မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ ၁၂၄၁၄ ဦးရှိ အောင်မြင်မှုရာခိုင်နှုန်းမှာ ၆၃ ဒသမ ၈၅ ရာခိုင်နှုန်းရှိကြောင်း သိရ

 

မန္တလေး    ဇွန်   ၁၁
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို  မန္တလေး တိုင်းဒေသကြီး            အတွင်းရှိ သက်ဆိုင်ရာ  စာစစ်ဌာနကျောင်း များ၌ ယနေ့တွင် တစ်ချိန်တည်း ထုတ်ပြန်ကြေညာခဲ့ရာ    တိုင်း ဒေသကြီးအတွင်း    ဖြေဆိုသူ ၁၉၄၄၂  ဦး     ရှိသည့်အနက် အောင်မြင်သူ   ၁၂၄၁၄   ဦးရှိပြီး အောင်မြင်မှုရာခိုင်နှုန်းမှာ     ၆၃ ဒသမ ၈၅ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။ 
နံနက်  ၆ နာရီမှ  စတင်၍ မန္တလေးမြို့ရှိ စာစစ်ဌာနဖွင့်လှစ် သော ကျောင်းများ၌ တက္ကသိုလ်ဝင် စာမေးပွဲ        အောင်စာရင်းများ ကို   ထုတ်ပြန်ကြေညာပေးခဲ့ရာ ကျောင်းသား     ကျောင်းသူများ စိတ်အား        ထက်သန်စွာဖြင့် လာရောက်ကြည့်ရှုကြပြီး တာဝန် ကျ  ဆရာ  ဆရာမများကလည်း စည်းကမ်းတကျဖြင့် စနစ်တကျ ကြည့်ရှုနိုင်စေရေး     ကြီးကြပ် ဆောင်ရွက်ပေးကြသည်။ 
အဆိုပါ      စာမေးပွဲအောင် စာရင်းထုတ်ပြန်မှုနှင့် စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး ပညာရေး မှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမြင့်ချို က “ ဒီနှစ်ကျွန်တော်တို့ တိုင်းဒေသကြီး အောင်ချက်အနေ နဲ့     တစ်နိုင်ငံလုံး    အောင်ချက်နဲ့ နှိုင်းယှဉ်ရင်      တတိယအဆင့်မှာ ရှိပါတယ်။ မန္တလေးတိုင်းဒေသကြီး အနေနဲ့   မြန်မာတစ်နိုင်ငံလုံး top 10 ဝင်သူ သုံးယောက်ရှိပါတယ်။ ကျောင်းသား    ကျောင်းသူတွေ ဖြေဆိုကြရတာလည်း သင်ရိုးသစ် ဖြစ်ပါတယ်။ သင်ရိုးသစ်ကလည်း နိုင်ငံတကာ ပညာရေးစံချိန်တွေနဲ့ ပြင်ထားတဲ့သင်ရိုး    ဖြစ်ပါတယ်။ ဒီသင်ရိုး           အောင်မြင်သွားရင်  နိုင်ငံတကာတန်းဝင်  ပညာရေးနဲ့ အောင်မြင်တယ်လို့ သတ်မှတ်လို့ရ ပါတယ်။ ကျွန်တော်တို့ တိုင်းဒေသ ကြီးအနေနဲ့        တစ်နိုင်ငံလုံး အောင်ချက်     တတိယအဆင့်မှာ ရရှိအောင်   ပညာရေးဝန်ထမ်း အားလုံးနဲ့              အုပ်ချုပ်ရေးအဖွဲ့ အစည်းတွေရဲ့ ဝိုင်းဝန်းကြိုးစားမှု ကြောင့်   ဖြစ်ပါတယ်။   ဒါကြောင့် ကျေနပ်အားရမှု   ရှိပါတယ်”   ဟု ပြောသည်။ 
ယခုနှစ်     တက္ကသိုလ်ဝင် စာမေးပွဲတွင် မြန်မာတစ်နိုင်လုံး၌ အဆင့်ငါးရရှိခဲ့ပြီး ခြောက်ဘာသာ ဂုဏ်ထူးဖြင့်   အောင်မြင်ခဲ့သည့် မသက်မြတ်စံက “အခုလိုထူးချွန် စွာ       အောင်မြင်ဖို့အတွက် တော်တော်  ကြိုးစားခဲ့ရပါတယ်။ စာတွေကိုလည်း    နှစ်စကစပြီး မပြတ်လေ့လာခဲ့ရပါတယ်။   အခု လို   အောင်မြင်တဲ့အတွက်လည်း ဝမ်းသာ       ပျော်ရွှင်ရပါတယ်။ ခြောက်ဘာသာလောက်ပဲ ရည်မှန်း ခဲ့ပေမယ့်  အခုလို မြန်မာတစ်နိုင်ငံ လုံးမှာ  အဆင့်ငါး   ရရှိတဲ့အတွက် လည်း   မိသားစုအနေနဲ့   အတိုင်း မသိပျော်ရွှင်နေကြပါတယ်။ စနစ် သစ်ရဲ့     ပထမဆုံးစာမေးပွဲမှာ ထူးချွန်စွာ ဖြေဆိုနိုင်ခဲ့တဲ့အတွက် ကျေနပ်အားရ    ဖြစ်မိပါတယ်။ နောက်ထပ်       စာမေးပွဲဖြေမယ့် ကျောင်းသား     ကျောင်းသူတွေ အနေနဲ့ စာတွေကို ကြိုးစားသင်ယူ ပြီး  အကောင်းဆုံးဖြေဆိုနိုင်မယ် ဆိုရင်   မိမိတို့      ရည်မှန်းထားတဲ့ အောင်မြင်မှုကို    ရရှိမှာဖြစ်ပါ တယ်”ဟု  ပြောသည်။ 
