နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၄)ကျင်းပရေးဦးစီးကော်မတီညှိနှိုင်းအစည်းအဝေးတွင် အမှာစကားပြောကြား

 

နေပြည်တော်     ဇွန်      ၁၂


မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ကျင်းပရေးဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကို  ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာ နိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၄) ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြား သည်။               
အစည်းအဝေးသို့     ပြည်ထောင်စုဝန်ကြီးများ၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊   ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊  အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်        တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ  (၂၀၂၄) ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်က အမှာစကားပြောကြားရာတွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်   ဦးတည်ချက်(၉)ရပ်ကို   ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လူမှုရေး ဦးတည်ချက်ပါ “တစ်နိုင်ငံလုံး   အသိပညာ၊ အတတ် ပညာ   မြင့်မားတိုးတက်စေရေး၊   ကုန်ထုတ်လုပ်မှု အထောက်အကူပြု   ပညာရှင်များ    ထွန်းကားလာ စေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံ ပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး” နှင့် “နိုင်ငံ၏   ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင် နိုင်ရေး   ဗလငါးတန်နှင့်   ပြည့်စုံသော   လူငယ်များ ဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့်   ဦးတည်ချက်များကို   အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်နိုင်ရန်အတွက် ပထမ အကြိမ်  မြန်မာနိုင်ငံလုံးဆိုင်ရာ  ပညာရေးညီလာခံ (၂၀၂၃) ကို   “အနာဂတ်ပညာရေး    ပိုမိုတိုးတက် ကောင်းမွန်စေရေး” ဆိုသည့် ဦးတည်ချက်နှင့်အညီ ယမန်နှစ်က အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်ကြောင်း။
စဉ်ဆက်မပြတ်မြှင့်တင်နိုင်
 ယခုနှစ်တွင် ကျင်းပမည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄)ကို တိုင်းချစ်ပြည်ချစ်စိတ် ရှိသည့်   လူငယ်များပေါ်ထွန်းလာစေရန်၊   အရည် အသွေးပြည့်ဝသော  ပညာတတ်များမွေးထုတ်ပေး နိုင်ရန်၊ ထုတ်လုပ်မှုကိုအားပေးသည့် သက်မွေးပညာ များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဆရာ ဆရာမများ၏ အရည်အသွေးကို    စဉ်ဆက်မပြတ်   မြှင့်တင်နိုင်ရန်၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဖွံ့ဖြိုးတိုးတက်စေ ရန်နှင့် အရည်အသွေးအာမခံမှုရှိသည့် ပညာရေးစနစ် ပိုမိုအားကောင်းလာစေရန်ဆိုသည့် ရည်ရွယ်ချက်များ ဖြင့် ဒုတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံကို ကျင်းပရခြင်းဖြစ်ကြောင်း။ 
