လွိုင်ကော်မြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက် 

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကယားပြည်နယ်အတွင်း ဝင်ရောက်နေရာယူ၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် ကြိုးပမ်းနေသည့် PNLO အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား  တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်ချေမှုန်း၊ လွိုင်ကော်မြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက် 
 

နေပြည်တော်  ဇွန်  ၁၅


အေးချမ်းတည်ငြိမ်လျက်ရှိသည့်   ရှမ်းပြည်နယ် (တောင်ပိုင်း)ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကယားပြည်နယ်အတွင်း    တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်အတွက်  မိုးဗြဲ၊ ဖယ်ခုံ၊ လွိုင်ကော်၊ ဒီမော့ဆိုးမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ ၏ တပ်/စခန်းများအား PNLO အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက အင်အားအလုံးအရင်းဖြင့် ဇန်နဝါရီ ၂၆ ရက်တွင် ဝင်ရောက်တိုက်ခိုက်ပြီး  မြို့နှင့် အနီး ပတ်ဝန်းကျင်အတွင်း ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လူနေအိမ်နှင့် အစိုးရအုပ်ချုပ် မှုယန္တရားများ ရပ်တန့်စေရန် ဌာနဆိုင်ရာအဆောက် အဦများအား  မီးရှို့ဖျက်ဆီးခြင်း၊   မိုင်းထောင်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ သည်။ ထို့ပြင် ဟိုပုံး-ဘန်းယဉ်-ဆီဆိုင်-လွိုင်ကော် လမ်းကြောင်းတစ်လျှောက်အား  ပိတ်ဆို့၍  အဆိုပါ ဒေသအတွင်း    အဖျက်အမှောင့်လုပ်ငန်းများအား အဆက်မပြတ် လုပ်ဆောင်ခဲ့ကြသည်။
အဆိုပါ အကြမ်းဖက်သမားများ ထိန်းချုပ်ထား သည့်   ဒေသများအား  လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter – Terrorism Operation) ကို ဇန်နဝါရီ ၂၉ ရက်မှစ၍ အဆင့်ဆင့်ခြေကုပ်ယူ၍ဆောင်ရွက်ခဲ့ရာ ဆီဆိုင်-လွိုင်ကော် လမ်းကြောင်း (၄၂) မိုင်အား မေ ၂၉ ရက် တွင်ပြန်လည် တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့ပြီး အကြမ်း ဖက်သမားများနှင့် ထိတွေ့တိုက်ပွဲများ  (၈၇)  ကြိမ်   ဖြစ်ပွားခဲ့သည်။   ၎င်းမှ    လွိုင်ကော်မြို့  လုံခြုံရေးနှင့် လေယာဉ်ကွင်းအား အဓိကနှောင့်ယှက်မှု  ပြုလုပ်ခဲ့ ရာ စက်မှုဇုန်နယ်မြေနှင့်  နာနတ်တောရပ်ကွက် တို့အား ဇွန် ၁၄ ရက်တွင် ထပ်မံရှင်းလင်းဆောင်ရွက် နိုင်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ပြင်တစ်ဝိုက် သို့     ဆက်လက်ရှင်းလင်းဆဲဖြစ်ကြောင်း    သိရ သည်။
တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်း ပြီးသည့်နေရာများသို့  အကြမ်းဖက်သောင်းကျန်းသူ များ ဖျက်ဆီးခဲ့မှုကြောင့် ပျက်စီးခဲ့သည့် မြို့၊ ရွာများ အတွင်း အပျက်အစီးများကို  ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ဒေသခံပြည်သူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် မိုင်းရှင်းလင်းရေး လုပ်ငန်းများကိုလည်း  ကယားပြည်နယ် ဝန်ကြီးချုပ် နှင့်  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်   တိုင်းမှူးတို့က ဦးဆောင်၍ အချိန်နှင့်တစ်ပြေးညီ  ဆောင်ရွက်လျက် ရှိသည်။  
ယခုအခါ လွိုင်ကော်မြို့သည် ပုံမှန်အခြေအနေ အတိုင်း ပြန်လည်တည်ငြိမ်အေးချမ်းလာပြီဖြစ်သည့် အတွက် ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် စတင် သွားလာနေထိုင်လျက်ရှိကြရာ ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့အတွင်း    အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးခဲ့သည့် သီရိမင်္ဂလာ(ဗဟို)ဈေးအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက ဈေးအတွင်း မီးလောင်ပျက်စီး ခဲ့သည့် အဆောက်အဦများကို  ဖယ်ရှားရှင်းလင်း ခြင်း၊ ဒေသခံပြည်သူများ အဆင်ပြေစေရေးအတွက် ယာယီဈေး  ဖွင့်လှစ်နိုင်ရေး  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးခြင်း၊ လွိုင်ကော်မြို့အတွင်းရှိ  သီရိ မင်္ဂလာ(တောင်ကွဲ)စေတီ၊ မြို့နာမ်စေတီအပါအဝင် ဘုရားစေတီများ၊    တံတားများနှင့်  လမ်းများအား သန့်ရှင်းရေးဆောင်ရွက်ပေးခြင်းများ   အပါအဝင် မြို့အတွင်း   ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများ အပါအဝင် တပ်ရင်း/တပ်ဖွဲ့မှ    မိသားစုများ၊    ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက    တပျော်တပါးလုပ်အား ပါဝင်ပေးခဲ့ကြသလို   စေတနာရှင်များကလည်း လုပ်အားပေးအဖွဲ့များအား စားစရာနှင့် သောက်ရေ သန့်များ လှူဒါန်းခဲ့ကြပြီး အဆိုပါလုပ်အားပေးအဖွဲ့ များကို ကယားပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး သွားရောက်ကြည့်ရှု အားပေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။     သတင်းစဉ်