စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်၌ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို လက်နက်ကိုင်အကြမ်းဖက်သူများက ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်

 

နေပြည်တော်   ဇူလိုင်   ၁

 


စစ်ကိုင်းတိုင်းဒေသကြီး      မင်းကင်း မြို့နယ်၌  နယ်မြေလုံခြုံရေးဆောင်ရွက် နေသော    လုံခြုံရေးတပ်ဖွဲ့ဝင်များကို လက်နက်ကိုင်     အကြမ်းဖက်သူများက ချောင်းမြောင်း      ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ ယနေ့ နံနက် ၉ နာရီခွဲတွင် မင်းကင်းမြို့နယ် ဖက်ခတ်ကျေးရွာတွင် လုံခြုံရေးအခြေပြုထားသော  လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့သည် နယ်မြေ အေးချမ်းရေးအတွက်         လှည့်ကင်း ဆောင်ရွက်နေစဉ်   ဖက်ခတ်ကျေးရွာ၏ တောင်ဘက် ငါးမိုင်ခန့်အကွာရှိ တောင်ပေါ် အရောက်၌         တူမီးသေနတ်များ ကိုင်ဆောင်ထားသည့်        လက်နက်ကိုင် အကြမ်းဖက်သူအင်အား    ၁၀၀ ခန့်က ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံ ပစ်ခတ်ခဲ့ရာ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး နံနက် ၁၀ နာရီ ၃၅ မိနစ်တွင်    လက်နက်ကိုင် အကြမ်းဖက်သူများ  ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။

 


ဆက်လက်၍    လုံခြုံရေးတပ်ဖွဲ့ဝင် များက လက်နက်ကိုင်အကြမ်းဖက်သူများ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်    နေရာတစ်ဝိုက် အား   သွားရောက်ရှင်းလင်းခဲ့ရာ  အကြမ်း ဖက်သူများ  ကိုင်ဆောင်အသုံးပြုခဲ့သည့် တူမီးသေနတ်တစ်လက်        သိမ်းဆည်း ရရှိခဲ့ပြီး           နယ်မြေရှင်းလင်းရေး   ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 


သတင်းစဉ်