အဋ္ဌကထာကျမ်းစာအုပ် ၅၁ အုပ်အား ဆဋ္ဌမူအတိုင်း ကွန်ပျူတာစာစီဖြင့် ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်   ဇွန်   ၁၃
သာသနာရေးနှင့်   ယဉ်ကျေးမှု ဝန်ကြီးဌာနက အဋ္ဌကထာကျမ်း စာအုပ် ၅၁ အုပ်အား ဆဋ္ဌမူအတိုင်း ကွန်ပျူတာစာစီဖြင့်   ပြန်လည် ပုံနှိပ်ထုတ်ဝေနိုင်ရေး    ဒုတိယ အကြိမ်   လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန တိုးချဲ့ သုံး ထပ်ဆောင်  အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ အပြည်ပြည် ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်  ပါမောက္ခချုပ် ဆရာ တော် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ၊ နိုင်ငံတော်    ပရိယတ္တိသာသနာ့ တက္ကသိုလ်(မန္တလေး)  ပါမောက္ခ ချုပ် ဆရာတော်  ဒေါက်တာဘဒ္ဒန္တ ကေသရ  အမှူးပြုသော    ဆရာ တော်ကြီး ၁၁ ပါး Video Con-ferencing ဖြင့်တက်ရောက်ကြ ပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊    ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်းအတွင်း ဝန်နှင့်     တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
ဦးစွာ    အစည်းအဝေးကို “နမောတဿ”   သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍   ဖွင့်လှစ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးတင်ဦး လွင်က  ပိဋကသုံးပုံပါဠိတော် အုပ် ရေ ၄၀ ကို ရွှေသုဝဏ်ဆရာတော် ကြီး ဘဒ္ဒန္တသဒ္ဓိယက ကွန်ပျူတာ စာမူဖြင့် ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ယခုအခါ အဋ္ဌကထာ  ၅၁  အုပ်ကို ကွန်ပျူတာစာမူဖြင့်  ပုံနှိပ်နိုင်ရေး ဆောင်ရွက်လျက်     ရှိကြောင်း၊ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ နာယကအဖွဲ့ ဆရာတော်ကြီးများ၊ လုပ်ငန်းကော်မတီအဖွဲ့   ဆရာ တော်ကြီးများ၊ အထောက်အကူပြု ကော်မတီအဖွဲ့များကို ဖွဲ့စည်းနိုင် ရေး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် က ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ၍   ဆောင် ရွက်ခဲ့ကြောင်း၊    ပါဠိစာပေနှင့် ကွန်ပျူတာကျွမ်းကျင်သူ ဝန်ထမ်း စုစုပေါင်း  ၃၀  တို့ဖြင့်    စတင် ဆောင်ရွက်ခဲ့ကြောင်း။
