
ရန်ကုန် မေ ၃၁
မလေးရှားနိုင်ငံတွင် တရားမဝင်အလုပ်သမားများကို ဖမ်းဆီးမှုများပြား နေသည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းလည်း ရှားပါးနေသော ကြောင့် တရားမဝင် မလာရောက်ကြရန် မလေးရှားရောက် မြန်မာ အလုပ်သမားအရေး ဆောင်ရွက်သူတစ်ဦးက အကြံပြုပြောကြားသည်။
မလေးရှားအစိုးရက နိုင်ငံခြားသား အလုပ်သမားခေါ်ယူခွင့် ခွင့်ပြု ချက် KSM Approval ချထားပေးမှုများကို ၂၀၂၃ ခုနှစ် မတ်လမှ စတင် ရပ်ဆိုင်းထားကာ လက်ရှိတွင် တရားမဝင် အလုပ်သမားများကို ဖမ်းဆီး မှုမြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။
“လက်ရှိက အဖမ်းအဆီးတွေများတော့ တရားမဝင် မလာစေချင် ဘူး။ တရားဝင်လာဖို့ကလည်း ပိတ်ထားတယ်ဆိုတော့ ပွင့်မှ တရားဝင် လာစေချင်တယ်။ ဒီဘက်မှာက အလုပ်အကိုင်လည်း ရှားတယ်။ တချို့ တရားမဝင်အလုပ်သမားတွေက အလုပ်အကိုင်ရှားပါးတော့ တရားမဝင် တဲ့နေရာတွေမှာ လုပ်နေကြတာတွေရှိနေတယ်။ ဒါကလည်း အန္တရာယ် များတယ်” ဟု ၎င်းက တိုက်တွန်းပြောကြားသည်။
မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ တရားမဝင် လာရောက်ကြသူများ မှာ အလုပ်ချိတ်ဆက်ထားခြင်းမရှိဘဲ မလေးရှားနိုင်ငံသို့ရောက်မှသာ အလုပ်ရှာခြင်းမျိုးဖြစ်နေသည့်အတွက် ပေးဆပ်ထားရသည့် အရင်းအနှီး နှင့် မတန်ခြင်းမျိုးလည်းရှိကြောင်း သိရသည်။
“မလေးရှားနိုင်ငံထဲကို သက်စွန့်ဆံဖျား တရားမဝင် ဝင်တယ်။ ဒီအတွက်လည်း ခေါ်တဲ့ပွဲစားကို ပိုက်ဆံတွေ အများကြီးပေးထား တယ်။ ပြီးတော့ ဒီကျတော့ အလုပ်က မရ၊ ပေးရတာကလည်း သိန်းဆယ်ချီလေ။ အဲဒီတော့ ဒီမှာပဲရတဲ့အလုပ်လုပ်ပြီးတော့ တွယ်ကပ် နေရင်း ဒုက္ခရောက်ကြရတယ်” ဟု ၎င်းက ရှင်းပြသည်။ Thuta Kyaw