
ကူဝိတ်စီးတီး ဇွန် ၁၂
ကူဝိတ်နိုင်ငံတောင်ပိုင်း မန်ဂတ်ဖ် မြို့တွင် ဇွန် ၁၂ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ ၄၁ ဦး ထက်မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူများပြားကြောင်း ပြည်ထဲရေး ဝန်ကြီး ရှိတ်ခ်ဖာဟတ်ယူဆက်ဖ် အယ် -ဆာဘတ်က ပြောသည်။ မီးလောင်မှုကြောင့် ၄၁ ဦး သေဆုံး ခဲ့သည်ဟု ၎င်းက ကူဝိတ်ရုပ်သံလိုင်းသို့ပြောကြားသည်။
အဆောက်အအုံပိုင်ရှင် အပါ အဝင် အဆိုပါဖြစ်ရပ်တွင်ပါဝင်သူများအားလုံးကို မှုခင်းဆေးစစ် အဖွဲ့မှ စစ်ဆေးမှုမပြီးမချင်း ဖမ်းဆီးထိန်းသိမ်းရန် ညွှန်ကြား ထားကြောင်း ပြည်ထဲရေးဝန်ကြီး က ပြောသည်။ အလုပ်သမား အများစုနေထိုင်ရာ ခြောက်ထပ် လူနေ အဆောက်အအုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ် ကြောင်း မီးသတ်တပ်ဖွဲ့ ပြည်သူ့ ဆက်ဆံရေး ညွှန်ကြားရေးမှူး မိုဟာမက်အယ်ဂဟာရစ်က ပြော သည်။
သေဆုံးသူ အများစုမှာ အိပ်ပျော်နေစဉ်အတွင်း မီးခိုးငွေ့ ရှူရှိုက်မိခြင်းကြောင့် သေဆုံးခြင်း ဖြစ်သည်။ နေထိုင်သူအများစုကိုဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင် ခဲ့သည်ဟု သိရသည်။ အဆိုပါ အဆောက်အအုံတွင် အလုပ်သမား ၁၆၀ ခန့်နေထိုင်ပြီး အများစုမှာ အိန္ဒိယနိုင်ငံသားများ ဖြစ်ကြ သည်ဟု သိရသည်။ ဆင်ဟွာ