ကလေးမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူလေးဦး သေဆုံးပြီး ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မဟုတ်မမှန်သတင်းမှားများ ဖြန့်ဝေလျက်ရှိ

 

နေပြည်တော်  မေ  ၃၁
စစ်ကိုင်းတိုင်းဒေသကြီး       ကလေးမြို့နယ် အတွင်း  နယ်မြေလုံခြုံရေးဆောင်ရွက်နေ သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မေ  ၂၉  ရက် က လက်နက်ကြီးပစ်ခတ်မှုကြောင့်  တင်သား ကျေးရွာအတွင်း      ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူလေးဦး   သေဆုံးကာ    ခုနစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု           မဟုတ်မမှန်စွပ်စွဲ ရေးသားထားသည့် သတင်းတု၊ သတင်းအမှား များကို     တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများ         အထင်အမြင်လွဲမှားစေရန် လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
တရားမဝင်   ပြည်ဖျက်မီဒီယာများသည် အများပြည်သူ ကြောက်ရွံ့ထိတ်လန့်စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ်   အထင်အမြင် လွဲမှားစေရန်အတွက်       ဖြစ်စဉ်ဖြစ်ရပ်များ အပေါ်အခြေခံကာ လုပ်ကြံရေးသားထားသည့် သတင်းတု၊  သတင်းအမှားများကို    ရည်ရွယ် ချက်ရှိရှိ  လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိရာ ယခု ဖြစ်စဉ်မှာလည်း  ၎င်းကျေးရွာအနီး   နယ်မြေ လုံခြုံရေးဆောင်ရွက်ရန်     ရောက်ရှိနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို       ပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေရန်အတွက် မဟုတ် မမှန်    လုပ်ကြံရေးသားထားခြင်းသာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက          လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း     လုံခြုံရေးတာဝန် ရှိသူတစ်ဦး၏    ပြောကြားချက်အရ     သိရ သည်။                                     
 သတင်းစဉ်