ယခုအခါ စက်တင်ပုံနှိပ်လျက် ရှိသည့် ကျမ်းစာအုပ်ငါးအုပ်၊ ဆရာ တော်ကြီးများက စိစစ်တည်းဖြတ် ဆဲစာအုပ် ၁၈ အုပ်နှင့် ကွန်ပျူတာ စာမူပြုစုရေးအဖွဲ့က စာမူပြုစုဆဲ ခြောက်အုပ်တို့ကို ကြိုးစားဆောင် ရွက်လျက်        ရှိကြောင်းနှင့်   ဆက်လက်ဆောင်ရွက်ရမည့် ကျမ်း စာအုပ် ၂၂ အုပ် ကျန်ရှိနေသေး ကြောင်း၊ စက်တင်ပုံနှိပ်ပြီး   အဋ္ဌ ကထာကျမ်းများမှာ   ပါရာဇိက ကဏ္ဍ     အဋ္ဌကထာ(ပထမတွဲ)၊  သီလက္ခန္ဓဝဂ္ဂ အဋ္ဌကထာ၊   ပါစိ တျာဒိ အဋ္ဌကထာ၊ (ဝိနည်း)မဟာ ဝဂ္ဂ အဋ္ဌကထာနှင့် အင်္ဂုတ္တရ အဋ္ဌ ကထာ  (တတိယတွဲ)    တို့ဖြစ် ကြောင်း၊  ထိုကဲ့သို့    ဆရာဒကာ   ညီညွတ်စွာလက်တွဲ၍ ဆောင်ရွက် လျက်ရှိရာ    ကျမ်းစာအုပ်   ၂၂ အုပ်ကိုလည်း    အမြန်ဆုံးပြီးစီး အောင်   ဆောင်ရွက်နိုင်ရေးအတွက်  ကြိုးစားစိစစ်ပေးတော်မူကြပါရန် လျှောက်ထားသည်။ 
ဆက်လက်၍   အပြည်ပြည် ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်  ပါမောက္ခချုပ်   ဆရာ တော်  ဒေါက်တာဘဒ္ဒန္တဆေကိန္ဒက ယခုလုပ်ငန်းသည်      ကြီးမား ကျယ်ပြန့်သည့်အတွက် ပရိယတ္တိ စာပေကျွမ်းကျင်သည့် ဆရာတော် ကြီးများ၊   စာသင်တိုက်ကြီးများ ပါဝင်စေလိုကြောင်း၊ ဦးစီးဦးဆောင် လုပ်သည့် ဆရာတော်ကြီးများကို လုပ်ငန်းအဖွဲ့များတွင် ပါဝင်စေလို ကြောင်း   မိန့်ကြားပြီး   နေပြည် တော် ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ    ကျောင်းတိုက် ပဓာနနာယက ပါဠိဆရာတော်ကြီး ဘဒ္ဒန္တဝိမလဗုဒ္ဓိက   ထပ်ခါထပ်ခါ ကူးယူရခြင်းနှင့်   ထပ်ခါထပ်ခါ ပုံနှိပ်ရခြင်းတို့ကြောင့်    ချို့ယွင်းမှု များမရှိရန်      အသေအချာ စိစစ်ရန်လိုကြောင်း    မိန့်ကြား သည်။
ထို့နောက် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်  (မန္တလေး) ပါမောက္ခချုပ်        ဆရာတော် ဒေါက်တာ    ဘဒ္ဒန္တကေသရက လုပ်ငန်းဆောင်ရွက်သူများအနေ ဖြင့်   အမှားအယွင်း    မရှိစေရေး၊ ကွန်ပျူတာကျွမ်းကျင်ရန်နှင့် ပါဠိ စာပေကျွမ်းကျင်ရန်   အရေးကြီး ကြောင်း မိန့်ကြားပြီး ဒက္ခိဏသီရိ မြို့နယ်    ရန်အောင်မြင်တောရ (မြို့တော်ဝန်)ကျောင်း   ပဓာန နာယက   ဆရာတော်    ဘဒ္ဒန္တ ခေမာနန္ဒက သာသနာရေးဦးစီး ဌာနက ၁၉၅၆၊ ၁၉၅၇၊ ၁၉၅၈၊ ၁၉၅၉ ခုနှစ်နှင့်  ၁၉၆၈၊  ၁၉၆၉၊ ၁၉၇၀၊ ၁၉၇၁ ခုနှစ်များတွင် ပုံနှိပ် ထုတ်ဝေသော အဋ္ဌကထာစာအုပ် များနှင့် တိုက်ဆိုင်စစ်ဆေးစေလို သဖြင့်   အတည်ပြုဆုံးဖြတ်ပေး တော်မူပါရန်   လျှောက်ထားရာ ကြွရောက်လာကြသော   ဆရာ တော်များက    အတည်ပြုတော် မူကြသည်။