ယခုကျင်းပပြုလုပ်မည့်   ဒုတိယအကြိမ် မြန်မာ နိုင်ငံလုံးဆိုင်ရာ      ပညာရေးညီလာခံ  (၂၀၂၄)ကို “လူ့စွမ်းအားအရင်းအမြစ်      ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးကို ပိုမိုမြှင့်တင်ပေး”ဆိုသည့် ဦးတည်ချက် ဖြင့် ဇွန်  ၂၅  ရက်မှ ၂၇ ရက်အထိ ၃ ရက်တိုင်တိုင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)  တွင်   ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ ကျင်းပနိုင်ရန်အတွက် နေပြည်တော်ကောင်စီ အပါအဝင် ဝန်ကြီးဌာန ၁၃ ခုမှ ပြည်ထောင်စုဝန်ကြီး များ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများပါဝင် သော ညီလာခံကျင်းပရေး  ဦးစီးကော်မတီ၊ လုပ်ငန်း ကော်မတီနှင့်   ဆပ်ကော်မတီ ၁၁ ခုတို့ကို   ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြောင်း၊ ဆပ်ကော်မတီနှင့်   လုပ်ငန်း ကော်မတီများကလည်း  ညှိနှိုင်းအစည်းအဝေးများ ဆောင်ရွက်ပြီးစီးပြီဟု သိရှိရကြောင်း၊ မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍသည်    ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ် အခြားဝန်ကြီးဌာနများက နယ်ပယ်အလိုက် အကောင်အထည်ဖော်     ဆောင်ရွက်ခြင်းဖြစ်သည့် အတွက်   ပညာရေးညီလာခံသည်လည်း    ဆက်စပ် ဝန်ကြီးဌာနများအားလုံးနှင့်      သက်ဆိုင်သည်ကို သတိပြုစေလိုကြောင်းနှင့် ယနေ့အစည်းအဝေးတွင် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန် ဖိတ်ခေါ်ပါကြောင်း။
ယခုနှစ် ပညာရေးညီလာခံတွင် ယခင်နှစ်ညီလာခံ က ဖော်ထုတ်ရရှိခဲ့သည့် လုပ်ငန်းစဉ်များကို ပြန်လည် သုံးသပ်ဆွေးနွေးခြင်း၊ Parallel Session များအလိုက် အခြေခံပညာ၊    အဆင့်မြင့်ပညာ၊   သက်မွေးပညာ၊ ဆရာအတတ်ပညာနှင့်    သုတေသနနှင့်    တီထွင် ဆန်းသစ်မှုကဏ္ဍတို့အပြင် အရည်အသွေးအာမခံမှု ဆိုသည့် ကဏ္ဍသစ်တစ်ခုကို    ထပ်တိုးထားသည့်အတွက် စုစုပေါင်း   ကဏ္ဍခြောက်ခုရှိမည်ဖြစ်ပြီး    ကဏ္ဍ တစ်ခုချင်းစီအလိုက် စာတမ်းခြောက်ခုစီကို ဆွေးနွေး သွားကြမည်ဖြစ်ကြောင်း၊  ဆွေးနွေးမှုရလဒ်များကို လည်း ပြန်လည်သုံးသပ်ပြီး   ရှေ့ဆက်ဆောင်ရွက်ရ မည့်  လုပ်ငန်းစဉ်များကိုလည်း   စာတမ်းအလိုက်၊ ဆွေးနွေးမှုများအလိုက် ဖော်ထုတ်သွားကြရမည်ဖြစ် ကြောင်း၊ ထို့ပြင်  အောင်မြင်စွာ အကောင်အထည်ဖော် နိုင်မည့် နည်းလမ်းများ၊ တွေ့ကြုံရသည့်  စိန်ခေါ်မှုများ ကို ကျော်လွှားနိုင်မည့် နည်းလမ်းများနှင့် ရှေ့လုပ်ငန်း စဉ်များ ပေါ်ထွက်လာသည်အထိ အထူးအလေးထား ဆွေးနွေးသွားရမည်ဖြစ်ကြောင်း၊     ယခင်နှစ်တွင် ကဏ္ဍ ငါးခုအတွက် စာတမ်း ၄၂ စောင် ဖတ်ကြားခဲ့ပြီး ယခုနှစ်တွင် ကဏ္ဍခြောက်ခုအတွက် စာတမ်း ၃၆ စောင် ဖတ်ကြားသွားမည်ဖြစ်သည့်အတွက် စာတမ်းအရေ အတွက် နည်းခြင်း များခြင်းထက် ရလဒ်ကောင်းများ ရရှိနိုင်ရေး    ဦးတည်ရန်ကိုလည်း   တိုက်တွန်းလို ကြောင်း၊ ထို့ပြင် ယခင်နှစ်ညီလာခံက ဖော်ထုတ်ရရှိခဲ့ သည့်   သုံးသပ်ချက်များအား    အကောင်အထည် ဖော်ဆောင်ရာတွင်  အောင်မြင်အောင်ဆောင်ရွက်နိုင် မှုများနှင့်   ဆက်လက်ဆောင်ရွက်ဆဲလုပ်ငန်းများ ရှိနေသကဲ့သို့ ယခုနှစ်ညီလာခံ၏ ဆွေးနွေးမှုရလဒ်များ ကိုလည်း ပြန်လည်သုံးသပ်ပြီး အနာဂတ်မျိုးဆက်သစ် များအတွက် ကောင်းမွန်သည့် ပညာရေးရလဒ်များနှင့် ကောင်းမွန်သည့် ပညာရေးအခြေအနေများရရှိစေရန် ဦးတည်၍ ဝိုင်းဝန်းဆွေးနွေးကြရမည် ဖြစ်ကြောင်း၊ ယခင်နှစ်ညီလာခံကဖော်ထုတ်ရရှိခဲ့သည့် လုပ်ငန်း စဉ်များအပေါ် ဝန်ကြီးဌာနများအလိုက် သုံးသပ်ချက် များကိုလည်း အောင်မြင်အောင် ဆက်လက်အကောင် အထည်ဖော်    ဆောင်ရွက်သွားကြရန်နှင့်   