နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းကိစ္စ Online Appointment ကြိုတင်ရယူသည့် စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်သွားမည်ဟု ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးကြေညာ

 

ရန်ကုန်   မေ   ၃၁ 
ဇူလိုင်   ၂၂  ရက်မှစ၍   နိုင်ငံကူး လက်မှတ်သက်တမ်းတိုးခြင်းကိစ္စ ကို သံရုံးသို့ လူကိုယ်တိုင်လာရောက် ကြိုတင်ရက်ချိန်းယူသည့် Booking စနစ်မှ   Online  Appointment စနစ်သို့ ပြောင်းလဲဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မေ ၃၁ ရက် တွင် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးကြေညာ ထားသည်။
မြန်မာသံရုံးအနေဖြင့် ကိုရီးယား သမ္မတ နိုင်ငံတွင်  ရောက်ရှိနေကြ သည့်      မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားနှင့်       ကောင်စစ် ဆိုင်ရာကိစ္စရပ်များကို        ဥပဒေ စည်းမျဉ်းစည်းကမ်းများ၊  လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက် ပေးလျက်ရှိရာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်ထားမှုများ နှင့် ကောင်စစ်ဆိုင်ရာကိစ္စရပ်များ ကို   နေ့စဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း  သံရုံးက အသိပေးထား သည်။
လက်ရှိတွင် မြန်မာနိုင်ငံသား များအနေဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကိစ္စဆောင်ရွက် နိုင်ရန်အတွက်      မြန်မာသံရုံးသို့ လူကိုယ်တိုင်လာရောက်၍ ကြိုတင် ရက်ချိန်းယူသည့် Booking စနစ် ဖြင့်  ဆောင်ရွက်လျက်ရှိရာ အချို့ ရက်များတွင် သံရုံးသို့ လာရောက် သူအရေအတွက်သည်     လွန်စွာ များပြားလျက်ရှိပြီး      ကောင်စစ် ဆိုင်ရာ အဆောက်အအုံ၌  လက်ခံ နိုင်သည့်လူဦးရေထက်     များစွာ ကျော်လွန်နေသည့်အတွက်   လာ ရောက်ကြသည့် မြန်မာနိုင်ငံသား များအနေဖြင့် အချိန်ပေးစောင့်ဆိုင်း ရမှုများရှိလာကြောင်းလည်း သံရုံး ၏ထုတ်ပြန်ချက်၌ ပါရှိသည်။
ယနေ့အထိ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း      ဆောင်ရွက် ရန်အတွက်  လူကိုယ်တိုင်ရက်ချိန်း ယူသည့်စနစ်ဖြင့်   ၂၀၂၄  ခုနှစ်  ဇူလိုင် ၁၈ ရက်အထိ ရက်ချိန်းပေး ထားပြီးဖြစ်ကာ     ယခုအခါတွင် မြန်မာနိုင်ငံသားများအား     ပိုမို ထိရောက်ကောင်းမွန်စွာ  ဝန်ဆောင် မှုပေးနိုင်ရန်နှင့်    နိုင်ငံသားများ မြန်မာသံရုံးသို့ လာရောက်ရသည့် အခက်အခဲများကို လျော့ပါးစေရန် ရည်ရွယ်ကာ ၂၀၂၄ ခုနှစ်  ဇူလိုင် ၂၂ ရက်မှစ၍  နိုင်ငံကူးလက်မှတ်    သက်တမ်းတိုးခြင်းကိစ္စကို  သံရုံး သို့   လူကိုယ်တိုင်   လာရောက် ကြိုတင်ရက်ချိန်းယူသည့်  Booking စနစ်မှ  Online Appointment စနစ်သို့ ပြောင်းလဲဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း   အသိပေး ကြေညာထားသည်။
ကိုရီးယားသမ္မတ     နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား များအနေဖြင့်  မေ ၃၁ ရက်မှစ၍ မြန်မာသံရုံးသို့       လာရောက် လျှောက်ထားလိုသည့်     နေ့ရက် အတွက်  Online Appointment ကို https://myanmarembassy-seoul.setmore.com/myanmar (သို့မဟုတ်)QR Code မှတစ်ဆင့် စတင်၍    ရက်ချိန်းရယူနိုင်ပြီဖြစ် ကြောင်းနှင့်     အခြားကောင်စစ် ရေးရာ       ကိစ္စရပ်များဖြစ်သည့် ထောက်ခံစာ     လျှောက်ထားခြင်း ကိစ္စများအတွက် ယခင်သတ်မှတ် ထားသည့်အတိုင်း     အပတ်စဉ် အင်္ဂါနေ့နှင့်    ကြာသပတေးနေ့ မွန်းလွဲ    ၂   နာရီတွင်     သံရုံး၌ ဆက်လက်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပါရှိသည်။
နိုင်ငံကူးလက်မှတ်သက်တမ်း တိုးခြင်းနှင့်စပ်လျဉ်း၍    လိုအပ် သည့် စာရွက်စာတမ်းများ၊ အခြား သိရှိလိုသည့် အကြောင်းအရာများ ကို     မြန်မာသံရုံး၏     Website ဖြစ်သည့် https://meseoul.org  တွင်   ဝင်ရောက်လေ့လာကြည့်ရှု နိုင်ပါကြောင်းလည်း      အသိပေး ဖော်ပြထားသည်။      Online Appointment     ပြုလုပ်ရန် အတွက် https://myanmarem-bassyseoul.  setmore. com/myanmar  (သို့) QR Code  အား Scan  ဖတ်ခြင်းဖြင့် ဝင်ရောက် လျှောက်ထားရမည်    ဖြစ်ပြီး လျှောက်ထားသူများ    အနေဖြင့် တစ်ဦးလျှင် တစ်ကြိမ်နှင့်အထက် လျှောက်ထားလာပါက  ရက်ချိန်း များကို  လက်ခံစဉ်းစားပေးမည် မဟုတ်ကြောင်း    အသိပေးထား သည်။                    MT