ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်‌ရေးလုပ်ငန်းများ ၆၆ ရာခိုင်နှုန်းပြီးစီး

မုံရွာ   ဇွန်   ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အဖွဲ့ဝင်များသည် ဇွန် ၁၈ ရက် နံနက်ပိုင်းက  ဟုမ္မလင်း မြို့နယ် ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)  တည်ဆောက်ရေးရှင်းလင်းဆောင်သို့ရောက်ရှိရာ  ဆောက်လုပ် ရေးဝန်ကြီးဌာန  တံတားဦးစီးဌာန  တည်ဆောက်ရေးအဖွဲ့(၂)မှ အင်ဂျင်နီယာမှူးက ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေးလုပ်ငန်းများ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွား မည့် လုပ်ငန်းအခြေအနေများကိုလည်းကောင်း၊  ဟုမ္မလင်းခရိုင်  လမ်းဦးစီးဌာနမှ  လက်ထောက်ညွှန်ကြား ရေးမှူးက  ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) ပင်းမရွာဘက်ခြမ်းနှင့် ထမံသီရွာဘက်ခြမ်းတို့တွင် ချဉ်းကပ် လမ်းများ  ဖောက်လုပ်ပြီးစီးမှုနှင့်    ဆက်လက်ဆောင်ရွက်မည့်   လုပ်ငန်းအခြေအနေများကို  လည်းကောင်း ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး လမ်းဦးစီးဌာန  ညွှန်ကြားရေးမှူးက တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်တင်ပြသည်။ 
သတိပြုဆောင်ရွက်စေလို
ယင်းနောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်က     စစ်ကိုင်းတိုင်း ဒေသကြီး       ဟုမ္မလင်းခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တို့ကို            ဆက်သွယ်ပေးမည့် ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်ပြီးစီးပါက ဟုမ္မလင်း မြို့နယ်နှင့်       လေရှီးမြို့နယ်တို့မှ ဒေသခံပြည်သူများသည်  ကူးသန်း သွားလာမှု လွယ်ကူမြန်ဆန်လာ ခြင်းကြောင့် ၎င်းတို့၏ လူမှုစီးပွား ဘဝများ  ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ ဒေသ၏ထုတ်ကုန် များကို     လွယ်ကူစွာ    သယ်ယူ ပို့ဆောင်နိုင်ခြင်းနှင့်    ဒေသဖွံ့ဖြိုး တိုးတက်မှုကို   များစွာအထောက် အကူပြုမည့်  တံတားကြီးတစ်စင်း ဖြစ်ပါကြောင်း၊ ယင်းအပြင် လေရှီး မြို့နယ်အစွန်အဖျားရှိ  ဆွမ္မရာမြို့ နှင့်       ပန်ဆပ်ကျေးရွာ၊    အနီး ပတ်ဝန်းကျင်       ကျေးရွာများမှ ဒေသခံပြည်သူများသည် ဟုမ္မလင်း၊ ခန္တီးနှင့်        မော်လိုက်ခရိုင်များသို့ လွယ်ကူစွာ        သွားလာနိုင်ခြင်း ကြောင့်     ၎င်းတို့၏   ပညာရေး၊ ကျန်းမာရေး၊   စီးပွားရေးအပြင် ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာ    အကျိုးပြုစေမည်ဖြစ်၍ တည်ဆောက်ရေး    လုပ်ငန်းများ ကို  သတ်မှတ်ကာလတွင်   ပြီးစီး ရေးနှင့် သတ်မှတ်စံချိန်စံညွှန်းများ နှင့်အညီအရည်အသွေးကောင်းမွန် အောင်       တည်ဆောက်သွားရန် လိုအပ်ပါကြောင်း၊     ဘဏ္ဍာနှစ် အလိုက်ရရှိသည့်  ရန်ပုံငွေများကို လည်း    စနစ်တကျသုံးစွဲသွားကြ ရန်နှင့်  လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးကိုလည်း     သတိပြု ဆောင်ရွက်စေလိုကြောင်း မှာကြား သည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ချင်းတွင်းမြစ်ကူးတံတား   (ထမံသီ) တံတားကြီး၏ ပင်းမရွာဘက်ခြမ်း ချဉ်းကပ်လမ်း   ဆောင်ရွက်နေမှု၊ ပင်မတံတားကြီး  တည်ဆောက်မှု လုပ်ငန်းများ  ဆောင်ရွက်နေမှုနှင့် ထမံသီရွာဘက်ခြမ်း     ချဉ်းကပ် လမ်း       ဆောင်ရွက်နေမှုများကိုလိုက်လံကြည့်ရှုစစ်ဆေးသည်။
၆၆ ရာခိုင်နှုန်းပြီးစီး
အဆိုပါ     ချင်းတွင်းမြစ်ကူး တံတား (ထမံသီ) သည် ဟုမ္မလင်း မြို့နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအတွင်းရှိ  လေရှီးမြို့-ပန်ဆပ် - ဆွမ္မရာမြို့လမ်းပေါ်တွင် ချင်းတွင်းမြစ်ကိုဖြတ်၍    တည် ဆောက်ထားသည့် သံကူကွန်ကရစ် တံတား      အမျိုးအစားဖြစ်ပြီး တံတားအရှည်    ၈၀၁  မီတာ၊ အကျယ်   ၉  ဒသမ  ၄   မီတာ၊  တံတားအခန်းပေါင်း   ၁၅  ခန်း ၊ ရေလမ်း ကင်းလွတ်အမြင့် ပေ ၄၀ ဖြင့်  တည်ဆောက်နေခြင်းဖြစ်ပြီး       တည်ဆောက်ရေးလုပ်ငန်း  တစ်ခု လုံး၏ ၆၆ ရာခိုင်နှုန်း   ပြီးစီးနေပြီ ဖြစ်သည်။
