
ဆီရမ်ရိ မေ ၃၀
(၂၅) ကြိမ်မြောက် အာဆီယံ ပြန်ကြားရေး ဆပ်ကော်မတီ အစည်းအဝေး (25th ASEAN Sub-Committee Meeting on Information) ကို မေ ၂၉ ရက်မှ ၃၀ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့ရှိ Sokhalay Angkor Resort Hotel ၌ ကျင်းပရာ မြန်မာ နိုင်ငံ - အာဆီယံ ပြန်ကြားရေး ဆပ်ကော်မတီဥက္ကဋ္ဌ၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ညွှန်ကြားရေးမှူး ချုပ် ဦးရဲနိုင် ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ တက်ရောက် သည်။
အဆိုပါ အစည်းအဝေးသို့ အာဆီယံ ပြန်ကြားရေးဆပ် ကော်မတီ (SCI) အလှည့်ကျ သဘာပတိနှင့် ကမ္ဘောဒီးယား-ပြန်ကြားရေး ဆပ်ကော်မတီဥက္ကဋ္ဌ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် H.E. Dr. Sles Alfin နှင့် တာဝန် ရှိသူများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ များမှ ပြန်ကြားရေးကဏ္ဍဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် အဆင့်ရှိ တာဝန်ရှိသူများနှင့် ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်သူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အာဆီယံ ပြန်ကြားရေး ကဏ္ဍဆိုင်ရာ ရှေ့လုပ်ငန်းစဉ် များအတွက် အာဆီယံယဉ်ကျေးမှု ရန်ပုံငွေ ဘတ်ဂျက်လျာထားခြင်း၊ အာဆီယံ နှင့် ဆွေးနွေးဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သည့် စီမံ ကိန်းများ၊ ပြန်ကြားရေးကဏ္ဍ ဆိုင်ရာ စီမံကိန်းများနှင့် စပ်လျဉ်း သည့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း များအား ဆွေးနွေးညှိနှိုင်းခြင်း၊ အဆိုပြုစီမံကိန်းအသစ်များအား ဆောင်ရွက်လိုသည့် နိုင်ငံများ အလိုက် ရှင်းလင်းတင်ပြဆွေးနွေး ခြင်းများ ဆောင်ရွက်ကြသည်။
ထိုသို့ဆွေးနွေးစဉ် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားက Project Proponent အဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိ သည့် “Documentary Production on Sustainable ASEAN MSMEs” စီမံကိန်းအပေါ် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံလုံး၏ ဆောင်ရွက်ပြီးစီး မှု အခြေအနေများကိုလည်း ကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ တာဝန်ယူဆောင်ရွက် သည့်“VIVID ASEAN” စီမံကိန်းနှင့် မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ တာဝန်ယူဆောင်ရွက်သည့် “Workshop on Mastering Government Communication: Empowering Spokespersons for Effective Public Engagement” စီမံကိန်းများ အာဆီယံအမြဲတမ်း ကိုယ်စားလှယ်များ ကော်မတီ (CPR) ၏ အတည်ပြုချက်ရရှိခဲ့မှု နှင့် လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေမှု၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ပူးပေါင်း ပါဝင် ဆောင်ရွက်လျက်ရှိသည့် “Promotion of ASEAN Value and Identity in All AMS” စီမံကိန်း အပေါ် မြန်မာနိုင်ငံမှ ဆောင်ရွက် ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြ ဆွေးနွေးသည်။
အာဆီယံ ပြန်ကြားရေး ဆပ်ကော်မတီအစည်းအဝေးများ ကို အာဆီယံဒေသတွင်း သတင်း ပြန်ကြားရေးဆိုင်ရာ လုပ်ငန်းများ မှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှုတိုးပွား ခိုင်မာလာစေရေး၊ အာဆီယံ စီမံကိန်းများ အကောင်အထည် ဖော် ဆောင်ရွက်ရေးတို့အတွက် အဓိက ရည်ရွယ်ကျင်းပခြင်း ဖြစ်ပြီး ယင်းအစည်းအဝေးများကို အာဆီယံ အဖွဲ့ဝင်နိုင်ငံများက နှစ်စဉ် အလှည့်ကျသဘာပတိ တာဝန်နှင့် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခြင်းဖြစ်ရာ ၂၀၂၅ ခုနှစ် တွင် ကျင်းပမည့် (၂၆) ကြိမ် မြောက် အာဆီယံပြန်ကြားရေး ဆပ်ကော်မတီ အစည်းအဝေး ကို အင်ဒိုနီးရှားနိုင်ငံက အလှည့်ကျ တာဝန်ယူဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်