
နေပြည်တော် ဇွန် ၁၁
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အမျိုး သားနေ့အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ Lotte Hotel ၌ကျင်းပ ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ် ကြီး မောင်မောင်အေးနှင့် ဇနီး တက်ရောက်သည်။
ဦးစွာ ရုရှားဖက်ဒရေးရှင်း နိုင်ငံ၏ အမျိုးသားနေ့ အထိမ်း အမှတ်ဧည့်ခံပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများအား မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov နှင့် တာဝန်ရှိသူ များက ရင်းရင်းနှီးနှီး ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သီချင်း နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်း အနားကို စတင်ဖွင့်လှစ်ပေးပြီး မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov က နှုတ်ခွန်းဆက်စကား ပြောကြား သည်။ ဆက်လက်၍ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၏ ယဉ်ကျေးမှု အဖွဲ့တို့က ရိုးရာယဉ်ကျေးမှုအဆို၊ အကများဖြင့် ဖျော်ဖြေတင်ဆက် ကြသည်၊၊
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ မြန်မာနိုင်ငံ ဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov တို့က ရုရှားဖက်ဒရေးရှင်း နိုင်ငံ၏ အမျိုးသားနေ့အထိမ်း အမှတ်ကိတ်ကို လှီးဖြတ်ပေး ကြပြီး ဧည့်ခံပွဲအခမ်းအနား သို့ တက်ရောက်လာကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ဧည့်ခံပွဲသို့ တက်ရောက်လာကြသူများအား သံအမတ်ကြီးက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံများ၊ စစ်သံမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်