ဆီဆိုင်ဒေသခံ ၆၀ နီးပါးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည်ဟု သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်   ဇွန်   ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)   ဆီဆိုင်မြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် ယာယီ တိမ်းရှောင်နေရာမှ   မိမိနေရပ်သို့   ပြန်လည် ရောက်ရှိလာသည့် ထီဗွာကျေးရွာမှ  ဒေသခံ ပြည်သူ ၅၉ ဦးကို လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင် များက ကျေးရွာခန်းမအတွင်း၌ ဖမ်းဆီးထား သည်ဟု အထင်အမြင်လွဲမှားဖွယ် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာများက လုပ်ကြံရေးသားဖြန့်ဝေနေသည် ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ  ဆီဆိုင်မြို့နယ်အတွင်း PNLA အကြမ်းဖက်သမားများ၏ အကြမ်းဖက် လုပ်ရပ်များကြောင့် ဒေသခံပြည်သူများ ယာယီ နေရပ်စွန့်ခွာ တိမ်းရှောင်နေလျက်ရှိရာ အဆိုပါ ဒေသများ   ပြန်လည်တည်ငြိမ်အေးချမ်းရေး အတွက် နယ်မြေခံတပ်မတော်သားက ပြည်သူ့ စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ နှင့်ပူးပေါင်း၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်း များဆောင်ရွက်ခဲ့မှုကြောင့် ယခုအခါ ဒေသခံ တိုင်းရင်းသားများ ပြန်လည်ဝင်ရောက်နေထိုင် လျက်ရှိပြီး သက်ဆိုင်ရာ  တာဝန်ရှိသူများက လည်း  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ပြန်လည် ဝင်ရောက်လာသည့်  ဒေသခံတိုင်းရင်းသား ပြည်သူများကို   ဖမ်းဆီးထားသည်ဆိုသည့် သတင်းမှာ  မှန်ကန်မှုမရှိကြောင်း   လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏    ပြောကြားချက်အရ သိရှိရသည်။
PNLA အကြမ်းဖက်သမားများ၏ အကြမ်း ဖက်လုပ်ရပ်များကြောင့် နေအိမ်များ မီးလောင် ပျက်စီးပြီး    တည်ငြိမ်အေးချမ်းမှုပျက်ပြားခဲ့ ရသည့် ဆီဆိုင်မြို့နယ်မှ  ဒေသခံပြည်သူများ က   ၎င်းတို့၏     အကြမ်းဖက်လုပ်ရပ်များ ကို ဆန့်ကျင်ကန့်ကွက်လျက်ရှိသည့် အတွက် တရားမဝင် ပြည်ဖျက်မီဒီယာများမှတစ်ဆင့် သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသား ပြီး    ဝါဒဖြန့်ဝေနေခြင်းသာ    ဖြစ်ကြောင်း သတင်းရရှိသည်။         
             သတင်းစဉ်