လစ်ဗျားတွင် သောင်တင်နေသော ဘင်္ဂလားဒေ့ရှ် ‌ရွှေ့ပြောင်းလုပ်သား ၁၆၃ ဦးကို နေရပ်ပြန်ပို့ရာတွင် အိုင်အိုအမ် ကူညီ

 

ထရီပိုလီ    ဇွန်     ၁၃ 
ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (အိုင်အိုအမ်) က ယခုသီတင်းပတ် အတွင်း ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်း လုပ်သား ၁၆၃ ဦးကို  လစ်ဗျားမှ တစ်ဆင့် နေရပ်ပြန်ပို့ရန် ကူညီခဲ့ ကြောင်း ဇွန် ၁၂ ရက်က ပြောကြား သည်။ 
အိုင်အိုအမ်၏   လူသားချင်း စာနာထောက်ထား စေတနာတရား ဖြင့်    နေရပ်ပြန်ပို့ရေးအစီအစဉ် (ဗွီအိတ်ချ်အာရ်) က  လစ်ဗျားမှ တစ်ဆင့် နေရပ်တိုင်းပြည်များထံ ပြန်ပို့ပေးရန် အကူအညီတောင်းခံ ခဲ့သော ရွှေ့ပြောင်းလုပ်သားများ ကို ကူညီပေးလျက်ရှိသည်။ 
၂၀၁၁ ခုနှစ် မွမ်မာကဒါဖီအစိုးရ  ပြိုလဲချိန်မှစကာ   လစ်ဗျားနိုင်ငံ သည်  ရွှေ့ပြောင်းလုပ်သားများ အတွက်        မြေထဲပင်လယ်ကို ဖြတ်ကျော်ပြီး ဥရောပကမ်းခြေကို သွားရောက်ရန်  ခရီးတစ်ထောက် အဖြစ် ရွေးချယ်နားခိုစရာ နေရာ တစ်ခုဖြစ်လာခဲ့သည်။ 
အိုင်အိုအမ်    ဦးဆောင်သည့် ဗွီအိတ်ချ်အာရ်   အစီအစဉ်သည် လစ်ဗျားတွင် သောင်တင်နေသော ရွှေ့ပြောင်းလုပ်သားများကို ၎င်းတို့  ၏မွေးရပ်နိုင်ငံများသို့  ပြန်ပို့ရန် စီစဉ်ပေးသည်။ 
အိုင်အိုအမ်၏ သတင်းအချက် အလက်များအရ  ဗွီအိတ်ချ်အာရ် အစီအစဉ်သည်   ၂၀၁၅   ခုနှစ်မှ စကာ   လစ်ဗျားတွင်  သောင်တင် နေသော     ရွှေ့ပြောင်းလုပ်သား ၈၀၀၀၀ ကို နေရပ်ပြန်ပို့ရာတွင် ကူညီပေးခဲ့သည်။          
ဆင်ဟွာ