လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

နေပြည်တော်     ဇွန်    ၁၂
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန      ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်  စိုက်ပျိုးပွဲ တော်ကို ယနေ့မွန်းလွဲ ၃ နာရီခွဲ တွင် နေပြည်တော်   ဒက္ခိဏသီရိ မြို့နယ်ရှိ   လူဝင်မှုကြီးကြပ်ရေး နှင့်  ပြည်သူ့အင်အားသင်တန်း ကျောင်း၌ ကျင်းပရာ   လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့်    ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊    အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူး ချုပ်များ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာန များမှ ဝန်ထမ်းများနှင့် သန်းခါင် စာရင်းဆိုင်ရာ အုပ်ချုပ်မှုသင်တန်း တက်ရောက်နေသည့်  သင်တန်း သားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်က   သတ်မှတ် နေရာ၌           ကံ့ကော်ပျိုးပင်ကို  ဦးဆောင်စိုက်ပျိုးပေးပြီး  ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာများ၌ ကံ့ကော်ပျိုး ပင်များကို စိုက်ပျိုးပေးကြသည်။
ထို့နောက်    ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် တက်ရောက် လာကြသည့်    ဝန်ထမ်းများက သတ်မှတ်နေရာများ၌ ကံ့ကော်၊ ခရေ၊  ပိတောက်၊   တမာစသည့် အရိပ်ရ နှစ်ရှည်ပင်နှင့် ပန်းအလှ ပင်များကို       တပျော်တပါး စုပေါင်းစိုက်ပျိုးနေမှုကို လိုက်လံ ကြည့်ရှုအားပေးကြသည်။ 
လူဝင်မှု    ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား   ဝန်ကြီးဌာန ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော်ကို    ရေဝေရေလဲစနစ် မှန်ကန်စေရေးနှင့်   မြေဆီလွှာ ခန်းခြောက်မှုကို  ထိန်းသိမ်းနိုင် ရေး၊      သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်၍     ဥတုရာသီ ညီညွတ်မျှတမှုရှိစေရေး၊ သင်တန်း ကျောင်း     အဆောက်အဦများ လေပြင်းဒဏ်ကာကွယ်နိုင်ရေးနှင့် သင်တန်းကျောင်း ပတ်ဝန်းကျင် စိမ်းလန်းစိုပြည် သာယာလှပစေ ရေး စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ပြီး  ယနေ့ကျင်းပ သည့်    သစ်ပင်စိုက်ပျိုးပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားသင်တန်းကျောင်း ပရိဝုဏ် အတွင်း ကံ့ကော်၊ ခရေ၊ ပိတောက်၊ တမာစသည့် နှစ်ရှည်ပင် စုစုပေါင်း ၂၄၀ ကို  တပျော်တပါး စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိ သည်။                     သတင်းစဉ်