၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ငွေနှင့် ဗလာစာအုပ်များ ပေးအပ်ပွဲအခမ်းအနားကျင်းပ

မော်လမြိုင်    ဇွန်   ၁၈
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေး ပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ဝန်ထမ်း     သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့်  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာ သင်ထောက်ပံ့ငွေနှင့် ဗလာစာအုပ် များ ပေးအပ်ပွဲအခမ်းအနားကို ဇွန် ၁၈ရက် နံနက်ပိုင်းက  မော်လမြိုင် မြို့       ပြည်နယ်အစိုးရအဖွဲ့ရုံး ရာမညခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း က မွန်ပြည်နယ်သည် ပညာရေးတွင် အစဉ်အလာကောင်းသည့်ပြည်နယ် တစ်ခုဖြစ်ပြီး၂၀၁၀ - ၂၀၁၁ ပညာ သင်နှစ်မှစ၍ မြန်မာတစ်ပြည်လုံး တက္ကသိုလ်ဝင်တန်း  အောင်မြင်မှု အောင်ချက်အများဆုံး ပထမ(၈)ကြိမ်၊ ဒုတိယ(၁)ကြိမ်၊ တတိယ (၂)ကြိမ်တို့ရရှိခဲ့ပြီး ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်    တက္ကသိုလ်ဝင် စာမေးပွဲတွင် ပြည်နယ်/ တိုင်းဒေသ ကြီးအလိုက်  အဆင့်သတ်မှတ်မှု ဖော်ပြခဲ့ခြင်း    မရှိခဲ့သော်လည်း ဘာသာစုံဂုဏ်ထူးရှင် ၄၆ ဦးနှင့် ဝိပ္ပံတွဲတွင် မြန်မာပြည်  တစ်ပြည် လုံး   Top Ten နှစ်ဦး၊ ဝိဇ္ဇာတွဲတွင် တစ်ဦးရရှိခဲ့ပြီး   တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်  ရာခိုင်နှုန်း သည် (၅၉ ဒသမ ၀၈ ရာခိုင်နှုန်း)   ရရှိခဲ့ကြောင်း၊     ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ရုံးအဆင့်ဆင့်တွင်   တာဝန်ထမ်း ဆောင်လျက်ရှိကြတဲ့  ဝန်ထမ်း သား/ သမီး ၁၇ ဦးမှ  တက္ကသိုလ် ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆို ခဲ့ရာ    တစ်ဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ ရိုးရိုးအောင်မြင်သူ ၁၀ ဦး၊ စုစုပေါင်း ၁၂ ဦး အောင်မြင်ခဲ့ပြီး  ရာခိုင်နှုန်း အနေဖြင့် (၇၀ ဒသမ ၅၉ ရာခိုင် နှုန်း)  ရရှိခဲ့သည့်အတွက်   ဌာနကိုယ်စား     ဝမ်းမြောက် ဂုဏ်ယူကြောင်း ပြောကြားသည်။
ထို့နောက်  ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲ တွင် ထူးချွန်စွာအောင်မြင်ခဲ့သူ သားသမီးများနှင့်  ၂၀၂၄ - ၂ဝ၂၅ ပညာသင်နှစ်တွင်  တက္ကသိုလ် အဆင့် / အခြေခံပညာအထက် တန်း/ အလယ်တန်း/ မူလတန်း တို့၌ ပညာသင်ကြားနေသော သား သမီးများအား မွန်ပြည်နယ်အစိုးရ အဖွဲ့မှ  ထောက်ပံ့ပေးအပ်သော ပညာသင်ထောက်ပံ့ငွေကျပ် ၄၅ သိန်းအား     လည်းကောင်း၊ မော်လမြိုင်ခရိုင်၊   သထုံခရိုင်၊ ကျိုက်ထိုခရိုင်နှင့် ရေးခရိုင်အတွင်း ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများမှ     တက္ကသိုလ် အဆင့် /  အခြေခံပညာအထက် တန်း/ အလယ်တန်း/ မူလတန်းတို့ ၌ ပညာသင်ကြားနေသော သား သမီးများအတွက် မွန်ပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ် သော ပညာသင်ထောက်ပံ့ငွေကျပ် ၁၄ သိန်းကို    လည်းကောင်း ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးများက    ပေးအပ်ခဲ့ရာ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင် အုပ်ချုပ်ရေးမှူးများက    လက်ခံ ယူသည်။
ယင်းနောက် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်   တက္ကသိုလ်ဝင် စာမေးပွဲတွင် တစ်ဘာသာဂုဏ်ထူး နှင့်    ရိုးရိုးအောက်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများနှင့် တက္ကသိုလ်အဆင့်/ အခြေခံပညာ အထက်တန်း /  အလယ်တန်း/ မူလတန်းတို့၌ ပညာသင်ကြားနေ သော  သားငယ်  သမီးငယ်များ အား    ပြည်နယ်ဝန်ကြီးများက ပညာသင်ထောက်ပံ့ ငွေ၊ ထီးနှင့် ဗလာစာအုပ်များအား  ပေးအပ် ချီးမြှင့်ခဲ့ပြီး တစ်ဘာသာဂုဏ်ထူး ရှင် ကျောင်းသူတစ်ဦးမှ ကျေးဇူး တင်စကား    ပြန်လည်ပြောကြား ၍     ပြည်နယ်ဝန်ကြီးချုပ်နှင့်    ပြည်နယ်ဝန်ကြီးများက ကျောင်း သား ကျောင်းသူများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)