ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်နှုန်းရရှိရေး တန်ဖိုးသင့် လက်ဆွဲကောက်စိုက်စက် ၄၈ လုံး လွှဲပြောင်းထောက်ပံ့ပေးအပ်

သာယာဝတီ   ဇွန်   ၁၈
ပဲခူးတိုင်းဒေသကြီး   (အနောက် ခြမ်း)  ပြည်ခရိုင်၊   နတ်တလင်း ခရိုင်နှင့်   သာယာဝတီခရိုင်တို့ အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့အစီအစဉ်ဖြင့်  မိုးစပါးစိုက် ဧကများ ပန်းတိုင်အထွက်နှုန်းရရှိ ရေးတွက်   တန်ဖိုးသင့်လက်ဆွဲ ကောက်စိုက်စက်များ    ဖြန့်ဝေ ထောက်ပံ့ခြင်း   အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက သာယာ ဝတီမြို့   ဆရာစံခန်းမ၌   ကျင်းပ သည်။
ရှေးဦးစွာ   တိုင်းဒေသကြီး ဝန်ကြီးချုပ်က     တိုင်းဒေသ ကြီးအတွင်း မျိုးကောင်းမျိုးသန့် ပြောင်းလဲပေးနိုင်ခဲ့ခြင်း၊ စနစ်ကျ လယ်ယာမြေပြုပြင်ပေးနိုင်ခြင်း၊  စိုက်ပျိုးရေရရှိရေး    နည်းလမ်း ပေါင်းစုံဖြင့်     ဆောင်ရွက်ပေး နိုင်ခဲ့ခြင်း၊    စိုက်ပျိုးနည်းစနစ် များ ပြုပြင်ပေးနိုင်ခဲ့ခြင်းတို့ကြောင့် အဓိကသီးနှံ ၁၀ မျိုးအနက် အဓိက သီးနှံ ခြောက်မျိုးအပြင်  နွေစပါး လည်း    ပန်းတိုင်အထွက်နှုန်း ကျော်လွန်ရရှိနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခုနှစ်   မိုးစပါးစိုက်ရာသီတွင် မိုးစပါးစိုက်ဧကများ    ပန်းတိုင် အထွက်နှုန်း      ရရှိရေးအတွက် တန်ဖိုးသင့် လက်ဆွဲကောက်စိုက် စက်များ  ဖြန့်ဝေထောက်ပံ့ပေး ရခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးသည်   ပဲခူးတိုင်း ဒေသကြီး၏ အဓိက   စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ကာ မဖြစ်မနေ စက်မှုလယ်ယာသို့      အလုံးစုံ ပြောင်းလဲသွားရတော့မည်   ဖြစ်၍ ယခုကဲ့သို့          တောင်သူများ လက်လှမ်းမီနိုင်သည့် ဈေးနှုန်းဖြင့် တန်ဖိုးသင့်လက်ဆွဲ ကောက်စိုက် စက်များ ထုတ်လုပ်ရောင်းချပေး လျက်ရှိသကဲ့သို့  ခရိုင်များအလိုက် လည်း    တန်ဖိုးသင့်   လက်ဆွဲ ကောက်စိုက်စက်များ    ဖြန့်ဝေ ထောက်ပံ့ပေးလျက်   ရှိကြောင်း၊ တောင်သူများအတွက် စိုက်ပျိုး သီးနှံအလိုက်   စက်မှုလယ်ယာ စနစ်ဖြင့် မြေပြုပြင်ချိန်၊   စိုက်ပျိုး ချိန်၊ သွင်းအားစုထည့်သွင်းချိန်နှင့် ရိတ်သိမ်းချိန်တို့တွင် သက်ဆိုင်ရာ လယ်ယာသုံး    စက်ကိရိယာများ သုံးစွဲနိုင်ရေး   အထူးအလေးထား ပြီး တီထွင်ဖန်တီးပေးသွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက်  တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးက   သီးနှံ အလိုက်   ကျရောက်တတ်သည့် ပိုးမွှားနှင့်   ဖြစ်ပွားတတ်သည့် ရောဂါပိုးများ  ကာကွယ်နှိမ်နင်း ခြင်းဆိုင်ရာ     အသိပညာပေး ပြောကြားပြီး     တိုင်းဒေသကြီး ဝန်ကြီးချုပ်က      ပြည်ခရိုင်၊ နတ်တလင်းခရိုင်နှင့်    သာယာ ဝတီခရိုင်တို့အတွက်  လက်ဆွဲ ကောက်စိုက်စက်  ၄၈  လုံးအား လွှဲပြောင်းထောက်ပံ့    ပေးအပ် သည်။  
ယင်းနောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေသခံ ပြည်သူများအား    ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားပြီး       တန်ဖိုးသင့် လက်ဆွဲ     ကောက်စိုက်များကို လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်   ပေါင်းတည် မြို့နယ်  ကြူတောကန်ကျေးရွာ အုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း နွေစပါးဧက ၈၀ ရိတ်သိမ်းခြွေလှေ့ စက်ဖြင့်       ရိတ်သိမ်းနေမှုကို သွားရောက် ကြည့်ရှုအားပေးခဲ့ရာ အစိုတင်း ၁၅၈ တင်း   ထွက်ရှိ ကြောင်း သိရသည်။ ယင်းနောက် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ စပါးနှင့်ပဲ အလှည့်ကျစိုက်ပျိုးမှသာ မြေဇီဩဇာ    ပိုမိုကောင်းမွန်မည် ဖြစ်ပြီး ဒေသရာသီဥတုနှင့်ကိုက်ညီ သည့်   မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး   အသိ ပညာပေးရန်နှင့်   တောင်သူများ ကိုယ်တိုင်လက်တွေ့     သိမြင် လုပ်ကိုင်နိုင်ရေး   စံပြကွက်များ ဖော်ဆောင်ပေးရန်နှင့် သီးနှံအမျိုး အစားအလိုက် မျိုးယှဉ်ပြိုင်စမ်းသပ် ကွက်များဖြင့်    စိုက်ပျိုးပြသရန် တာဝန်ရှိသူမျာအား    မှာကြား သည်။
ထို့နောက်   တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇီးကုန်း မြို့နယ် ဝက်စာဖိုးကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း မြေဧရိ ယာဧက  ၁၅၀  ကို    လက်ဆွဲ ကောက်စိုက်စက်ဖြင့်   မိုးစပါး စိုက်ပျိုးနေမှုကို  ကြည့်ရှုအားပေး ပြီး      ဒေသခံတောင်သူများ အတွက် သွင်းအားစုများထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။
  တိုင်းဒေသကြီး(ပြန်/ဆက်)