တောင်ကိုရီးယား အနောက်တောင်ပိုင်း ကမ်းလွန်ရေပြင်တွင် ငါးဖမ်းလှေတစ်စင်းနစ်မြုပ်

ဆိုးလ်    ဇွန်    ၁၃ 
တောင်ကိုရီးယားနိုင်ငံ          အနောက်တောင်ပိုင်း ကမ်းလွန်ရေပြင်တွင် ငါးဖမ်းလှေတစ်စင်း  နစ်မြုပ် မှုဖြစ်ပွားရာ သင်္ဘောသားတစ်ဦးသေဆုံးပြီး နှစ်ဦး  ပျောက်ဆုံးလျက်ရှိကြောင်း    ယွန်ဟပ်   သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။ 
၃၃ တန်လေးသော    အဆိုပါငါးဖမ်းလှေသည် စီနန်စီရင်စု ဂါဂီယိုကျွန်းအရှေ့မြောက်ဘက် ရေပြင် တွင် တိမ်းမှောက်ခြင်းဖြစ်သည်။ အဆိုပါနေရာသည် မြို့တော် ဆိုးလ်နှင့် ကီလိုမီတာ ၁၃၀ ကွာဝေးသည်။ 
နစ်မြုပ်မှုဖြစ်ခဲ့သည့်    လှေပေါ်တွင်   လူကိုးဦး လိုက်ပါလာခဲ့ပြီး ရေယာဉ်မှူးသေဆုံးကာ သင်္ဘော သားနှစ်ဦး ပျောက်ဆုံးလျက်ရှိသည်။ 
ကမ်းခြေစောင့်တပ်ဖွဲ့က     ကျန်ရှိနေသည့် သင်္ဘောသားခြောက်ဦးကို   ကယ်တင်နိုင်ခဲ့သည်။ ပျောက်ဆုံးလျက်ရှိသော  အင်ဒိုနီးရှားသင်္ဘောသား များကို ရှာဖွေရန် ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။                   ဆင်ဟွာ