ရရှိပြီး အောင်မြင်မှုများကိုလည်း  ရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်ရန် ကဏ္ဍအလိုက် ရေတိုရေရှည် အစီအမံများနှင့် အကောင်အထည်ဖော် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ သို့မှသာ ပညာရေးညီလာခံက နိုင်ငံ၏   အနာဂတ်လူငယ်များအတွက်   ကောင်းမွန် သည့်အဖြေများ၊ ကောင်းမွန်သည့် အချက်အလက် များနှင့် ကောင်းမွန်သည့်ရလဒ်များ ထွက်ပေါ်လာရန် အထောက်အကူပြုမည်ဖြစ်ကြောင်း။ 
ပြည်သူအားလုံးက ပညာ၏တန်ဖိုးကိုသိရှိ
နိုင်ငံတော်စီမံအုပ်ချုပ်ရေး     ကောင်စီအနေဖြင့် နိုင်ငံတော်၏ ပညာရေးအဆင့်အတန်း တိုးတက်လာ ရေးအတွက်    အားသွန်ခွန်စိုက်  ဆောင်ရွက်ပေးနေ သည်ကို  အားလုံးအသိပင်ဖြစ်ကြောင်း၊   ကျောင်းနေ အရွယ်   ကလေးများအားလုံး  ကျောင်းတက်ရေးနှင့် KG+9 ပြီးမြောက်ရေးဆောင်ရွက်ခြင်း၊ အခြေခံပညာ နှင့် စက်မှု၊ လက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်းများ   တိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ Naypyitaw State Academy ဖွင့်လှစ်ပေးခြင်း၊ အုပ်ချုပ်မှုစရိတ်နှင့် ထောက်ပံ့ငွေများ  ချီးမြှင့်ခြင်း၊ စွမ်းရည်မြှင့်သင်တန်း များ    ဖွင့်လှစ်စေခြင်း၊     စာတတ်မြောက်သူများ တိုးပွားလာစေရေးဆောင်ရွက်ခြင်း၊   စာဖတ်သော အလေ့အထ   တိုးပွားလာအောင်    ဆောင်ရွက်ပေးနေ ခြင်းတို့သည် ထင်ရှားသည့် သာဓကများဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏  အားထုတ်မှုသာမက ပြည်သူ အားလုံးက ပညာ၏တန်ဖိုးကို သိရှိပြီး အားထုတ်ခြင်း ကသာ နိုင်ငံ၏ ပညာရေးရည်မှန်းချက်ကို အောင်မြင် စေမည်ဖြစ်ကြောင်း။
နိုင်ငံတော်၏တာဝန်ကို  ပခုံးပြောင်းထမ်းဆောင် ကြမည့် လူငယ်များ၏ ပညာရေးသည်  ကောင်းမွန် အောင်မြင်သည့်   ပညာရေးဖြစ်ရမည်ဖြစ်ကြောင်း၊ ထိုသို့ အောင်မြင် ကောင်းမွန်စေရန်အတွက် ယခု ကဲ့သို့ ပညာရေးညီလာခံကြီးကို ကျင်းပဆောင်ရွက် ပေးနေခြင်းဖြစ်၍  တာဝန်ရှိသူအားလုံးက  ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရန်        လိုကြောင်း၊ နိုင်ငံတော်အဆင့်ကျင်းပမည့် ညီလာခံကြီးဖြစ်သည် နှင့်အညီ အောင်မြင်အောင် ဝိုင်းဝန်းဆွေးနွေးအကြံပြုဆွေးနွေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း။
အောင်မြင်အောင် အကောင်အထည်ဖော်
နိုင်ငံတော်ဝန်ကြီးချုပ်က   “နိုင်ငံတော်အစိုးရ အနေဖြင့်   နိုင်ငံတော်၏  ပညာရေး၊  ကျန်းမာရေး စသည့်  လူမှုရေးကဏ္ဍနယ်ပယ်အသီးသီးတွင်  မူလ အခြေအနေကထက်ပင် ပိုမို၍ အဆင့်အတန်းမြင့်မား တိုးတက်လာစေရေး ဆောင်ရွက်ရမည်”ဟု လမ်းညွှန် မှာကြားထားသည့်အတွက်     သက်ဆိုင်ရာကဏ္ဍ အလိုက်  အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် အရင်းအမြစ်များ ဖြည့်ဆည်းပေးနိုင် ရေး   စီမံဆောင်ရွက်ပေးနေသကဲ့သို့ သက်ဆိုင်ရာ ဝန်ကြီးဌာနများကလည်း  မိမိတို့ တာဝန်ယူရသည့် ကဏ္ဍများကို အောင်မြင်အောင် အကောင်အထည် ဖော် ဆောင်ရွက်ပေးကြရန်လိုကြောင်း။
