
ပုသိမ် ဇွန် ၈
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ဇင်ရွဲလေးကျေးရွာရှိ ဆိုင်ကလုန်းရှယ်တာတွင် မုန်တိုင်းဘေး အန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး သရုပ်ပြလေ့ကျင့်ခြင်းကို ဇွန် ၇ ရက်က ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် “တိုင်းဒေသကြီးအတွင်း ရေကြီး ရေလျှံမှု၊ မုန်တိုင်းဘေးအန္တရာယ် စသည့်သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ် ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် ပင်လယ် ကမ်းရိုးတန်းရှည်လျားသော တိုင်းဒေသကြီးဖြစ် ကြောင်း၊ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီ ပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်းများ မကြာ ခဏဖြစ်ပေါ်နေကြောင်း၊ သဘာဝဘေးအန္တရာယ် မုန်တိုင်းများဖြစ်ပေါ်ပါက ကြိုတင်ပြင်ဆင်မှု ကောင်းကောင်းဖြင့် ဆောင်ရွက်နိုင်ပါက ထိခိုက် ပျက်စီးမှုများကို လျှော့ချပေးနိုင်မည့်အပြင် အသက် အန္တရာယ်ထိခိုက်မှုများလည်း နည်းပါးစေမည်ဖြစ် ကြောင်း၊ ယခုကဲ့သို့ သရုပ်ပြလေ့ကျင့်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း” ပြောကြားသည်။
အဆိုပါ သရုပ်ပြလေ့ကျင့်ခြင်းကို မီးသတ် တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၁၆ ဦး၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ လူမှု ကယ်ဆယ်ရေးအဖွဲ့ဝင်များ စသည့် မိတ်ဖက်အင်အား ၅၀၊ ပြည်သူ ၃၀၀ တို့ ပူးပေါင်းသရုပ်ပြလေ့ကျင့် ခဲ့ကြသည်။ တိုင်းဒေသကြီး(ပြန်/ဆက်)