
နေပြည်တော် မေ ၃၀
စက်မှုဝန်ကြီးဌာန ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားမည့် ဝန်ထမ်းများ ၏ သားသမီး ကျောင်းသား ကျောင်းသူများ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင် များ ထောက်ပံ့ပေးအပ်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀)အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အခမ်းအနားသို့ စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယ ဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အထွေ ထွေမန်နေဂျာများနှင့် တာဝန်ရှိ သူများ၊ ဝန်ထမ်းသားသမီး ကျောင်းသား ကျောင်းသူများ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနတွင် တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများ အနက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တွင် တက်ရောက်ပညာသင် ကြားမည့် ဝန်ထမ်း သားသမီး ကျောင်းသား ကျောင်းသူ ၆၂၄ ဦး ရှိကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် နိုင်ငံ တော်အပေါ် သစ္စာစောင့်သိလျက် ထူးချွန်ထက်မြက်ပြီး တိုင်းပြည် မှ အားကိုးလေးစားပြုရမည့် သားကောင်း၊ သမီးကောင်း ရတနာ များဖြစ်အောင် ကြိုးစားအားထုတ် သွားကြရန် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားမည့် ဝန်ထမ်းများ၏ သားသမီး ကျောင်းသား ကျောင်းသူများကို ကျောင်းဝတ်စုံ၊ စာရေးကိရိယာ များ ထောက်ပံ့ပေးအပ်ရာ ဝန်ထမ်းများ၏ သားသမီး ကျောင်းသား ကျောင်းသူ ကိုယ်စား လှယ်များက လက်ခံရယူပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြား ခဲ့ကြောင်း သိရသည်။ သတင်းစဉ်