ထို့နောက်     တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်        အဖွဲ့ဝင်များ၊ ထမံသီကျေးရွာ၊     ပင်းမကျေးရွာ တို့မှ ပြည်သူများက  အဆိုပါတံတား ကြီးအနီး ချင်းတွင်းမြစ်အတွင်းသို့ ငါးမြစ်ချင်းနှင့်   ထိုင်းငါးခုံးမကြီး ကောင်ရေ     ၁၃၀၀၀၀    ကို ချင်းတွင်းမြစ်အတွင်း  စိုက်ထည့် ပေးသည်။ 
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်   တာဝန်ရှိသူများ သည် ညနေပိုင်းတွင် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ   လေရှီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး   အစည်း အဝေးခန်းမ၌         ကျင်းပသော   လေရှီးမြို့ရှိ    မြို့မိမြို့ဖများ၊   နာဂ ရိုးရာစာပေနှင့်    ယဉ်ကျေးမှုအဖွဲ့ များ၊ မြို့နယ်အဆင့်  ဌာနဆိုင်ရာ များ၊       ဒေသခံတိုင်းရင်းသား များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ရာ     လေရှီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့          ဥက္ကဋ္ဌ ဦးဝင်းမောင်က    မြို့နယ်အတွင်း ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များ  ဆောင်ရွက်ထားရှိမှုအခြေအနေများကို  ရှင်းလင်းတင်ပြပြီး မြို့မိမြို့ဖများနှင့် ယဉ်ကျေးမှုအဖွဲ့ များက လေရှီးမြို့ ဖွံ့ဖြိုးတိုးတက် ရေးအတွက်   လိုအပ်သည်များကို ဆွေးနွေးတင်ပြကြသည်။
ရှင်းလင်းပြောကြား
ဆက်လက်၍  တိုင်းဒေသကြီး ဝန်ကြီးများနှင့်   တိုင်းဒေသကြီး အဆင့်       ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက်    နာဂ ကိုယ်ပိုင်       အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေး   လုပ်ငန်းများ  ဆောင်ရွက်      ပေးနေမှုများနှင့် ဆက်လက်    ဆောင်ရွက်ပေးသွား မည့်     လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍    ရှင်းလင်းပြောကြား ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က    လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသူများအတွက်        ထောက်ပံ့ငွေများနှင့်   စားသောက် ဖွယ်ရာများကို    လည်းကောင်း၊   တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့် တိုင်းဒေသကြီးအဆင့်    ဌာန ဆိုင်ရာများက     မြို့နယ်အဆင့်       ဌာနဆိုင်ရာ      ဝန်ထမ်းများနှင့်   လေရှီးမြို့နယ်    နာဂရိုးရာစာပေ နှင့်      ယဉ်ကျေးမှုအဖွဲ့အတွက်     ထောက်ပံ့ငွေများနှင့်    စာသောက် ဖွယ်ရာများကို    လည်းကောင်း တာဝန်ရှိသူများထံ   ထောက်ပံ့ ပေးအပ်သည်။
 ကြိုးပမ်းဆောင်ရွက်
ထို့နောက်    တိုင်းဒေသကြီး ဝန်ကြီးချုပ်က    နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ        ဒေသအတွင်း  ဆောင်ရွက်နေသည့်    လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး၊     ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ပေးနေမှု၊ စားရေရိက္ခာ     ဖူလုံရေးအတွက် စိုက်ပျိုး၊     မွေးမြူထုတ်လုပ်ရန် လိုအပ်မှု၊   ရာသီဥတုကောင်းမွန် ရေးနှင့်      သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရန် စနစ်ကျကုန်းမြင့် လယ်ယာ  ဖော်ထုတ်စိုက်ပျိုးခြင်း ဖြင့်    ရွှေ့ပြောင်းတောင်ယာခုတ် ၍   စိုက်ပျိုးမှုစနစ်  ပပျောက်ရန် လိုအပ်မှုအခြေအနေများ၊ MSMEs လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေး နှင့်   ပညာရေး၊    ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန် ရန်   ဆောင်ရွက်ပေးနေမှုအခြေ အနေများနှင့်         လေရှီးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့      ဥက္ကဋ္ဌက ဌာနဆိုင်ရာများကို    ဦးဆောင်၍ စဉ်ဆက်မပြတ်   ကြိုးပမ်းဆောင် ရွက်သွားရန်၊          ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို       ပေါင်းစပ် ဆောင်ရွက်ကြရန်    မှာကြားကာ    တက်ရောက်   လာသူများအား ရင်းရင်းနှီးနှီး     လိုက်လံနှုတ်ဆက် ခဲ့ကြောင်း သိရသည်။ 
ခရိုင်(ပြန်/ဆက်)