သတ်မှတ်ကာလကျော်လျှင် အရေးယူမှုများ ရှိမည်ဖြစ်၍ အီဂျစ်ရောက် မြန်မာနိုင်ငံသားများ အနေဖြင့် နေထိုင်ခွင့်နှင့် ပတ်သက်၍ အချိန်မီဆောင်ရွက်ရန် သံရုံးသတိပေး

ရန်ကုန်  ဇွန်   ၁၄
သတ်မှတ်ကာလကျော်လျှင် အရေးယူမှုများရှိမည်ဖြစ်၍ အီဂျစ် ရောက် မြန်မာနိုင်ငံသားများအနေဖြင့် နေထိုင်ခွင့်နှင့်ပတ်သက်၍ အချိန်မီဆောင်ရွက်ရန်  အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ   မြန်မာ သံရုံးက သတိပေးတိုက်တွန်းနှိုးဆော်ထားသည်။
အီဂျစ်နိုင်ငံ၌ နေထိုင်လျက်ရှိသည့် နိုင်ငံခြားသားများအနေ ဖြင့် အီဂျစ်နိုင်ငံတွင်နေထိုင်စဉ်ကာလအတွင်း  သက်တမ်းရှိသည့် နေထိုင်ခွင့် (Stay Permit)များ  လျှောက်ထားဆောင်ရွက်ကြရန် အီဂျစ်ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံကူးလက်မှတ်၊ လူဝင်မှုကြီးကြပ် ရေးနှင့်နိုင်ငံသားများဌာန  (General  Authority of Passport, Immigration  and  Nationality) မှ ၂၀၂၄ ခုနှစ်  ဇန်နဝါရီလက ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်းလည်း သံရုံး၏ ထုတ်ပြန်ချက်၌‌ ဖော်ပြထားသည်။
ယခုအခါ အီဂျစ်နိုင်ငံတွင် ရောက်ရှိနေထိုင်လျက်ရှိသော နိုင်ငံခြားသားများအားလုံးအနေဖြင့် နေထိုင်ခွင့်ကတ် (Resident Card) ကို ၂၀၂၄ ခုနှစ် ဇွန်  ၃၀ ရက် နောက်ဆုံးထား၍ အီဂျစ်ပြည်ထဲရေး ဝန်ကြီးဌာန၊ နိုင်ငံကူးလက်မှတ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသား များဌာနထံတွင် လျှောက်ထားကြရန် အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အသိပေးအကြောင်းကြားလာသည်ဟု ပါရှိသည်။
ထို့ကြောင့်     အီဂျစ်နိုင်ငံ၌     အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေထိုင်လျက်ရှိသော မြန်မာနိုင်ငံသားများအနက် အီဂျစ် နိုင်ငံတွင် နေထိုင်ခွင့်ကတ်မရှိသေးသူ(သို့မဟုတ်) သက်တမ်းကုန်ဆုံး နေသူများအနေဖြင့် နေထိုင်ခွင့်ကတ်များကို ၂၀၂၄  ခုနှစ် ဇွန်   ၃၀ ရက်  နောက်ဆုံးထားလျှောက်ထားရန်  လိုအပ်မည်ဖြစ်ကြောင်း လည်း သံရုံး၏ထုတ်ပြန်ချက်၌ ပါရှိသည်။
ထိုသိုလျှောက်ထားခြင်းမပြုပါက ၂၀၂၄ ခု စက်တင်ဘာ ၃၀ ရက် နောက်ပိုင်းမှစတင်၍ အီဂျစ်အစိုးရက အရေးယူမှုများကို ထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အီဂျစ်နိုင်ငံတွင်ပညာ သင်ကြားနေသူများအနေဖြင့် ပြည်နေထိုင်ခွင့်ကတ်အပြင် သက်ဆိုင် ရာကျောင်း/တက္ကသိုလ်များမှ ထုတ်ပေးထားသည့် ကျောင်းသား ကတ်ကိုပါ တာဝန်ရှိသူများစစ်ဆေးသည့်အခါ ကြည်ဖြူစွာစစ်ဆေး ခံယူခြင်းနှင့်ကူညီပေးနိုင်ရေး သက်ဆိုင်ရာနိုင်ငံသားများသို့ အသိပေး ထားရှိပေးပါရန် အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြောင်းကြား လာသည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။         MT