ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးထူထောင်မှု (၇၄) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပ

နေပြည်တော်   ဇွန်   ၁၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ အကြား     သံတမန်ဆက်ဆံရေး ထူထောင်မှု   (၇၄)    နှစ်မြောက် နှစ်ပတ်လည်နေ့   အထိမ်းအမှတ် အဖြစ်   မြန်မာ-တရုတ်   နှစ်နိုင်ငံ အကြား မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု     အထူးရန်ပုံငွေ (၂၀၂၄)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့်   စီမံကိန်းများ အတွက်     ရန်ပုံငွေလွှဲပြောင်းမှု ဆိုင်ရာ      သဘောတူညီချက် လက်မှတ်ရေးထိုးသည့်   အခမ်း အနားတစ်ရပ်ကို ယနေ့နံနက်ပိုင်း က  နေပြည်တော်ရှိ   M Gallery ဟိုတယ်၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့    ဒုတိယ ဝန်ကြီးချုပ်နှင့်    နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့      သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်၊ သာသနာရေးနှင့်    ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊      စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်    ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊     သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဦးလှမိုး၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး   ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင် ရီ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး   ဒေါက်တာချာလီသန်း၊ သိပ္ပံနှင့်   နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊   နိုင်ငံခြားရေး ဝန်ကြီးဌာန    ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများမှ အဆင့်မြင့်အရာရှိကြီး များ တက်ရောက်ကြသည်။ 
ပူးပေါင်းဆောင်ရွက်မှု 
မြှင့်တင်ခဲ့
အခမ်းအနားတွင်   ဒုတိယ ဝန်ကြီးချုပ်နှင့်     ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေက ငြိမ်းချမ်း စွာ အတူယှဉ်တွဲနေထိုင်ရေးမူဝါဒအပေါ်အခြေခံကာ ၂၀၁၁ ခုနှစ် တွင်      နှစ်နိုင်ငံဆက်ဆံရေးကို ဘက်စုံ     မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုသို့ မြှင့်တင် ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် မြန်မာ-တရုတ်    မျှဝေသော   အနာဂတ် အသိုက်အဝန်းသို့    ဆက်လက် တိုးမြှင့်ခဲ့ကြောင်းနှင့် တရုတ်နိုင်ငံ ၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် ၂၀၁၇ ခုနှစ်တွင်စတင်ခဲ့သည့်   မဲခေါင်-လန်ချန်း   ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ    စီမံကိန်းများနှင့် အတူ မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု၏  အောင်မြင်မှုကို အလေးပေးပြောကြားပြီး မဲခေါင်-လန်ချန်း   ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်ရှိ      ပူးပေါင်း ဆောင်ရွက်မှုနယ်ပယ် ခုနစ်ခုတွင် အကောင်အထည်ဖော်ဆောင်ရွက် သည့် စီမံကိန်းများကို ထောက်ပံ့ ပေးအပ်သည့်     တရုတ်နိုင်ငံကို ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာ နိုင်ငံအနေဖြင့်   တရုတ်နိုင်ငံနှင့် မဲခေါင်-လန်ချန်း         ပူးပေါင်း ဆောင်ရွက်မှု    အဖွဲ့ဝင်နိုင်ငံများ နှင့်အတူ ဒေသတွင်းငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့်   တည်ငြိမ် အေးချမ်းရေးတို့ကို “မြစ်တစ်စင်း နှင့် မျှဝေသောအနာဂတ်” မဲခေါင်-လန်ချန်းစိတ်ဓာတ်ဖြင့်   အတူ တကွ  ပူးပေါင်းဆောင်ရွက်သွား မည့်ကတိကဝတ်ကို ထပ်လောင်း ပြောကြားသည်။ 
 ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့      သမ္မတနိုင်ငံ သံအမတ်ကြီး     မစ္စတာချန်းဟိုင် က   နှစ်နိုင်ငံအကြား    ဆွေမျိုး ပေါက်ဖော်     ရင်းနှီးခင်မင်မှု၊ အပြန်အလှန် နားလည်လေးစားမှု နှင့်     အကူအညီပေးမှုများကို ပြန်လည်အမှတ်ရပါကြောင်းနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှုသည် မျှဝေသည့်အနာဂတ် အသိုက်အဝန်းတစ်ခုကို ပူးပေါင်း တည်ဆောက်ရာတွင်    အရေးပါ သော   စင်္ကြံတစ်ခုဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ အပါအဝင်      မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု    အဖွဲ့ဝင် နိုင်ငံများနှင့်    နှစ်နိုင်ငံရေးရာနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုများကို  တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်    မြန်မာပြည်သူ များ၏   အကျိုးစီးပွားအတွက် မဲခေါင်-လန်ချန်း  ပူးပေါင်းဆောင် ရွက်မှု      အထူးရန်ပုံငွေစီမံကိန်း များ အကောင်အထည်ဖော်ရာတွင် ဆက်လက်၍ အကူအညီပေးသွား မည်ဖြစ်ကြောင်း ပြောကြားသည်။ 
လက်မှတ်ရေးထိုး
ယင်းနောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု     အထူး ရန်ပုံငွေ (၂၀၂၄) ဖြင့်  အကောင် အထည်ဖော်ဆောင်ရွက်မည့် စီမံ ကိန်းများအတွက်     ရန်ပုံငွေ လွှဲပြောင်းမှုဆိုင်ရာ သဘောတူညီ ချက်ကို ဒုတိယဝန်ကြီး ဦးလွင်ဦး နှင့်   တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး  မစ္စတာချန်းဟိုင် တို့က လက်မှတ်ရေးထိုးပြီး (ဝဲပုံ) အပြန်အလှန် လဲလှယ်ကြသည်။
အဆိုပါ    သဘောတူညီချက် အရ မဲခေါင်-လန်ချန်း   ပူးပေါင်း ဆောင်ရွက်မှု      အထူးရန်ပုံငွေ (၂၀၂၄)ဖြင့်  မြန်မာနိုင်ငံ၏ ဝန်ကြီး ဌာနခြောက်ခုက    အကောင် အထည်ဖော်   ဆောင်ရွက်မည့် စီမံကိန်း စုစုပေါင်း  ၁၂ ခုအတွက် အမေရိကန်ဒေါ်လာ  ၃ ဒသမ ၆ သန်းခန့်ကို      တရုတ်နိုင်ငံက မြန်မာနိုင်ငံထံသို့     လွှဲပြောင်း ပေးအပ်မည်ဖြစ်ပြီး   အဆိုပါစီမံ ကိန်း  ၁၂  ခုကို   စိုက်ပျိုးရေးနှင့် မွေးမြူရေး၊    သစ်တောဆိုင်ရာ အရင်းအမြစ်များ      ကာကွယ် ထိန်းသိမ်းရေး၊   အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များတွင် သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုသော အလေ့အထနှင့် တီထွင်ဆန်းသစ်မှုများ   ဆောင် ရွက်ရေး၊ ကျေးရွာအဆင့် ဆင်းရဲ နွမ်းပါးမှုလျှော့ချရေး၊   သတင်း အချက်အလက် နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုနှင့် ယဉ်ကျေးမှု ကဏ္ဍမြှင့်တင်ရေး စသည့်နယ်ပယ် များ၌   အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံအနေဖြင့် တရုတ် နိုင်ငံက ထောက်ပံ့ပေးအပ်သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှု ရန်ပုံငွေမှတစ်ဆင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ   အမေ ရိကန်ဒေါ်လာ ၃၅ သန်းခန့် တန်ဖိုး ရှိသော ကဏ္ဍပေါင်းစုံ   စီမံကိန်း ၁၁၈    ခုကို   လက်ခံရရှိပြီးဖြစ် ကြောင်း သိရသည်။    
သတင်းစဉ်