နောက်     စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ အရာထမ်း များနှင့်  တွေ့ဆုံသည်။
တွေ့ဆုံစဉ်     ပြည်ထောင်စု ဝန်ကြီးက စာအုပ်စာပေယဉ်ကျေးမှု သည်   နိုင်ငံအတွက်   အရေးပါပြီး စာပေမြင့်မှ  လူမျိုးတင့်မည်ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က စာပေကို     လေးစားမြတ်နိုးပြီး စာပေပညာရှင်များကို     အထူး တန်ဖိုးထား  အားပေးလျက်ရှိကာ  စာပေကဏ္ဍ        ဖွံ့ဖြိုးရေးတွင် တစိုက်မတ်မတ် ပံ့ပိုးဆောင်ရွက် ပေးလျက်ရှိပါကြောင်း။
စာပေဗိမာန်  စာကြည့်တိုက် တွင်   လာရောက်ဖတ်ရှုကြသည့် ပြည်သူများအပြင်  ကျောင်းသား၊ ကျောင်းသူများ    ပိုမိုလာရောက် ဖတ်ရှုနိုင်ရန် စာဖတ်ရှိန်မြှင့်တင်မှု ကဏ္ဍတစ်ရပ်အဖြစ် ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊     ခေတ် စနစ်နှင့်ကိုက်ညီသည့် စာဖတ်ရှိန် မြင့်မားရေး  လုပ်ငန်းစဉ်တစ်ရပ်ကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လူငယ်များ    စာပေပိုမိုဖတ်ရှုကြရန် အတွက်    စာဖတ်ရှိန်မြှင့်တင်ရေး ကို အမြဲမပြတ် ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။
စာပေပညာရှင်များ၊  ပြည်သူ များ    လာရောက်လေ့လာနိုင်မည့် နေရာတစ်ခု၊    စာပေဆွေးနွေးပွဲ များနှင့် စာပေချစ်သူများ အေးချမ်း စွာ နားခိုပြီး  စာပေဖတ်ရှုနိုင်မည့် နေရာတစ်ခုအဖြစ်   အပြင်ကျောင်း သား  ကျောင်းသူ လူငယ် လူရွယ် များ လာရောက်လေ့လာအပန်းဖြေ နိုင်သည့် နေရာတစ်ခုအဖြစ် စာဆို ဗိမာန်       တည်ဆောက်ရေးကို ဆောင်ရွက်လျက်ရှိပြီး    မကြာမီ အကောင်အထည်    ပေါ်လာမည် ဖြစ်ပါကြောင်း၊      မိမိတို့ဌာန၏ အရာထမ်း၊   အမှုထမ်းများအနေ ဖြင့်   မိမိတို့၏   စွမ်းဆောင်ရည် ကိုမြှင့်တင်ပြီး     ဌာန၏လုပ်ငန်း များ   ပိုမိုအောင်မြင်ရေးအတွက် ကြိုးပမ်း    ဆောင်ရွက်သွားကြရ မည်ဖြစ်ပါကြောင်း    ပြောကြား သည်။
ဆက်လက်၍  စာပေဗိမာန်ရှိ ဌာနစိတ်တာဝန်ခံများက လုပ်ငန်း ပိုင်းဆိုင်ရာများကို       ရှင်းလင်း တင်ပြကြရာ      ပြည်ထောင်စု ဝန်ကြီးက    လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေး ခဲ့သည်။  
သတင်းစဉ်