
နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆန်သိုလှောင်ရုံများနှင့် ဆန်ဆိုင်များ၊
ဆေးသိုလှောင်ရုံများနှင့် ဆေးဆိုင်များကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်
ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမရှိစေရေး ပူးပေါင်းအဖွဲ့များဖြင့် အပတ်စဉ်ကွင်းဆင်းစစ်ဆေးလျက်ရှိ
နေပြည်တော် ဇွန် ၁၉
ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီ (၂/၂၀၂၄) အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ်(၃၂) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည် ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက် ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည် နယ်များမှ ဝန်ကြီးချုပ်များ၊ စီးပွားရေးရာ ဝန်ကြီးများ၊ စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးများက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးက ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်များအရ ဆေးဝါးနှင့် ဆေးအထောက်အကူပစ္စည်းများ အပါ အဝင် အရေးကြီးကုန်စည်များ ပြတ်လပ်မှု နှင့် ဈေးနှုန်းမြင့်တက်မှုများ မဖြစ်ပေါ် စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ များ၊ ပုဂ္ဂလိကကဏ္ဍအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တင်ပြ နေသည့် ကိန်းဂဏန်းစာရင်းအင်းများကို မြေပြင်အခြေအနေမှန်နှင့် ကိုက်ညီစေရေး စိစစ်ကြပ်မတ် ဆောင်ရွက်လျက်ရှိ ကြောင်း၊ ကော်မတီအနေဖြင့် နေပြည် တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆန်သိုလှောင်ရုံများနှင့် ဆန်ဆိုင်များ၊ ဆေးသိုလှောင်ရုံများနှင့် ဆေးဆိုင်များကို ဈေးနှုန်းမြှင့်တင်ရောင်းချ ခြင်းနှင့် ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မရှိစေရေး ပူးပေါင်းအဖွဲ့များဖြင့် အပတ် စဉ် ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း။
၂၀၂၄ ခုနှစ်၊ မေလအတွင်း နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့် ရွှေဈေးနှုန်းများ မြင့်တက်လာသည်ကို တွေ့ရှိရကြောင်း၊ မရှိမဖြစ်လိုအပ်သည့် သွင်းကုန်ပစ္စည်း များအတွက် နိုင်ငံခြားငွေရရှိရေးကို နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ (FESC) က စိစစ်ခွင့်ပြုပေးလျက်ရှိ ကြောင်း၊ နိုင်ငံခြားငွေ အမှန်တကယ် အသုံးပြုရန် လိုအပ်သူများအတွက် ရရှိ နိုင်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ရွှေနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများက ကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကော်မတီ အနေဖြင့် ဆန်နှင့် စားသုံးဆီဈေးနှုန်း တည်ငြိမ်ရေးကိစ္စရပ်များကို ပထမဦးစား ပေးအဖြစ် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း။
ဆန်ဈေးနှုန်းနှင့် ပတ်သက်၍ စိုက်ပျိုး ရေး သွင်းအားစုဈေးနှုန်းများ မြင့်တက် ခြင်း၊ အလုပ်သမားခအပါအဝင် အထွေထွေ ကုန်ကျစရိတ်များ မြင့်တက်ခြင်းတို့သည် ဆန်ဈေးနှုန်းများ မြင့်တက်စေသည့် အကြောင်းများဖြစ်ကြောင်း၊ စားအုန်းဆီ ကို ရည်ညွှန်းဈေးသတ်မှတ်၍ တင်သွင်း ရောင်းချသည့် ကုမ္ပဏီများက တိုက်ရိုက် ဖြန့်ဖြူးရောင်းချပေးလျက် ရှိကြောင်း၊ စားအုန်းဆီ ဖြန့်ဖြူးရောင်းချရာတွင် အကျိုးအမြတ်ရရှိရေးကိုသာ မကြည့်ဘဲ ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးတို့ကို လည်း ညီညွတ်မျှတအောင် ဆောင်ရွက် ရန် လိုအပ်ကြောင်း၊ တိရစ္ဆာန်အစာ ဈေးနှုန်းမြင့်တက်ခြင်း၊ သယ်ယူစရိတ် မြင့်တက်ခြင်း၊ ယခုနှစ် ဧပြီနှင့် မေလ အတွင်း ရာသီဥတုပူပြင်းခဲ့ခြင်းကြောင့် ဥထွက်နှုန်းကျဆင်းခြင်းနှင့် ကုန်ကြမ်း သားပေါက်ဈေးနှုန်း မြင့်တက်ခြင်းတို့ ကြောင့် အသား၊ ငါးနှင့် ဥဈေးနှုန်းတို့ မြင့်တက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် (၉) ခုတွင် မွေးမြူရေးလုပ်ငန်း များကို ငွေကျပ် ၁၂ ဘီလီယံ ထုတ်ချေး နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းဒေသများမှ စိစစ်ရွေးချယ်ထားသည့် အသားတိုးနွား၊ နို့စားနွား၊ ဥစားကြက်နှင့် သိုး၊ ဆိတ်မွေးမြူရေး လုပ်ငန်းများကို ထုတ်ချေးပေးရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း။
ထို့ပြင် အခြားဆက်စပ်ကော်မတီများ ဖြစ်သည့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်း မှုများ မှန်ကန်မြန်ဆန်စေရေးဗဟို ကော်မတီ၊ ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီ၊ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီနှင့် စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ စသည့်ကော်မတီ များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် လျက်ရှိကြောင်း၊ အခြေခံစားသောက် ကုန်ပစ္စည်းဈေးနှုန်းများ မတည်ငြိမ်ခြင်း၊ ရုတ်တရက် မြင့်တက်ခြင်းကြောင့် ဝင်ငွေနည်းပါးသည့် ပြည်သူများ၊ ပုံသေ လစာရရှိသည့် ဝန်ထမ်းများကို အဓိက ထိခိုက်ခံစားရသဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၊ နေပြည်တော်နှင့် တိုင်း ဒေသကြီး၊ ပြည်နယ်များမှ တာဝန်ရှိသူ များအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းစဉ်ကို အထူးအလေးထား၍ ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ကုန်ဈေး နှုန်းတည်ငြိမ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆန်၊ စားအုန်းဆီအပါအဝင် အခြေခံ စားသောက်ကုန်ဈေးနှုန်း တည်ငြိမ်ရေး ဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက် မည့် အခြေအနေများကို ဆွေးနွေး တင်ပြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် များ၏ ဝန်ကြီးချုပ်များ၊ ကော်မတီအဖွဲ့ဝင် များက ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီး မှု၊ ထူးခြားစွာပြောင်းလဲ ဖြစ်ပေါ်သည့် အဓိကကုန်စည် ဈေးနှုန်းများအပေါ် သုံးသပ်ချက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်း များ တည်ငြိမ်စေရေး ဆောင်ရွက်ချက် များကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌက ဆွေးနွေး တင်ပြချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍနှင့် ဒေသအလိုက် ကုန်ဈေးနှုန်း တည်ငြိမ်စေရေး ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် လိုအပ်ချက်များကို ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်