
နေပြည်တော် ဇွန် ၁၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်း တွင် မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်သူဦး၊ တာဝန် ရှိသူများနှင့်အတူ မြို့သစ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနရုံး၌ ကျင်းပ သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ အပ်ချုပ်စက် သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတို့က ထူးချွန်ဆုရ သင်တန်းသူများကို ဆုများ ပေးအပ်ချီးမြှင့်ကြ သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် မြို့သစ်မြို့ သမ ဝါယမဦးစီးဌာနရုံး၌ ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနလေးခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဒုတိယ ဝန်ကြီးက အမှာစကားပြောကြား ပြီး လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ စက်ယန္တရား ပံ့ပိုး ကူညီမှုဖြင့် ကျေးရွာလူထုက ကိုယ့်အားကိုယ်ကိုး ဆောင်ရွက် နေသော ပေပင်ရိုး - ပုဂံမျှော် ကျေးရွာချင်းဆက်လမ်း ကျောက် ချောခင်းနေမှုကို ကြည့်ရှုအားပေး သည်။
ယင်းနောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာ စိတ္တသုခ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ မြေပြင်သာ၊ သန်းကုန်း၊ ပင်းစု၊ အောင်မြင်သာ၊ အောင်သပြေ ကျေးရွာငါးရွာမှ မိုးစပါးစိုက် တောင်သူများ၊ ဝါစိုက်တောင်သူ များ၊ ဆီထွက်သီးနှံစိုက်တောင်သူ များနှင့်တွေ့ဆုံ၍ သီးနှံအလိုက် အထွက်နှုန်းတိုးရေးနှင့် ပန်းတိုင် အထွက်နှုန်းရရှိရေး၊ မျိုးနှင့် ဓာတ်မြေဩဇာ သွင်းအားစုများ အချိန်မီပံ့ပိုးပေးနိုင်ရေး၊ စိုက်နည်း စနစ်များ မှန်ကန်ရေးမှာကြားပြီး တိုင်းဒေသကြီးဝန်ကြီးက မကွေး တိုင်းဒေသကြီးအတွင်း ဆောင် ရွက်နေသော စိုက်ပျိုးရေး လုပ်ငန်းဆိုင်ရာများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကျေးရွာငါးရွာမှ တောင်သူများ၏ ဒေသဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် လိုအပ် သည်များညှိနှိုင်းပေါင်းစပ် ဆောင် ရွက်ပေးပြီး မြေပြင်သာကျေးရွာ ရှိ လုပ်ငန်းရှင် ဦးစောကျော်ခိုင်၏ အောင်နိုင်သူ ဝါကြိတ်စက်သို့ သွား ရောက်ကြည့်ရှုအားပေးပြီး အဆင့်မီ ဝါများ ကြိတ်ခွဲနိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။ သတင်းစဉ်