
ကဘူးလ် ဇွန် ၁၄
အာဖဂန်နစ္စတန်၌ တာလီဘန်တို့က မိန်းကလေးများ အလယ်တန်းကျောင်းတက်ရောက်ခြင်းကို တားမြစ် သည်မှာ ရက်ပေါင်း ၁၀၀၀ ကျော်ရှိပြီဖြစ်သည်။ မိန်းကလေးများ၏ ဘဝနှင့်အနာဂတ်များ ပျက်စီး လျက်ရှိကြောင်း ကုလသမဂ္ဂအေဂျင်စီက ပြောကြား သည်။
ယင်းသို့ မိန်းကလေးများအပေါ် အလယ်တန်း ပညာသင်ကြားခွင့်တားမြစ်ခြင်းမှာ ဝမ်းနည်းဖွယ်ရာ မှတ်တိုင်တစ်ခုဖြစ်ကြောင်း ကုလသမဂ္ဂအပြည်ပြည် ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်) က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ပညာသင်ကြားခွင့် ရက်ပေါင်း ၁၀၀၀ ဆုံးရှုံးမှုမှာ အာဖဂန်မိန်းကလေး များအတွက် ပညာသင်ကြားမှုနာရီပေါင်း သုံးဘီလီယံ အထိ တိုးမြှင့်လာကြောင်း ယူနီဆက်က ပြောသည်။
၎င်းတို့ကို စာသင်ခန်းအတွင်းမှ ထုတ်ပယ် ခြင်းသည် ပညာသင်ကြားခွင့်ကို ချိုးဖောက်ခြင်း ဖြစ်ပြီး စိတ်ကျန်းမာရေးကို ထိခိုက်နစ်နာစေခြင်းဖြစ် သည်ဟု ယူနီဆက်က ပြောကြားသည်။ တာလီဘန်တို့ သည် အလုပ်လုပ်ရန်တားမြစ်ထားပြီးဖြစ်သည့် အမျိုး သမီးအရပ်ဘက်ဝန်ထမ်းများအား မိမိတို့၏လစာများ ကို အနိမ့်ဆုံးအထိ ဖြတ်တောက်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက ပြောကြားသည်။
၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်း တာလီဘန်တို့က အာဏာပြန်လည်ရရှိသည့်အချိန်မှစကာ အလယ် တန်းကျောင်းများတက်ရောက်မှုကို တားမြစ်ခံထားရ သည့် အာဖဂန်မိန်းကလေး ၁ ဒသမ ၅ သန်းခန့် ရှိကြောင်း သိရသည်။
ဆင်ဟွာ