
နေပြည်တော် မေ ၃၁
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဝန်ထမ်းသက်သာ ချောင်ချိရေး ကော်မတီမှ ၂၀၂၄-၂၀၂၅ ပညာ သင်နှစ်အတွက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဦးစီးဌာနများနှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ စာရင်းစစ်ရုံးများရှိ ဝန်ထမ်း သား သမီးများအား ပညာသင်ထောက်ပံ့ ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ဒုတိယ စာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ တာဝန်ရှိသူများ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ကြိုးစားသင်ယူ
အခမ်းအနားတွင် ဒုတိယ စာရင်းစစ်ချုပ်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလ တန်း ၊ အလယ်တန်း ၊ အထက် တန်းနှင့် တက္ကသိုလ်အသီးသီးသို့ တက်ရောက်ပညာသင်ကြားကြ မည့် ဝန်ထမ်းသားသမီးများ၏ ပညာသင်စရိတ်များ အထိုက် အလျောက် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ ထောက်ပံ့ရခြင်း ဖြစ်ပါကြောင်း၊ လူငယ်နှင့်ပညာရေးသည် နိုင်ငံ၏ အနာဂတ်ဖြစ်သည့်အတွက် ပညာ တတ်လူငယ်များ ဖြစ်ပေါ်လာစေ ရန် ကျောင်းနေအရွယ်ကလေး တိုင်း ပညာသင်ကြားနိုင်ရေးသည် လွန်စွာ အရေးကြီးပါကြောင်း၊ ယနေ့ လူငယ်ကျောင်းသားများ သည် အနာဂတ်တွင် တိုင်းပြည် တာဝန်ကို ပခုံးပြောင်းတာဝန်ယူ ကြရမည့် မျိုးဆက်သစ်များဖြစ်ရာ အသိပညာပြည့်စုံ၍ အဆိုး အကောင်းကို ဝေဖန်ပိုင်းခြားနိုင် ပြီး အကျင့်စာရိတ္တနှင့် စည်းကမ်း ကောင်းမွန်သည့် ခေါင်းဆောင် ကောင်းများ ဖြစ်စေရန် ပညာကို အပတ်တကုတ် ကြိုးစားသင် ယူကြစေလိုပါကြောင်း တိုက်တွန်း ပြောကြားသည်။
ထို့နောက် ဒုတိယစာရင်း စစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူး ချုပ်များက ကျောင်းသား ကျောင်းသူ၊ သား ငယ်၊ သမီးငယ်များကို ပညာသင် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး စီမံ ရေးရာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ်က ကျောင်းသားမိဘ များကိုယ်စား ကျေးဇူး တင်စကား ပြန်လည်ပြောကြားသည်။
ထောက်ပံ့ပေးအပ်
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တွင် ပညာသင်ကြားမည့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဦးစီးဌာနများနှင့် ပြည်ထောင်စု နယ်မြေအတွင်းရှိ စာရင်းစစ်ရုံး များမှ ဝန်ထမ်းသားသမီးများဖြစ် သည့် တက္ကသိုလ်တက်ရောက်သူ ၁၅ ဦး၊ အထက်တန်းတက်ရောက် သူ ၂၄ ဦး၊ အလယ်တန်း တက် ရောက်သူ ၄၁ ဦး၊ မူလတန်း တက်ရောက်သူ ၈၅ ဦး စုစုပေါင်း ၁၆၅ ဦးအတွက် ပညာသင် ထောက်ပံ့ငွေကျပ် ၃၁၄၅၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။ သတင်းစဉ်