၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာ

နေပြည်တော်   ဇွန်   ၁၁
၂၀၂၄ ခုနှစ် မတ်လတွင်   ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၄ ခုနှစ် ဧပြီနှင့် မေလများတွင် အထူးအစီအစဉ် တစ်ရပ်အနေဖြင့် ကျင်းပဆောင်ရွက်ပေးခဲ့ သည့်   တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို       ယနေ့နံနက်ပိုင်းတွင်  တစ်ပြည်လုံးအတွက် တစ်ပြိုင်တည်းဖြင့် အပြီးထုတ်ပြန်ကြေညာသည်။ 
ထိုသို့        ထုတ်ပြန်ပေးရာတွင် နေပြည်တော်ကောင်စီ   အပါအဝင်  တိုင်း ဒေသကြီးနှင့်      ပြည်နယ်အတွင်းရှိ ကျောင်းများ၌     တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ထုတ်ပြန်ထားလျက် ရှိပြီး  ကျောင်းသား  ကျောင်းသူများနှင့် ကျောင်းသားမိဘများက   အေးချမ်းစွာ ဖြင့်  လာရောက်ကြည့်ရှုခဲ့ကြသည်။ 
အဆိုပါ      တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို  မြန်မာနိုင်ငံစာစစ်ဦးစီး ဌာန  Website   ဖြစ်သော   www. myanmarexam.org      တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပြီး     လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော တိုင်းဒေသ ကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနများ၏  အောင်စာရင်းများကိုလည်း မြန်မာ့အသံ (ရေဒီယို)၊ တိုင်းရင်းသားအစီအစဉ်များ မှ ထုတ်လွှင့်ကြေညာပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင်  တစ်နိုင်ငံလုံးအတိုင်းအတာအနေ ဖြင့် ဖြေဆိုသူဦးရေ ၁၂၈၈၂၀၊ အောင်မြင် သူဦးရေ ၇၄၅၉၂ ဦး၊ အောင်ချက်ရာခိုင်နှုန်း မှာ ၅၇   ဒသမ   ၉၀ ရာခိုင်နှုန်းရှိပြီး တက္ကသိုလ်ဝင် စာမေးပွဲ သိပ္ပံတွဲဖြင့် အမှတ် အများဆုံးရရှိသူ   ၁၁   ဦး၊  ဝိဇ္ဇာတွဲဖြင့် အမှတ်အများဆုံးရရှိသူ ၁၀ ဦး၊ ဝိပ္ပံတွဲဖြင့် အမှတ်အများဆုံးရရှိသူ ၁၀ ဦး စာရင်းကို ထုတ်ပြန်ထားရာ  မြန်မာနိုင်ငံစာစစ်ဦးစီး ဌာန Website ဖြစ်သော  www.myan-marexam.org တွင် ဝင်ရောက်ကြည့်ရှုနိုင် သည်။                    သတင်းစဉ်