မော်လမြိုင်မြို့ ကျိုက်မရောဗဟိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို အတင်းအကျပ်အလုပ်လုပ်ခိုင်းပြီး  ထိခိုက်ဒဏ်ရာရချိန် ဆေးကုသမပေးသဖြင့် ထောင်ဆူပူမှုဖြစ်ပွားဟု မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

မော်လမြိုင်   ဇွန်   ၁၈
မော်လမြိုင်မြို့   ကျိုက်မရောဗဟိုအကျဉ်းထောင် တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို အတင်းအကျပ် အလုပ်လုပ်ခိုင်းပြီး ထိခိုက်ဒဏ်ရာရချိန် ဆေးကုသ မပေးသဖြင့်      ထောင်ဆူပူမှုဖြစ်ပွားသည်ဟု သတင်းတု၊    သတင်းမှားများကို    တရားမဝင် ပြည်ဖျက်မီဒီယာ    ခေတ်သစ်က     မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်မှာ  မွန်ပြည်နယ်အကျဉ်းဦးစီးဌာန၏ ပြောကြားချက်အရ  ကျိုက်မရောအကျဉ်းထောင် အမျိုးသမီးဆောင်နှင့် ဆေးရုံဆောင်ကြားရှိ ခြားရိုး ကို ဟင်ဂလန်တိုင်ထောင်၍  အမိုးသွပ်ဖြင့် ကာရံ မြှင့်တင်ခြင်းလုပ်ငန်းများ     ဆောင်ရွက်ရာတွင် ထိခိုက်ဒဏ်ရာရရှိသည်ဟုဆိုသည့်   အကျဉ်းသား အား  ခိုင်းစေခြင်းလုံးဝမရှိခဲ့ကြောင်း၊ ခြားရိုး ကာရံ ခြင်းလုပ်ငန်းများ  သိမ်းဆည်း၍    ငြမ်းဖြုတ်ရန် သံကိုင်းအပေါ်သို့မြှောက်စဉ်    အကျဉ်းထောင် အတွင်း    လမ်းမီးလျှပ်စစ်ကြိုးဖြင့်   ထိမိပြီး     အကျဉ်းသားသည် အမြင့်မှပြုတ်ကျကာ   ထိခိုက် ဒဏ်ရာရရှိခဲ့သဖြင့်      အကျဉ်းထောင်ဆေးရုံအုပ် နှင့်       ဆရာဝန်များ က     ချက်ချင်းဆေးကုသမှုများ   ပြုလုပ်ပေးပြီး    အချိန်နှင့်တစ်ပြေးညီ     ဆေးရုံကြီး သို့ ပို့ဆောင် ပေးကာ  လိုအပ်သည့်  ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တရားမဝင်ခေတ်သစ်မီဒီယာသည်    အခြေ အမြစ်မရှိသော    သတင်းတု၊   သတင်းမှားများကို ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ဝေလျက်ရှိရာ ကျိုက်မရော ဗဟိုအကျဉ်းထောင်ဝန်ထမ်းများက ထိခိုက်ဒဏ်ရာရ အကျဉ်းသားအား လိုအပ်သည့်စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့မှုများအပေါ်   အများပြည်သူ အထင်အမြင်လွဲမှားစေရန်နှင့် စိုးရိမ်ထိတ်လန့်စေ ရန်အတွက် ကောလာဟလသတင်းများကို ဖြန့်ဝေ နေခြင်းဖြစ်ကြောင်း သိရသည်။
 ပြည်နယ် (ပြန်/ဆက်)