ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့်လက်လုပ်မိုင်းများအသုံးပြုကာ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်

 

နေပြည်တော်   ဇူလိုင်   ၁


နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူလူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက်အအုံများ၊ အေးချမ်းစွာ နေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူ သွားလာလှုပ်ရှားနေသော လမ်းမကြီးများ ပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်းများ ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ည ၈ နာရီတွင်  ရန်ကုန် တိုင်းဒေသကြီး သန်လျင်မြို့နယ် မြို့ဟောင်း     အလယ်ရပ်ကွက် ရှုခင်းသာလမ်း အောင်သုခမီးပွိုင့် အနီး၌  လုံခြုံရေးတပ်ဖွဲ့ဝင်များက ယာဉ်စစ်    ပိတ်ဆို့ဆောင်ရွက် နေစဉ်        သန်လျင်မြို့ဘက်မှ မောင်းနှင်လာသည့်   အဖြူရောင် ယာဉ်တစ်စီးပေါ်မှ   အကြမ်းဖက် သူများက   လုံခြုံရေးတပ်ဖွဲ့ဝင်များ ကို        လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့သည်။


လုံခြုံရေး   တပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ်ခဲ့ရာ    အဆိုပါ ယာဉ်မှာ       မောင်းနှင်ထွက်ပြေး သွားခဲ့သဖြင့်    ဖမ်းဆီးရမိနိုင်ရေး ပိတ်ဆို့စစ်ဆေးခြင်းများ  ဆောင် ရွက်ခဲ့ရာ ည ၁၀ နာရီ  ၁၀ မိနစ် တွင် သန်လျင်မြို့နယ်   မြို့ဟောင်း အနောက်ရပ်ကွက်ရှိ    အမှတ်(၁)သန်လျင်တံတားထိပ်သို့  သန်လျင် မြို့ဘက်မှ    သာကေတမြို့နယ် ဘက်သို့     ရွှေပြည်သာမြို့နယ် ဏ/၁၄ ရပ်ကွက်နေ      ဇော်လင်း ထွန်း (ခ)စွန်နီး   (၃၀ နှစ်) (ဘ)ဦးစိုးလွင်          မောင်းနှင်ပြီး ရွှေပြည်သာမြို့နယ်  အမှတ်(၁၄)ရပ်ကွက်နေ       ပါးပါးလေး (ခ)ရန်နကား (၄၁ နှစ်)    (ဘ)ဦးရန် မိဆက်  လိုက်ပါစီးနင်းလာသော အဆိုပါယာဉ်အား ယာဘက်ဘေး ၌       ကျည်ဒဏ်ရာနှစ်ချက်နှင့် ယာဉ်နောက်      လေကာမှန်များ ကွဲကြေနေသည်ကို      တွေ့ရှိ၍ ထိန်းသိမ်းကာ    စစ်ဆေးလျက် ရှိကြောင်း သိရသည်။


အလားတူ    ယင်းနေ့နံနက် ၈ နာရီ ၅ မိနစ်တွင်     စမ်းချောင်း မြို့နယ်   မြေနီကုန်း  (တောင်) ရပ်ကွက် ပြည်လမ်းရှိ   မြေနီကုန်း တံတားအောက်၌     ပေါက်ကွဲမှု ဖြစ်ပွားကြောင်း     သတင်းအရ လုံခြုံရေး        တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ  အဆိုပါ တံတားအောက်ရှိ     ယာဉ်ထိန်း နားနေဆောင်၏  ဘောင်ပေါ်တွင် လက်လုပ်မိုင်းတစ်လုံး      ပေါက်ကွဲ ထားပြီး ပေါက်ကွဲထားသည့် သံပိုက် အပိုင်းအစများ၊ ဘောစေ့များအား တွေ့ရှိကာ      ပေါက်ကွဲမှုကြောင့် ယာဉ်ထိန်းနားနေဆောင်တွင် ကာရံ ထားသည့်မှန်များ   ကွဲအက်ပျက်စီး ခဲ့ပြီး   အနီးမှလမ်းလျှောက်လာသူ     လှိုင်သာယာမြို့နယ်  အမှတ်(၁၅) ရပ်ကွက်နေ မစာမယ်ဖုန်း(၂၅ နှစ်)    (ဘ) ဦးဝမ်းဒိုး၏နဖူးတွင် ပေါက်ပြဲ ဒဏ်ရာတစ်ချက်      ရရှိခဲ့ကြောင်း သိရသည်။


အထက်ပါ    ဖြစ်စဉ်များမှ အကြမ်းဖက်မှု      လုပ်ရပ်များကို ကျူးလွန်သူများအား  ဥပဒေနှင့် အညီ ထိရောက်စွာ    အရေးယူနိုင် ရေး    လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။      

 

သတင်းစဉ်