ဟားခါးမြို့၌ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဟားခါး  ဇွန်   ၁၃


တပ်မတော်သားများနှင့်    မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များအား  အခြေခံ စားသောက်ကုန်များ    ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားကို ဇွန် ၁၃ ရက် နံနက်  ၉  နာရီခွဲက ဟားခါး မြို့  ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန    အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ    ချင်းပြည်နယ်ဝန်ကြီး ချုပ်    ဒေါက်တာဝုန်ဆွန်းထန်က ချင်းပြည်နယ်အတွင်း    တာဝန် ထမ်းဆောင်ရင်း ကျဆုံး၊  ဒဏ်ရာ ရရှိသည့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို ချင်းပြည်နယ် အစိုးရအဖွဲ့၏ သာမန်အသုံးစရိတ် များမှ ရန်ပုံငွေလုံလောက်မှုအပေါ် မူတည်၍    ထောက်ပံ့ပေးလျက်ရှိ သကဲ့သို့ လုံခြုံရေးနှင့်  သက်ဆိုင် သည့်          ပစ္စည်းများကိုလည်း ဝယ်ယူ    ဖြည့်ဆည်းပေးလျက်ရှိ ကြောင်း၊ ထို့အတူ ရှေ့တန်းလုံခြုံ ရေး    တာဝန်ထမ်းဆောင်သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို     အခြေခံ စားသောက်ကုန်များ     အလျဉ်း သင့်သလို ထောက်ပံ့ဆောင်ရွက် လျက်ရှိပါကြောင်း၊       ရန်ပုံငွေ လုံလောက်မှု    အခြေအနေအပေါ် မူတည်၍        နောင်တွင်လည်း ထောက်ပံ့နိုင်ရေး စီမံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း     ပြော ကြားသည်။
ထို့နောက်  ပြည်နယ်ဝန်ကြီး ချုပ်က     ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး    တပ်မတော်သားများ ကိုယ်စား      စစ်ဗျူဟာအခြေချ (ဟားခါး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူး ကြီးစိုးဝင်းထွန်းက လည်းကောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များကိုယ်စား ရဲမှူးကြီး   စိုးလွင်မိုးက    လည်း ကောင်း လက်ခံရယူကြသည်။
ခရိုင် (ပြန်/ဆက်)