
လန်ဒန် ဇွန် ၁၅
ဗြိတိန်နိုင်ငံ၏ ဝေလမင်းသမီး သည် မတ်လမှစတင်ကာ ကင်ဆာရောဂါ ကုသမှုခံယူနေ သည့်နောက်ပိုင်း ပထမဦးဆုံး အကြိမ်အဖြစ် ကိုယ်ရေးကိုယ် တာ စာတစ်စောင်ထုတ်ပြန်ခဲ့ သည်။ ဝေလမင်းသား ဝီလီယံ နှင့် လက်ထပ်ထားသည့် ကတ်သရင်းသည် ၎င်း၏ ကင်ဆာရောဂါ ကုသမှုမှာ အခြေအနေများ တိုးတက် ကောင်းမွန်နေသည်ဟု ဇွန် ၁၄ ရက်က ကြေညာချက်ထုတ်ပြန် ခဲ့သည်။
ချားလ်ဘုရင်၏ မွေးနေ့ပွဲ အထိမ်းအမှတ် ချီတက်ပွဲအခမ်း အနား၌ ဝေလမင်းသမီး တက် ရောက်မည်ဟု ၎င်းက ထုတ်ဖော် ပြောကြားခဲ့သည်။ ဒီဇင်ဘာလမှ စတင်ကာ ဝေလမင်းသမီး ကတ်သရင်းသည် လူထုရှေ့မှောက် ထွက်ပေါ်လာခြင်း မရှိခဲ့ချေ။ ချားလ်ဘုရင်၏ မွေးနေ့ပွဲအခမ်း အနားတွင် ပထမဆုံးအကြိမ် အဖြစ် လူထုရှေ့တွင် ပြန်လည် ထွက်ပေါ်လာမည်ဖြစ်သည်။
အသက် ၄၂ နှစ်အရွယ် ဝေလ မင်းသမီးသည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ဝမ်းဗိုက် ပိုင်း ခွဲစိတ်ကုသမှုခံယူခဲ့သည်။ နောက်ပိုင်း၌ ၎င်းတွင် ကင်ဆာ ရောဂါ ခံစားနေရကြောင်း တွေ့ရှိ ခဲ့ပြီး ကုသမှုပိုင်းတွင် အာရုံစိုက် ရန် ဝေလမင်းသမီး၏ တော်ဝင် လုပ်ငန်းဆောင်တာများကို ရပ် နားခဲ့သည်။
အင်န်အိတ်ချ်ကေ