
ဘားအံ မေ ၃၁
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေ ၃၁ ရက် နံနက် ၈ နာရီက ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)၌ ကျန်းမာရေးစောင့်ရှောက်မှုခံယူ လျက်ရှိသော ဒေသခံတိုင်းရင်းသားပြည်သူများ ၏ ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှု အခြေအနေများကို သွားရောက်ကြည့်ရှု အားပေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်စွာမြင့်၊ ဆေးရုံအုပ်ကြီး ဒေါက်တာဘရန်အောင်နှင့် ဆေးရုံတွင် တာဝန် ထမ်းဆောင်လျက်ရှိသော အထူးကုဆရာဝန် ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများအား ရင်းနှီးစွာတွေ့ဆုံနှုတ်ဆက်၍ ဆေးကုသမှုခံယူ လျက်ရှိသော ဒေသခံတိုင်းရင်းသားပြည်သူများ အား ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှု အခြေအနေများကို အားပေးစကားများ ပြောကြားပြီး အာဟာရဖြည့်စားသောက်ဖွယ် ရာများ ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဖျားနာဆောင်နှင့်သားဖွားမီးယပ်ဆောင်ကြား၌ လူနာစောင့်များ နားနေဆောင် တစ်ဆောင် ထပ်မံတိုးချဲ့အဆင့်မြှင့်တင်နိုင်ရေးနှင့် ပြည်သူ့ဆေးရုံကြီး တိုးချဲ့လူနာဆောင် တည်ဆောက်ခြင်း အဆိုပြုပုံစံကို ကြည့်ရှု စစ်ဆေးပြီး သက်ဆိုင်ရာဌာန၏ ရှင်းလင်း တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ လိုအပ်သည်များ မှာကြား သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆောက်အဦအထူးအဖွဲ့(၁၃)မှ တာဝန် ယူတည်ဆောက်လျက်ရှိသော ဘားအံပြည်သူ့ ဆေးရုံကြီး (၁၇၇ ပေ x ၃၄ ပေ) RC ခြောက်ခန်း တွဲ လေးထပ်ဝန်ထမ်းအိမ်ရာ အဆောက်အဦ ဆောက်လုပ်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေး ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်ဝန်ထမ်း သား၊ သမီးများအား ပညာ သင်ထောက်ပံ့စရိတ်၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အမှာစကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်အဆင့် ဝန်ထမ်းနှင့်သားသမီး ၃၆ ဦး၊ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ဝန်ထမ်းသား သမီး ၁၀၉ ဦးအတွက် စုစုပေါင်းငွေကျပ် ၅၆၆၀၀၀၀ တန်ဖိုးရှိ ပညာသင်ထောက်ပံ့ငွေ၊ ကျောင်းဝတ်စုံနှင့်ကျောင်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)