ရန်ကုန် - မော်လမြိုင် ရထားလမ်းပိုင်းအတွင်း သထုံမြို့နယ် သိမ်ဆိပ်နှင့် ဒုံဝန်းဘူတာအကြား ရထားလမ်းပေါ်၌ ပလတ်စတစ်ပုံးနှင့်ထည့်၍မြှုပ်ထားသော ဒေသန္တရလက်လုပ်မိုင်းတွေ့ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူအန္တရာယ်မဖြစ်စေရေး သက်မဲ့ပြုလုပ်သိမ်းဆည်း

 

နေပြည်တော်   ဇွန်   ၄ 
ရန်ကုန် -  မော်လမြိုင်   ရထားလမ်းပိုင်းအတွင်း    သိမ်ဆိပ်နှင့် ဒုံဝန်းအကြား မိုင်တိုင်အမှတ်(၁၂၂/ ၁၄) ၌   ရထားလမ်းပေါ်၌ ယနေ့  မွန်းလွဲ ၁၂ နာရီခွဲတွင် ပလတ်စတစ်ပုံးနှင့်ထည့်၍  မြှုပ်ထားသော ဒေသန္တရ           လက်လုပ်မိုင်းအား    တာဝန်ကျဝန်ထမ်းတစ်ဦးက တွေ့ရှိသဖြင့်    သက်ဆိုင်ရာ     လုံခြုံရေးတပ်ဖွဲ့ထံ သတင်းပို့ခဲ့သည်။
မိုင်းဖြစ်စဉ်ဖြစ်ပွားရာနေရာသို့   နယ်မြေဒေသ တာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက  မွန်းလွဲ   ၂  နာရီ ၅  မိနစ်တွင်    ရောက်ရှိလာပြီး  အဆိုပါမိုင်းအား ရှင်းလင်းခဲ့ရာ    သိမ်ဆိပ် - ဒုံဝန်း လမ်းပိုင်းအား    ညနေ   ၄    နာရီ ၁၀   မိနစ်တွင်   အဆိုပါလမ်းပိုင်း အား ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
အဆိုပါ          ဖြစ်စဉ်ကြောင့် ရန်ကုန်- မော်လမြိုင် လမ်းပိုင်းရှိ အမှတ်(၈၁)  အဆန်လူစီးအမြန် ရထားသည်       နှင်းပုလဲဘူတာသို့ မွန်းလွဲ   ၁  နာရီ     ၁၀  မိနစ်တွင် ရောက်ရှိရပ်တန့်ခဲ့ရပြီး      မိုင်း ရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက် ၍  ညနေ ၄ နာရီခွဲမှ ပြန်လည်     ထွက်ခွာနိုင်ခဲ့သဖြင့်   အဆိုပါ ရထားသည် ၃ နာရီ  မိနစ် ၂၀  ကြန့်ကြာမှုဖြစ်ပေါ်ခဲ့ရသည်။
ထို့အတူ      အမှတ်   (၆၈၅)ကျောက်ရထားသည် သိမ်ဆိပ်သို့ မွန်းလွဲ   ၁  နာရီ   ၅   မိနစ်တွင် လည်းကောင်း၊    အမှတ်    (၆၈၇)ကျောက်ရထားသည်    ဒုံဝန်းသို့ မွန်းလွဲ ၁၂ နာရီခွဲတွင်လည်းကောင်း၊ အမှတ်(၂၇၁)    ကုန်ရထားသည် ကျိုက်ထိုဘူတာသို့ ညနေ ၃ နာရီ ၁၀    မိနစ်တွင်   လည်းကောင်း၊ အသီးသီး ရပ်တန့်စောင့်ဆိုင်းခြင်း ပြုလုပ်ခဲ့ကြရသည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့်   ၂၀၂၁   ခုနှစ် ဖေဖော်ဝါရီလမှစ၍    ယခုအချိန် အထိ မြန်မာ့မီးရထားလမ်းကွန်ရက် တစ်ခုလုံးတွင်    ရထားလမ်းနှင့် ရထားဘူတာ    နယ်မြေအတွင်း မိုင်းခွဲ/  ဗုံးထောင်  ဖျက်ဆီးခြင်း (၂၀၆) ကြိမ်၊    ရထားတံတား/သံလမ်းများအား  မိုင်းခွဲဖျက်ဆီး ခြင်း   (၁၆၅)   ကြိမ်၊   ဘူတာ အဆောက်အဦနှင့်    ဝန်ထမ်း နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၄၂)ကြိမ် ကျူးလွန်ခဲ့ကြသည်။ 
နိုင်ငံတော်   အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု    အဆင်ပြေ ချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့် အခြေခံအဆောက် အဦများ ပိုမိုတိုးတက်ကောင်းမွန် လာစေရေး၊    ရထားပို့ဆောင်ရေး စနစ်  အဆင့်မြှင့်တင်ရေးစီမံကိန်း လုပ်ငန်းများကို    ရည်မှန်းချက် ထားရှိ၍ အစဉ်တစိုက် အလေးထား စီမံဆောင်ရွက်ပေးလျက်ရှိသော် လည်း အကြမ်းဖက်သောင်းကျန်း သူများအနေဖြင့်     နိုင်ငံတော်ပိုင် ရထားစက်ခေါင်းနှင့်    တွဲများ၊ ရထားလမ်းနှင့်      တံတားများ၊ ခရီးသည်များနှင့်    ကုန်စည်များ ထိခိုက်ပျက်စီး       ဆုံးရှုံးစေရေး၊ ရထားစီး      ခရီးသွားပြည်သူများ အနေဖြင့်  ရထားဖြင့်ခရီးသွားလာ ရာတွင် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အသက်အန္တရာယ်   ကင်းရှင်းစွာ ဖြင့် လုံခြုံစိတ်ချစွာ သွားလာနိုင် မှုမရှိစေရေးနှင့် ရန်ကုန်-မန္တလေး ရထားလမ်း    အဆင့်မြှင့်တင်ရေး စီမံကိန်း    နှောင့်နှေးကြန့်ကြာစေ ရန်အတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ ယုတ်မာပက်စက်စွာဖြင့်  အကြိမ် ကြိမ် ကျူးလွန်ဖျက်ဆီးနေကြခြင်း အပေါ်  ဒေသခံများနှင့်   ပြည်သူ တစ်ရပ်လုံးက ပြင်းထန်စွာဆန့်ကျင်   ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည်။        

သတင်းစဉ်