ယင်းနောက်    နိုင်ငံတော် ပရိယတ္တိ   သာသနာ့တက္ကသိုလ် (ရန်ကုန်)  ဒုတိယပါမောက္ခချုပ် ဆရာတော်  ဒေါက်တာဘဒ္ဒန္တ ဇောတိကက     မြတ်စွာဘုရား ဟောကြားတော်မူသော    ပိဋက သုံးပုံပါဠိတော်များကို ဖွင့်ဆိုသည့် ကျမ်းများဖြစ်သည့်အတွက် ခက်ခဲ နက်နဲသဖြင့် သာမန်ဆောင်ရွက်၍ မရကြောင်းနှင့်       လေးလေး နက်နက်နှင့် ပိုင်ပိုင်နိုင်နိုင်ဆောင် ရွက်ရန်လိုကြောင်း လျှောက်ထား ပြီး နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်(မန္တလေး) မော်ကွန်း ထိန်းဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမုဒက အဋ္ဌကထာကျမ်းစာအုပ် များ  ဆဋ္ဌမူအတိုင်း  ကွန်ပျူတာ စာစီဖြင့် ပြန်လည်ပုံနှိပ်ထုတ်ဝေ နိုင်ရေး စာမူစိစစ်တည်းဖြတ်ရာ တွင်   စာစစ်ပုံ  စာစစ်နည်းများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ကွန်ပျူတာပညာရှင် တစ်ဦးက အဋ္ဌကထာကျမ်းစာအုပ် များ ဆဋ္ဌမူအတိုင်း   ကွန်ပျူတာ စာစီဖြင့် ပြန်လည်ပုံနှိပ်ထုတ်ဝေ နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေ အနေကို ရှင်းလင်းလျှောက်ထား တင်ပြပြီး ဒုတိယဝန်ကြီးက နိုင်ငံ တော်   သံဃမဟာနာယကအဖွဲ့ သို့ အဋ္ဌကထာကျမ်းစာအုပ်များ ဆဋ္ဌမူအတိုင်း   ကွန်ပျူတာစာစီ ဖြင့်     ပြန်လည်ထုတ်ဝေနိုင်ရေး လျှောက်ထားရာ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့  အကျိုးတော် ဆောင် ဆရာတော်ကြီးက စနစ် တကျဆောင်ရွက်ရန်    လိုအပ် ကြောင်း မိန့်ကြားခဲ့မှုအခြေအနေ ကို ဆွေးနွေးလျှောက်ထား တင်ပြ သည်။
ယင်းနောက်     သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန်က  အဋ္ဌကထာ ကျမ်းစာအုပ် ၅၁ အုပ်အား ဆဋ္ဌမူ အတိုင်း      ကွန်ပျူတာစာစီဖြင့် ပြန်လည်ပုံနှိပ်    ထုတ်ဝေနိုင်ရေး အတွက် ဩဝါဒါစရိယဆရာတော် ကြီးများ၊ နာယကအဖွဲ့ ဆရာတော် ကြီးများ၊ လုပ်ငန်းကော်မတီ ဆရာ တော်ကြီးများ ပြင်ဆင်ဖွဲ့စည်းမှု နှင့် စာမူစိစစ်ရေး ဆရာတော်များ အဖွဲ့   ၂၃  ဖွဲ့   လျာထားချက် လျှောက်ထားရာ     အတည်ပြု ပေးတော်မူကြသည်။ 
ထို့နောက်     ဒုတိယဝန်ကြီး ဦးအေးထွန်းက အဋ္ဌကထာကျမ်း စာအုပ် ၅၁ အုပ်အား ဆဋ္ဌမူအတိုင်း ကွန်ပျူတာစာစီဖြင့် ပုံနှိပ်ထုတ်ဝေ နိုင်ရေး    ဆောင်ရွက်ထားရှိမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက    နိဂုံးချုပ်     အမှာ စကား   လျှောက်ထားကာ   “ဗုဒ္ဓ သာသနံ  စိရံတိဋ္ဌတု”   သုံးကြိမ်   ရွတ်ဆို ဆုတောင်း၍    လုပ်ငန်း ညှိနှိုင်း       အစည်းအဝေးကို    ရုပ်သိမ်းခဲ့ကြောင်း    သတင်းရရှိ သည်။
သတင်းစဉ်