
ရန်ကုန် ဇွန် ၁
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဘောလုံးကွင်းနှင့် အခြေခံ အဆောက်အအုံဆိုင်ရာ ကော်မတီ (Infrastructure Committee)၊ ဘောလုံးပြိုင်ပွဲ ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီ(Organizing Committee)၊ လူငယ်ဘောလုံး ပြိုင်ပွဲကျင်းပရေး ကော်မတီ (Youth Competitions Commi-ttee) အစည်းအဝေးများကို ဇွန် ၁ ရက်က Novotel Yangon Max ၌ သီးခြားစီ ကျင်းပသည်။
အစည်းအဝေးများသို့ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယဥက္ကဋ္ဌ ဦးထိပ် ခွန်နောင်မြင့်ဝေ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ ဘဏ္ဍာရေး မှူး ဦးသန်းဇော်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင်နှင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းသိန်း၊ အဖွဲ့ချုပ် အမှုဆောင်များ ဖြစ်ကြသည့် ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ဦးဝင်းသော်၊ ဦးလှကျော်ဝင်း၊ ဦးသီဟစည်သူ၊ ဦးစိုးမြတ်မင်း၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ခေတ္တအထွေထွေ အတွင်းရေးမှူး ဦးထွန်းထွန်းအောင်၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးစည်သူဝင်း၊ သက်ဆိုင်ရာ ကော်မတီဝင်များနှင့် တာဝန်ရှိသူ များ တက်ရောက်သည်။
အစည်းအဝေးတွင် အခြေခံ အဆောက်အအုံဆိုင်ရာ လုပ်ငန်း များဖြစ်သည့် မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဘောလုံး အကယ်ဒမီ တည်ဆောက်ရေးနှင့် ကစားကွင်းများ အဆင့်မြှင့်တင် ရေးကိစ္စများ၊ ဖူဆယ်လေ့ကျင့်ရေး ကွင်းများ တည်ဆောက်ရေး၊ လူငယ်ပြိုင်ပွဲကျင်းပရေးဆိုင်ရာ လုပ်ငန်းများဖြစ်သည့် လူငယ် ဘောလုံးပြိုင်ပွဲများ အသက် မှန်ကန်စွာကျင်းပနိုင်ရေး၊ အမျိုး သမီး ယူ-၁၅ လိဂ်ပြိုင်ပွဲ ကျင်းပ ရေး၊ အမျိုးသား ယူ-၁၅နှင့် ယူ-၁၇ ပြိုင်ပွဲများ ပိုမိုကောင်းမွန်စွာ ကျင်းပနိုင်ရေး၊ International School ဘောလုံးပြိုင်ပွဲများကို လူငယ်ဘောလုံး ပြိုင်ပွဲများနှင့် ချိတ်ဆက်ကျင်းပနိုင်ရေး၊ ဘောလုံး ပြိုင်ပွဲများ ကျင်းပရာတွင် အားကစားဝန်ကြီးဌာနက ကျင်းပ နေသည့် ပြိုင်ပွဲများ၊ အာဆီယံ၊ အာရှပြိုင်ပွဲ Calendar များအား ကြည့်၍ ဆောင်ရွက်သွားရေး၊ အိမ်ရှင်အဖြစ်ကျင်းပမည့် ဂျပန် အသင်းနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အတွက် အကောင်းဆုံး ပြင်ဆင် ထားရှိရေး၊ မြန်မာ့လက်ရွေးစင် အသင်းကစားရမည့် နိုင်ငံတကာ ပြိုင်ပွဲများ၊ အမျိုးသား ယူ-၁၆ နှင့် ယူ-၁၉ အသင်းများ ယှဉ်ပြိုင်ရမည့် အာဆီယံပြိုင်ပွဲများတွင် အောင်မြင် မှုရရှိရေး စသည့်ကဏ္ဍများကို ကော်မတီအလိုက် ဆွေးနွေးကြ သည်။ ကိုညီလေး၊ ဓာတ်ပုံ-MFF