မုဒုံမြို့၌ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လက်ရက်ကန်းသင်တန်း ဒုတိယအကြိမ် ဖွင့်လှစ်မည်

မုဒုံ    ဇွန်    ၁၈
မွန်ပြည်နယ်    မုဒုံမြို့နယ်တွင်  အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်း ကျောင်း၌ လက်ရက်ကန်း ခြောက်လသင်တန်း  ဒုတိယအကြိမ် ကို ဇူလိုင် ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။
သဘာဝဆိုးဆေးကို အခြေခံ၍ အဝတ်အထည် အသုံး အဆောင်ပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင် စေရန်၊ ရက်ကန်းပညာရပ်များ   တိမ်ကော ပပျောက်မှုမရှိစေရေး၊         ဒေသအတွင်း  အသေးစား၊ အလတ်စား (MSME)  လုပ်ငန်းများ     ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ရက်ကန်းလုပ်ငန်းများ      ကျွမ်းကျင် စွာ တတ်မြောက်၍ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့် အလမ်းရရှိစေပြီး တစ်ပိုင်တစ်နိုင်  စီးပွားရေးလုပ်ငန်း တိုးပွားလာစေရန်၊    ယင်းလုပ်ငန်းများအတွက်  လိုအပ်သောနည်းပညာ    အထောက်အပံ့များ    ဆောင်ရွက်ပေးနိုင်ရေးအတွက် လက်ရက်ကန်းသင်တန်းကို တစ်နှစ်လျှင် နှစ်ကြိမ် ဖွင့်လှစ်ပေးလျက် ရှိကြောင်း     ကျောင်းအုပ်ဆရာမကြီး       ဒေါ်မြတ်ဇာခြည်ကျော်က ပြောသည်။
အဆိုပါသင်တန်းကို   ဇူလိုင်  ၁  ရက်မှ  ဒီဇင်ဘာ  ၃၁  ရက်အထိ လက်ရက်ကန်းပညာရပ်များကို  သင်ကြားပေးမည်ဖြစ်ရာ သင်တန်းသူ တစ်ဦးလျှင် လစဉ်ငွေကျပ် ၃၀၀၀၀ ထောက်ပံ့ပေးမည်ဖြစ်ပြီး ၁၀ ဦး    လက်ခံမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)