ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ချက်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

Image not available

ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ချက်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ
===================================
နေပြည်တော် ဖေဖော်ဝါရီ ၁၀

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စစ် ဟာနားမောတိုးလ်ဗားအား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဖွံ့ဖြိုးမှုအကူအညီပေးရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စ၊ ဘဏ္ဍာရေးနှင့် အခွန် အကောက်ဆိုင်ရာကိစ္စ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအား ပုဂ္ဂလိကသို့ လွှဲပြောင်းပေးရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ် များနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်