နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၂၀၂၄ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ရေကူးပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကြည့်ရှုအားပေး

နေပြည်တော်  ဇွန်  ၁၂
၂၀၂၄ခုနှစ် ပြည်နယ်နှင့်   တိုင်းဒေသကြီး ရေကူးပြိုင်ပွဲ  ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ  ဝဏ္ဏသိဒ္ဓိ ရေကူးကန်၌   ကျင်းပရာ   နိုင်ငံတော်စီမံ အုပ်ချုပ်ရေး                  ကောင်စီအဖွဲ့ဝင်များ တက်ရောက် ကြည့်ရှုအားပေးကြသည်။ 
အခမ်းအနားသို့      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြ သည့်   ဒေါ်ဒွဲဘူ၊   ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊     ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊  ဦးရွှေကြိမ်းနှင့်   ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး များ၊    ဌာနဆိုင်ရာ     တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်တို့မှ တာဝန်ရှိ သူများ၊  ဖိတ်ကြားထားသော ဧည့်သည် တော်များ၊      ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစား သမားများ တက်ရောက်ကြသည်။ 
 ရေကူးအားကစားနည်းပါဝင်
အခမ်းအနားတွင်          မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဦးမင်းသိန်းဇံက အမှာစကား ပြောကြားရာတွင် ရေကူးအားကစားနည်း သည်   ကမ္ဘာ့အိုလံပစ်အားကစားပြိုင်ပွဲ၊အာရှအားကစားပြိုင်ပွဲ၊    အရှေ့တောင် အာရှအားကစားပြိုင်ပွဲ စသည့်နိုင်ငံတကာ အားကစားပြိုင်ပွဲကြီးများတွင် ပြေးခုန်ပစ်၊ အလေးမ၊  လက်ဝှေ့အားကစာနည်းများ ကဲ့သို့ မဖြစ်မနေ  ထည့်သွင်းကျင်းပသည့် အားကစားနည်းတစ်ရပ်  ဖြစ်ပါကြောင်း၊ ရွှေတံဆိပ်အများဆုံး         ချီးမြှင့်သည့် အားကစားနည်းများထဲတွင်       ရေကူး အားကစားနည်း  ပါဝင်ပါကြောင်း၊ ထို့ပြင် အားကစားသမား         တစ်ဦးတည်းက ဆုတံဆိပ်များစွာ       ရယူပေးနိုင်သည့် အားကစားနည်း   တစ်ခုအဖြစ်လည်း တွေ့ရှိရမည်ဖြစ်ပါကြောင်း။
 စခန်းသွင်းလေ့ကျင့်  
ထို့ကြောင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်နယ်နှင့်   တိုင်းဒေသကြီး အားကစား ပြိုင်ပွဲများ ကျင်းပပြုလုပ်ရာတွင် ရေကူး အားကစားနည်းကို         မပျက်မကွက် ထည့်သွင်းကျင်းပပေးခဲ့ပါကြောင်း၊ ရေကူး အားကစားနည်းဖြင့်           နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်ရန်အတွက် အရည်အချင်းရှိပြီး နုပျိုထက်မြက်သည့်        မျိုးဆက်သစ် အားကစားသမားများ   စဉ်ဆက်မပြတ် ရှိနေရန်လည်း လိုအပ်ပါကြောင်း၊ ထို့ပြင် ယခုပြိုင်ပွဲတွင်       ပြည်နယ်နှင့်    တိုင်း ဒေသကြီးအသီးသီးမှ  ပြိုင်ပွဲဝင်အားကစား သမားများကို ကြီးကြပ်ကွပ်ကဲ လိုက်ပါ လာကြသည့် အုပ်ချုပ်မှုအဖွဲ့များအနေဖြင့် လည်း   မိမိတို့အသင်း    အဆင့်မြင့်မြင့် ယှဉ်ပြိုင်အောင်ပွဲခံနိုင်ရေးအတွက် မိမိတို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်းတွင် အဆင့်ဆင့်သော ပြိုင်ပွဲများ  ကျင်းပပြီး စနစ်တကျ   လူရွေးချယ်ကာ    အချိန် အတိုင်းအတာတစ်ခုအထိ      စခန်းသွင်း လေ့ကျင့်  လာရောက်ယှဉ်ပြိုင်ခြင်းမျိုးဖြစ် အောင်   ဆောင်ရွက်ကြရန်     လိုအပ်ပါ ကြောင်း။
အားကစားမောင်/မယ်များအနေဖြင့် လည်း မိမိတို့ကိုယ်စားပြု ယှဉ်ပြိုင်သည့် ပြည်နယ်နှင့်      တိုင်းဒေသကြီးအသင်း အောင်နိုင်ရေးအတွက်   မိမိတို့၏ အစွမ်း အစ အရည်အသွေးများကို   အစွမ်းကုန် ဖော်ထုတ်ပြသပြီး  အားကစားစိတ်ဓာတ် အပြည့်အဝဖြင့်  အနိုင်မခံ အရှုံးမပေးဘဲ အကောင်းဆုံး      ပါဝင်ယှဉ်ပြိုင်သွားကြ စေလိုကြောင်း၊   ယခုပြိုင်ပွဲမှတစ်ဆင့် မြန်မာ့လက်ရွေးစင်အသင်းကို အင်အား ဖြည့်တင်းနိုင်မည့်   နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာစေ ရန်      ကြိုးစားသွားကြစေလိုကြောင်း တိုက်တွန်းပြောကြားပြီး     ၂၀၂၄     ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ရေကူးပြိုင် ပွဲကို ဖွင့်လှစ်ပေးသည်။ 
ကြည့်ရှုအားပေး
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမား များက အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက် ကို ရွတ်ဆိုကြသည်။ 
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်များ၊  ပြည်ထောင်စု ဝန်ကြီး  ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများ သည် ပြိုင်ပွဲဝင်   အားကစားသမားများကို ရင်းရင်းနှီးနှီး    လိုက်လံနှုတ်ဆက်ကြပြီး ပြိုင်ပွဲ   ပွဲစဉ်ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။  
ဝင်ရောက်ယှဉ်ပြိုင်သွားမည်
၂၀၂၄ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသ ကြီး       ရေကူးပြိုင်ပွဲကို     ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လူငယ်များ ရေကူး အားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာ စေရေးနှင့်       ထူးချွန်ထက်မြက်သည့် ရေကူးမျိုးဆက်သစ်လူငယ်များ ပေါ်ထွက် လာစေရေးတို့အတွက်       ရည်ရွယ်၍  ကျင်းပပေးခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၁ သင်းနှင့် အမျိုး သမီးအသင်း   ၁၁   သင်းတို့      ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ 
သတင်းစဉ်