
နေပြည်တော် ဇွန် ၁၂
ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး သည် အိန္ဒိယတပ်မတော်မှ တွဲဖက် ထောက်လှမ်းရေးညွှန်ကြားရေး မှူးချုပ် Major General Char-anjeet Singh Dewgun, YSM, ADG MI(A) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံ ရေးနှင့် ချစ်ကြည်ရင်းနှီးမှုတိုးမြှင့် ဆောင်ရွက်ရေး၊ စစ်ဘက်ဆိုင်ရာ များ ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ သင်တန်းသားများ အပြန်အလှန် စေလွှတ်ရေးနှင့် လေ့ကျင့်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးကိစ္စရပ်များ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာများ တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် မှု တိုးမြှင့်ဆောင်ရွက်ရေးကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ အမြင် ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့် အိန္ဒိယတပ်မတော်မှ တွဲဖက် ထောက်လှမ်းရေး ညွှန်ကြားရေး မှူးချုပ်တို့သည် အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ်ကြပြီး တက်ရောက်လာ ကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်အတူ ကာကွယ်ရေးဦးစီးချုပ် ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့် တပ်မတော် အရာရှိ ကြီးများ တက်ရောက်ကြပြီး အိန္ဒိယတပ်မတော်မှ တွဲဖက် ထောက်လှမ်းရေး ညွှန်ကြားရေး မှူးချုပ်နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယစစ်သံမှူး Colonel Jaswinder Singh Gill နှင့် အိန္ဒိယ တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်