
ဖလော်ရီဒါ ဇူလိုင် ၁
အမေရိကန်ပြည်ထောင်စု ဖလော် ရီဒါပြည်နယ် ဆာ့ဖ်ဆိုက်မြို့ရှိ အထပ်မြင့်လူနေအဆောက်အအုံ တစ်လုံး ပြိုကျမှုကြောင့် သေဆုံး သူဦးရေမှာ ကလေးငယ်နှစ်ဦး၏ ရုပ်အလောင်းကို ထပ်မံရှာဖွေ တွေ့ရှိခဲ့ပြီးနောက် ၁၈ ဦးအထိ မြင့်တက်လာခဲ့ပြီ ဖြစ်ကြောင်း ဒေသအာဏာပိုင်များက ဇွန် ၃ဝ ရက်က ကြေညာလိုက်သည်။
အုတ်ပုံများကြားတွင် နောက် ထပ် လူသေအလောင်းနှစ်လောင်း ထပ်မံတွေ့ရှိခဲ့ကြောင်း ပြောပြရ မှာ စိတ်မကောင်းဖြစ်ကြောင်း မီယာမီဒိတ်စီရင်စုမှ ဗိုလ်မှူး ဒန်နီလာလီဗိုင်းကာဗာက သတင်း စာရှင်းလင်းပွဲတွင် ပြောကြားခဲ့ သည်။
သေဆုံးသွားသူများမှာ ကလေး နှစ်ဦးဖြစ်သည်ဆိုသည်ကို မိမိ အနေဖြင့် အသိပေးပြောကြား ရမည့်အတွက် တကယ့်ကို စိတ်မကောင်းဖြစ်မိပြီး တကယ့် ကို နာကျင်ရပါသည်ဟု ကာဗာက ဆက်လက်ပြောကြားခဲ့သည်။
မမျှော်လင့်ဘဲ အခုလို အသက် ဆုံးရှုံးခဲ့ရသည့်အတွက် တကယ့် ကို ဝမ်းနည်းဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ကြောင်း၊ အထူးသဖြင့် ကလေး ငယ်များအသက်ဆုံးရှုံးခဲ့ရသည့်အတွက် ပိုလို့တောင်မခံမရပ်နိုင် ဖြစ်မိသည်ဟု ၎င်းက ဆက်လက် ပြောသည်။
အဆောက်အအုံပြိုကျရသည့် အကြောင်းရင်းကို စံချိန်စံညွှန်း နှင့် နည်းပညာဆိုင်ရာ အမျိုးသား အင်စတီကျု(အင်န်အိုင်အက်စ်တီ) က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။ အင်န်အိုင်အက်စ်တီ၏ စုံစမ်း စစ်ဆေးမှုများက နောင်အနာဂတ် ကာလတွင် ထိုသို့မဖြစ်ပေါ်ရေး အဆောက်အအုံများ၏ အရည် အသွေး၊ စံချိန်စံညွှန်းများ၊ လုပ်ငန်း စဉ်များနှင့် အခြားသင့်လျော်သော ဆောင်ရွက်ချက်များကို ထောက်ခံ ချက် ပေးနိုင်မည်ဖြစ်သည်။ သို့သော် လည်း စုံစမ်းစစ်ဆေးမှုမှာ နှစ် အနည်းငယ် ကြာဦးမည်ဖြစ် သည်။
ဆင်ဟွာ