တနင်္သာရီမြို့နယ် သိန္ဓောကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးသည်ဟု သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်    မေ   ၃၀
တနင်္သာရီမြို့နယ် သိန္ဓောကျေးရွာ ကို    တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နယ်မြေခံတပ်ရင်းဌာနချုပ်မှ လုံခြုံ ရေးတပ်ဖွဲ့ဝင်များက မေ ၂၄ ရက် တွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကြောင့်     ကျေးရွာရှိ    နေအိမ် များ ထိခိုက်ပျက်စီးခဲ့ရကြောင်းနှင့် ဒေသခံပြည်သူများလည်း ထွက် ပြေးတိမ်းရှောင်  နေကြကြောင်း မဟုတ်မမှန်   စွပ်စွဲရေးသားထား သည့်သတင်းတု၊ သတင်းအမှားများ ကို တရားမဝင်ပြည်ဖျက် မီဒီယာ များက အထင်အမြင် လွဲမှားဖွယ် လှုံ့ဆော်ဝါဒ    ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက် ၍ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ     သိန္ဓော ကျေးရွာနှင့်   အနီးဝန်းကျင်တွင် လွန်ခဲ့သည့်  ရက်သတ္တပတ်များက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်း ဖက်သမားများ   ထိတွေ့တိုက်ပွဲ များ     ဖြစ်ပွားခဲ့သည့်အတွက် ကျေးရွာနေပြည်သူများ    စိုးရိမ် ထိတ်လန့်၍ ခေတ္တတိမ်းရှောင်နေကြခြင်းဖြစ်ပြီး တိုက်ပွဲများဖြစ်ပွား ခဲ့ပြီးနောက်ပိုင်းတွင်    လုံခြုံရေး တပ်ဖွဲ့ဝင်များမှ   လက်နက်ကြီး ပစ်ခတ်မှုမရှိကြောင်း သိရှိရသည်။
PDF  အမည်ခံအကြမ်းဖက် သမားများသည်    တိုက်ပွဲများ ဖော်ဆောင်ရာ၌ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာကို ထောက်ထားငဲ့ညာမှုမရှိဘဲ ဒေသခံ ပြည်သူများ၏  နေအိမ်များကို အကာအကွယ်ယူတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့်  ကျေးရွာ များအတွင်းသို့  ပစ်ခတ်ခြင်းများ လုပ်ဆောင်လျက်ရှိပြီး တရားမဝင် ပြည်ဖျက်မီဒီယာများမှတစ်ဆင့် လူမှုကွန်ရက်များပေါ်တွင် တပ် မတော်အပေါ်     အပြစ်ပုံချကာ ပြည်သူများ အထင်အမြင်လွဲမှား စေရန်အတွက်      လှုံ့ဆော်ဝါဒ ဖြန့်ဝေနေခြင်းသာ   ဖြစ်ကြောင်း သတင်းရရှိသည်။        သတင်းစဉ်