မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကင်းလှည့်ရေယာဉ် ခြောက်စင်း လွှဲပြောင်းပေးအပ် 

ရန်ကုန်   ဇွန်   ၁၁
ပြည်ထဲရေးဝန်ကြီးဌာန      မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့သို့    တရုတ်ပြည်သူ့သမ္မတနိုင်ငံ မှ   အကူအညီပေးအပ်သည့်  ကင်းလှည့်ရေယာဉ် ခြောက်စင်း လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမှတ်  (၃)  ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲမှူးရုံး (ဝါးတန်း)    ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ် ကြီး နီလင်းအောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Chen Hai ၊   မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ      အရာရှိကြီးများနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ          တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ  ဒုတိယဝန်ကြီး၊   မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့် တရုတ်နိုင်ငံသံအမတ်ကြီးတို့   ဦးဆောင်၍ အခမ်းအနား        တက်ရောက်လာကြသူများက  လမ်းမတော်မြို့နယ်  ကျန်းမာရေး ဆိပ်ခံတံတား၌ ဆိုက်ကပ်ထားရှိသော ကင်းလှည့်ရေယာဉ် နှစ်စင်း အပေါ်သို့   တက်ရောက်ကြည့်ရှုစစ်ဆေးရာ ရေယာဉ် နှင့် ပတ်သက်၍  တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍    လွှဲပြောင်းပေးအပ်ခြင်း  အခမ်း အနားကို ပြုလုပ်ရာ  ဒုတိယဝန်ကြီး၊   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်  ဒုတိယဗိုလ်ချုပ်ကြီး  နီလင်းအောင် က ကျေးဇူးတင်စကားပြောကြားပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံအမတ်ကြီးက အမှာစကား ပြောကြား သည်။
ထို့နောက် လွှဲပြောင်း/လက်ခံခြင်း စာလွှာများကို လက်မှတ်ရေးထိုး၍ အပြန်အလှန် လဲလှယ်ကြသည်။
ယနေ့အခမ်းအနားတွင် တရုတ်-မြန်မာ ဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရေးနှင့်    အိမ်နီးချင်းကောင်း ဆက်ဆံရေးတို့အပေါ်   အခြေပြု၍လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့၏ တရား ဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များ အားကောင်းစေရေး အတွက်လည်းကောင်း ၂၈ မီတာ ကင်းလှည့်ရေယာဉ် နှစ်စင်းနှင့် ၄၈ မီတာ ကင်းလှည့်ရေယာဉ် လေးစင်း တို့ကို အကူအညီပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။ 
သတင်းစဉ်