မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ကျိုက်စကောစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းနှင့် ဒိုက်ဦးမြို့မရဲစခန်း အချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော်     ဇွန်    ၁၂
မြန်မာနိုင်ငံ   အမျိုးသားလူ့အခွင့်အရေးကော်မရှင်  အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင်တို့ ဦးဆောင် သော     ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည်     ကော်မရှင် ဥပဒေ ပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ယနေ့တွင်  ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့ရှိ ဒိုက်ဦးမြို့မ ရဲစခန်း  အချုပ်ခန်းနှင့် ဒိုက်ဦးမြို့နယ်အတွင်းရှိ အကျဉ်းဦးစီး ဌာန၊ ကျိုက်စကောစိုက်ပျိုးမွေးမြူရေးနှင့် အသက် မွေးမှုအတတ်သင်စခန်းတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ဒိုက်ဦးမြို့ပေါ်ရှိ  ဒိုက်ဦးမြို့မရဲစခန်း  အချုပ်ခန်းကို  ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များ၊  ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် ရီမန်ကာလအခြေအနေ၊ အချုပ်ခန်းတွင် နေထိုင်စဉ် ကာလအတွင်း ညှဉ်းပန်းနှိပ်စက်ခံရမှု ရှိ၊ မရှိ၊ မိသားစု နှင့် တွေ့ဆုံနိုင်မှုအခြေအနေ၊ အချုပ်ကာလအတွင်း  စားသောက်ရေး စီစဉ်ပေးမှု အခြေအနေ၊ အချုပ်ခန်း အတွင်း မိလ္လာသုံးစွဲမှုနှင့် အချုပ်ခန်းအတွင်းသန့်ရှင်းမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့အတူ    ကျိုက်စကောစိုက်ပျိုးမွေးမြူရေးနှင့်  အသက်မွေးမှုအတတ်သင်စခန်းကို ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များ၊  ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့်အညီ ကြည့်ရှုစစ်ဆေးစဉ် အကျဉ်း သားများနှင့် အိပ်ဆောင်များတွင်တွေ့ဆုံကာ အကျဉ်း သားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်  သော နေထိုင်စားသောက်မှုအခြေအနေ၊ ကျန်းမာ ရေး     စောင့်ရှောက်မှုအခြေအနေ၊     သန့်ရှင်းသော  သောက်ရေနှင့် သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှု အခြေအနေ၊ မိသားစု လာရောက်တွေ့ဆုံနိုင်မှု အခြေ အနေ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိမှု အခြေ အနေ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိမှု အခြေအနေ၊ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ် ကင်းရှင်းရေး    ဆောင်ရွက်ထားရှိမှု    အခြေအနေ၊ လုပ်ငန်းခွင်အတွင်း   တာဝန်ပေးအပ်ရာတွင်   ခွဲခြား  ဆက်ဆံမှု ရှိ၊ မရှိ အခြေအနေနှင့် ညှဉ်းပန်းနှိပ်စက်မှု  ရှိ၊ မရှိ အခြေအနေ စသည်တို့ကိုမေးမြန်းခဲ့ပြီး သီးခြား လွတ်လပ်စွာ တွေ့ဆုံခွင့်တောင်းခံသူ အကျဉ်းသား များကိုလည်း  သီးခြားတွေ့ဆုံ  မေးမြန်းမှတ်တမ်း တင်သည်။
စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ် သင်စခန်းကို ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသားများ ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖို ကြီး၊ ရိက္ခာဂိုဒေါင်၊ သန့်ရှင်းသော သောက်ရေရရှိမှု အခြေအနေ၊  သုံးရေကန်များနှင့်  အတွင်း၊  အပြင် မိလ္လာများ  သန့်ရှင်းမှု  ရှိ၊ မရှိ  စသည်တို့ကို ကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ခရီးစဉ်အတွင်း  စစ်ဆေးတွေ့ရှိချက်နှင့်            အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့      ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း    မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံမှ သတင်း ရရှိသည်။                        သတင်းစဉ်