ပညာရေးညီလာခံ (၂၀၂၄) အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ယခု ဦးစီးကော်မတီအစည်းအဝေး မတိုင်မီ    ပညာရေးဝန်ကြီးဌာနက   အကြိုညှိနှိုင်း အစည်းအဝေး  ၄ ကြိမ် ခေါ်ယူဆွေးနွေးခဲ့ကြောင်း၊ အဆိုပါအစည်းအဝေးများတွင်       ပညာရေးနှင့် ဆက်စပ်ဝန်ကြီးဌာနများက စာတမ်းခေါင်းစဉ်များရွေးချယ်ခြင်း၊   ဝန်ကြီးဌာနများအလိုက်   စာတမ်း ဖတ်ကြားရေး၊  ပြခန်းပြသရေး စသည့်တာဝန်များ ခွဲဝေဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပြီးဖြစ်သည် ဟု   သိရှိရကြောင်း၊   ပညာရေးညီလာခံ (၂၀၂၄) အတွက်   Theme  Song  ရေးစပ်ရာတွင်လည်း ညီလာခံ၏   ဦးတည်ချက်ကို    အနှစ်သာရပေါ်လွင် အောင်စပ်ဆိုရန်   တိုက်တွန်းလိုကြောင်း၊  ပညာရေး ညီလာခံ (၂၀၂၄) က   ထွက်ပေါ်လာမည့်    ရလဒ်များ သည် မြန်မာနိုင်ငံပညာရေး တိုးတက်ကောင်းမွန် စေရေးအတွက်  အထောက်အကူဖြစ်စေနိုင်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊    ဝန်ကြီးဌာနများ အားလုံးက ကျရာကဏ္ဍ၊ ကျရာတာဝန်ကို ကျေပွန် အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်နှင့်  ၂၀၂၄ ခုနှစ်တွင်   ကျင်းပမည့်   မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ    အောင်မြင်စွာ      ကျင်းပနိုင်ရေး အတွက်   တက်ရောက်လာကြသူများက   ဝိုင်းဝန်း အကြံပြုဆွေးနွေးကြရန်လိုကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက်          ဦးစီးကော်မတီအတွင်းရေးမှူး ပညာရေးဝန်ကြီးဌာန               ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် လုပ်ငန်းကော်မတီအတွင်းရေး မှူး(၁) ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းတို့က     မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄)၏ ရည်ရွယ်ချက်၊ ကော်မတီ များ ဖွဲ့စည်းထားရှိမှု၊ ကော်မတီများ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့်           ပညာရေးညီလာခံ အောင်မြင်စွာ   ကျင်းပနိုင်ရေး    ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။ 
ယင်းနောက် လုံခြုံရေးဆပ်ကော်မတီ၊ စာတမ်း လက်ခံခြင်းနှင့် စိစစ်အတည်ပြုရေး ဆပ်ကော်မတီ၊ ပြခန်များ ခင်းကျင်းပြသရေးဆပ်ကော်မတီ၊ ဖိတ်ကြား ရေးနှင့်     ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊       ဧည့်ခံ ကျွေးမွေးရေးနှင့် ညစာစားပွဲကျင်းပရေးဆပ်ကော်မတီ၊ သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ၊ မှတ်တမ်း ပြုစုရေးနှင့်              ပုံနှိပ်ထုတ်ဝေရေးဆပ်ကော်မတီ၊ ဖျော်ဖြေရေးဆပ်ကော်မတီ၊            ကျန်းမာရေး ဆပ်ကော်မတီနှင့်    ဘဏ္ဍာရေးဆပ်ကော်မတီတို့မှ တာဝန်ရှိသူများက မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံ(၂၀၂၄) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  ဆောင်ရွက်ပြီးစီးမှုများနှင့်       ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်သည်များကို ရှင်းလင်းတင်ပြ ကြသည်။
ဆက်လက်၍ အစည်းဝေးသို့တက်ရောက်လာကြ သူများက မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄)အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင် ရာ ကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။
 ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်က    ရှင်းလင်း ဆွေးနွေးတင်ပြချက်များအပေါ်   လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး       နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်