ပုပ္ပားတောင်မကြီးတွင် အရိပ်ရအပင် နှစ်ထောင် ထပ်မံစိုက်ပျိုးသွားမည်

ရန်ကုန်   ဇွန်   ၁၄
အညာဒေသ၏   အိုအေစစ်ဖြစ်သော   ပုပ္ပား တောင်မကြီးတွင်  အရိပ်ရအပင်   နှစ်ထောင်   ထပ်မံ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း   ရေနံသာ    ဒင်းဂါး ညီနောင်များအဖွဲ့   ပရဟိတအသင်းထံမှ  သိရသည်။
ပြီးခဲ့သည့်  ၂၀၁၉   ခုနှစ်မှစတင်ကာ  ပုပ္ပား တောင်မကြီး၌ အရိပ်ရအပင် တစ်သောင်းခန့်  စတင် စိုက်ပျိုးခဲ့ပြီး   အချို့အပင်များမှာ   လူတစ်ရပ်ခန့် ပမာဏအမြင့်ရှိနေပြီဖြစ်ကာ ယခုထပ်မံစိုက်ပျိုးရန် အတွက်  စီစဉ်နေခြင်းဖြစ်သည်။
“ပြီးခဲ့တဲ့အပတ်က ပုပ္ပားတောင်မကြီးမှာ စိုက်ဖို့ အတွက်နေရာသွားကြည့်တယ်။ အပင်အမျိုးအစား နည်းနည်းတော့   ရွေးရဦးမယ်။   စကားဝါပင်တို့၊ သရက်ပင်တို့တော့ပါမယ်။  ရှင်သန်နိုင်မယ့် အပင် ပေါ့။ ကျွန်တော်သွားကြည့်တော့  ရှင်းပါတယ်။ အပင် တွေက အဲဒီမှာ ပြီးခဲ့တဲ့ ၂၀၁၉ ၊ ၂၀၂၀ လောက်တုန်းက ပုပ္ပားတောင်မကြီးမှာ    စစိုက်တာပေါ့။    အပင် တစ်သောင်းဝန်းကျင်လောက်     စိုက်ထားတယ်။ ဒီနှစ်က   ရေနံချောင်း၊  ချောက်နဲ့ချိန်ရမှာဆိုတော့ အပင်နှစ်ထောင်လောက်ထပ်စိုက်ဖို့ရှိတယ်။ အဓိက က လူတွေ၊ မျောက်တွေ၊ ကျေးငှက် စားဖို့နားဖို့ပေါ့။ သရက်ပင်ဆို  တောင်တက်တဲ့သူတွေ၊ မျောက်တွေ လည်း စားလို့ရတာပေါ့”   ဟု   ရေနံသာ  ဒင်းဂါး ညီနောင်များအဖွဲ့  ပရဟိတအသင်းမှ  ကိုရေနံသာ ဒင်းဂါးက ပြောသည်။
ထို့အပြင်   ရေနံချောင်းနှင့်    မကွေးလမ်းဘေးရှိ ပရဟိတဥယျာဉ်အတွင်းနှင့်    လမ်းဘေးဝဲယာများ တွင်  နှစ်ရှည်အရိပ်ရအပင်    တစ်သောင်းကို   ယခု မိုးရာသီတွင်  စိုက်ပျိုးသွားမည်ဖြစ်ကာ လက်ရှိတွင် အပင်တစ်သောင်းကို ထပ်မံ စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။
ရေနံသာဒင်းဂါးအဖွဲ့သည်  အညာဒေသ   ရေနံ ချောင်းမြို့နယ်နှင့် အနီးတစ်ဝိုက်တွင် ရေကန်တူးဖော် ခြင်း၊    ဇရပ်ဆောက်လုပ်ခြင်းနှင့်    ရေချမ်းစင် တည်ဆောက်ခြင်းများကို     လုပ်ဆောင်ပေးလျက် ရှိသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ 
Thit Taw