
ရန်ကုန် ဇွန် ၁
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပ တွင် ရောက်ရှိနေသည့် အမိနိုင်ငံ သားများ အခက်အခဲကြုံတွေ့ နေရပါက နိုင်ငံသားများအပေါ် အလေးအနက် တန်ဖိုးထားသည့် အနေဖြင့် မည်သို့သော အခြေ အနေတွင် တွေ့ကြုံရသည့်တိုင် မြန်မာသံရုံးနှင့် သက်ဆိုင်ရာ သံရုံးများချိတ်ဆက်ပြီး အမိ နိုင်ငံသားများ မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်ရန် ဆောင် ရွက် ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက် ရှိရာ ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့တွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ တစ်ဦးအား အမိနိုင်ငံသို့ အမြန် ဆုံး ပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာသံရုံးအနေဖြင့် ရီရတ်ဒ်မြို့ရှိ အာဏာပိုင်များနှင့် ညှိနှိုင်း၍ နိုင်ငံတော်မှ ပြန်လည်ခေါ်ဆောင် နိုင်ခဲ့ရာ မြန်မာနိုင်ငံသူ မချစ်စနိုး သည် ဇွန် ၁ ရက်တွင် ဆော်ဒီ အာရေဗျနိုင်ငံ ရီရတ်ဒ်မြို့မှ ဒေသစံတော်ချိန် နံနက် ၃ နာရီ ၅၅ မိနစ်တွင် လေကြောင်းခရီး စဉ်ဖြင့် ထွက်ခွာခဲ့ရာ ဒူဘိုင်းမြို့နှင့် ဘန်ကောက်မြို့တို့မှ တစ်ဆင့် ရန်ကုန်မြို့သို့ ယနေ့ည ၉ နာရီ မိနစ် ၄၀ တွင် ရောက်ရှိခဲ့သည်။
မြန်မာနိုင်ငံသူ မချစ်စနိုးသည် မြန်မာနိုင်ငံမှ ဒူဘိုင်းမြို့သို့ ရောက်ရှိခဲ့ရာ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီရုံးမှတစ်ဆင့် ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ် မြို့တွင် အလုပ်လုပ်ကိုင်စဉ် အဆင် မပြေမှုကြောင့် မြန်မာသံရုံးသို့ ရောက်ရှိခဲ့သည်။ မြန်မာသံရုံးမှ မချစ်စနိုးအား နေရာထိုင်ခင်း၊ အစားအသောက်နှင့် လိုအပ်သော ကူညီမှုများကို စီစဉ်ဆောင်ရွက် ပေးခဲ့ပြီး အမိနိုင်ငံသို့ အမြန်ဆုံး ပြန်လည် ပို့ဆောင်နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ရာ ပြန် လည်ထွက်ခွာခွင့် (Exit Permit)ရရှိခဲ့၍ ယနေ့ညပိုင်းတွင် ရန်ကုန် မြို့သို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိခဲ့သည်။
ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ် မြို့တွင် အခက်အခဲကြုံတွေ့ခဲ့ရမှု နှင့်စပ်လျဉ်း၍ မချစ်စနိုးက “ကျွန်မ က အသက် ၂၁ နှစ်ရှိပါပြီ စစ်ကိုင်း တိုင်းဒေသကြီး ကသာမြို့မှာ နေပါတယ်။ ရီရတ်ဒ်မှာ အလုပ် လုပ်တာတစ်ရက်မှာ ၄ နာရီ မနား ရပါဘူး၊၊ မိသားစုများတဲ့အတွက် တော်တော်ပင်ပန်းတယ်၊၊ အိပ်ချိန် နည်းလာတော့ မူးမော်ပြီး အမြဲ တမ်း စိတ်မကြည်ခံစားရတယ်။ အလုပ်မလုပ်နိုင်တော့ အပြင်ကို ထွက်တဲ့အခါ ရဲစခန်းကို ရောက် သွားပြီး သံရုံးကိုအကြောင်းကြား ပေးတာကြောင့် သံရုံးက လာခေါ် ပြီး နေစရာ၊ စားစရာတွေစီစဉ် ပေးခဲ့ပါတယ်။ အခုလို အစစအရာ ရာ ကူညီဖေးမပေးတဲ့ နိုင်ငံတော် အကြီးအကဲနဲ့ သံအမတ်ကြီးတို့ ကို အထူးပဲကျေးဇူးတင်ပါတယ်။ ဒီနေရာကနေ ကန်တော့ပါတယ်။ ပြောမပြတတ်အောင် အထူး ကျေးဇူးတင်ပါတယ်”ဟု ပြန်လည် ပြောကြားသည်။
နိုင်ငံတော်အစိုးရ တာဝန် ယူစဉ်ကာလတွင် ပြည်ပ၌ အလုပ် လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ ရသည့် မြန်မာနိုင်ငံသားများကို မြန်မာသံရုံးမှ ညှိနှိုင်းကူညီ ဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်နိုင်ခဲ့ကြပြီး ယခုလို အမိနိုင်ငံသူတစ်ဦး အတိ ဒုက္ခကြုံတွေ့နေရစဉ် ကူညီ ကယ်တင်ပေးမှုအား အလုပ် သမားနှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရနှင့် မြန်မာ သံရုံးတို့အား လှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။ ညိမ်းသူ(သတင်းစဉ်)