ငါးဘာသာ         ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် မအေးဖွေးဖွေး က   “ဒီလိုစာမေးပွဲ   အောင်မြင်ခဲ့ ဖို့   ကျောင်းစတက်ကတည်းက တစ်နေ့စာ  တစ်နေ့အပြီး    ပုံမှန် လေ့ကျင့်ပါတယ်။ သူငယ်ချင်းတွေ နဲ့လည်း  အတူတူ ကျက်မှတ်ဖြစ်ပါ တယ်။  အောင်စာရင်း မထွက်ခင် တစ်ရက်အလိုလောက်ကတည်း က စိတ်တွေလှုပ်ရှားပြီး တစ်ညလုံး မအိပ်ခဲ့ရပါဘူး။    အခုငါးဘာသာ ဂုဏ်ထူးနဲ့   အောင်မြင်တယ်ဆို တော့ဝမ်းသာမိပါတယ်။   ကျွန်မ အနေနဲ့   ဆေးတက္ကသိုလ်တက် ရောက်ဖို့လည်း   ရည်မှန်းထားပါ တယ်။ ကျောင်းသား  ကျောင်းသူ တွေအနေနဲ့လည်း   အခွင့်အရေး ရတဲ့အချိန်မှာ      ကြိုးစားရင် ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိ မယ်လို့    ပြောကြားလိုပါတယ်” ဟု ပြောသည်။ 
အဆိုပါ    တက္ကသိုလ်ဝင် စာမေးပွဲ        အောင်စာရင်းများကို သက်ဆိုင်ရာစာစစ်ဌာန ကျောင်း များ၌      ကြည့်ရှုနိုင်မည့်အပြင် မြန်မာနိုင်ငံ        စာစစ်ဦးစီးဌာန website တွင်လည်း  ဝင်ရောက် ကြည့်ရှုနိုင်ရန်   စီစဉ်ဆောင်ရွက် ပေးထားပြီး  လမ်းပန်းဆက်သွယ် ရေးခက်ခဲသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနများ၏ အောင်စာရင်းများကိုလည်း နံနက်  ၆ နာရီတွင် မြန်မာ့အသံ (ရေဒီယို)တိုင်းရင်းသား           အစီအစဉ်များ မှ          ထုတ်လွှင့်ကြေညာပေးခဲ့ သည်။
CAE  ကိုယ်ပိုင်အထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြသန်းက     “ကျွန်မတို့ ကျောင်းအနေနဲ့     အောင်ချက် ရာခိုင်နှုန်းက ၉၉   ဒသမ ၂ ဖြစ်ပါ တယ်။     နောက်ပြီး    ဘာသာစုံ ဂုဏ်ထူးထွက်ရှိပြီး အမှတ်ပေါင်း ၅၅၂ မှတ်နဲ့  မြန်မာတစ်နိုင်ငံလုံးမှာ တတိယအမှတ်အများဆုံး ရရှိတဲ့  ကျောင်းသူ      တစ်ယောက်လည်း မွေးထုတ်နိုင်ခဲ့ပါတယ်။      ဒီလို ထူးချွန်တဲ့ ကျောင်းသား ကျောင်းသူ တွေ     ထွက်ပေါ်လာဖို့အတွက် ကျောင်းသား   ကျောင်းသူတွေရဲ့ ကြိုးစားမှုကြောင့်လည်း ဖြစ်သလို ဆရာ ဆရာမတွေရဲ့ အသင်အပြ  ကောင်းမှုကြောင့်လည်း   ဖြစ်ပါ တယ်။     အားလုံးစုပေါင်းအား ကြောင့်    အောင်မြင်ခြင်းဖြစ်ပါ တယ်” ဟု ပြောသည်။ 
လေးဘာသာ  ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့်   မောင်အောင် ထွဋ်ဝင်းကလည်း        “အခုလို  ဂုဏ်ထူးနဲ့  အောင်မြင်တဲ့အတွက် အလွန်         ပျော်ရွှင်မိပါတယ်။ ကျွန်တော့်မိဘတွေ အတွက်လည်း ကျွန်တော်  တာဝန်ကျေပွန်တယ် လို့   ခံစားရပါတယ်။    မိဘတွေ ပျော်ရွှင်နေတာကြည့်ပြီး ကျွန်တော် က     နှစ်ဆပျော်ရွှင်ရပါတယ်။ ကျွန်တော်    အင်ဂျင်နီယာဖြစ် အောင် ကြိုးစားပြီး   နိုင်ငံအတွက် သားကောင်းရတနာ       အဖြစ်နဲ့ တစ်ဖက်တစ်လမ်းက တာဝန်တွေ ကို   ထမ်းဆောင်သွားမှာပါ”   ဟု ပြောသည်။ 
ထို့ပြင်  ယခုနှစ်  တက္ကသိုလ် ဝင်စာမေးပွဲတွင်   မန္တလေးဗဟို အကျဉ်းထောင်         စာစစ်ဌာန၌ လည်း အကျဉ်းသား   ၁၅   ဦးနှင့် အကျဉ်းသူ ၂ ဦး စုစုပေါင်း ၁၇ ဦး     ဝင်ရောက် ဖြေဆိုခဲ့ကြပြီး အကျဉ်း သား ၁၄ ဦးနှင့် အကျဉ်းသူ နှစ်ဦး      အောင်မြင်ခဲ့ကြကာ   တစ်ဘာသာ ဂုဏ်ထူးရှင်   သုံးဦး   ထွက်ပေါ်ခဲ့ ကြောင်း သိရသည်။       
 မောင်အေးချမ်း