မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်တွင် ရွှေပန်းထိမ်လုပ်ငန်းလုပ်ကိုင်သူအား အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ပြီး ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်ရာတွင် ပါဝင်ခဲ့သည့် တရားခံတစ်ဦးအား သက်သေခံရွှေထည်ပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်   ဇွန်   ၁၉
မန္တလေးတိုင်းဒေသကြီး    မဟာ အောင်မြေမြို့နယ်   သံလျက်မှော် အနောက်ရပ်ကွက်နေ ရွှေပန်းထိမ် လုပ်ငန်းလုပ်ကိုင်သူ ဦးဝင်းအောင် သည် ဇွန် ၁၃ ရက် ညနေ ၅ နာရီ မိနစ် ၂၀ ခန့်တွင် ၎င်း၏ရွှေပန်းထိမ် ဆိုင်ရှိရာ အောင်မြေသာစံမြို့နယ် မှ နေအိမ်သို့   ၁၂  လမ်းအတိုင်း ဆိုင်ကယ်ဖြင့်     တစ်ဦးတည်း မောင်းနှင်ထွက်ခွာလာစဉ် အမျိုး သား နှစ်ဦး(စိစစ်ဆဲ)က CZI အမျိုး အစား အနက်ရောင်ဆိုင်ကယ်ဖြင့် အနောက်မှကပ်၍လိုက်ပါလာပြီး သေနတ်အမျိုးအစား   (စိစစ်ဆဲ)ဖြင့် ပစ်ခတ်ကာ ဦးဝင်းအောင်တွင် ပါရှိလာသည့် ရွှေထည်ပစ္စည်းများ အား လုယက်ယူဆောင် ထွက်ပြေး သွားခဲ့သဖြင့်     ဦးဝင်းအောင်တွင် ကျည်ထိမှန်     ဒဏ်ရာရရှိခဲ့ပြီး မန္တလေး    ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု  ခံယူနေစဉ် ရရှိထားသောဒဏ်ရာဖြင့်  သေဆုံး သွားခဲ့သောကြောင့်   အမှတ်(၄)နယ်မြေရဲစခန်းတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်၍ တရားခံများ ဖမ်းဆီးရမိ နိုင်ရေး ဆောင်ရွက်ခဲ့သည်။
အထက်ပါဖြစ်စဉ်မှ အကြမ်း ဖက်ပစ်ခတ်လုယက်မှု ကျူးလွန် သူတရားခံများအား   ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက   နေ့/ည မပြတ် သတင်းရယူစုံစမ်းထောက် လှမ်းခြင်း၊     လုံခြုံရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၏ အကူအညီများ  ရယူဆောင်ရွက် ခြင်းနှင့်   အေးချမ်းတည်ငြိမ်စွာ နေထိုင်လိုသော တာဝန်သိပြည်သူ များ၏   ပူးပေါင်းပါဝင်မှုကြောင့် ပြစ်မှုကျူးလွန်သူ  တရားခံ နှစ်ဦး အနက်  မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်    နန်းတော်ကျွန်း အုပ်စု ဥဒေါင်းကျေးရွာနေ ကံပိုင် (ခ)ကိုဖြိုး(ခ)ပြည့်ဖြိုးအောင်(၃၈)နှစ်၊ (ဘ)ဦးမြင့်အောင်အား  ဇွန် ၁၈ ရက် ညနေ ၆ နာရီ ၁၅ မိနစ် တွင်     အကြမ်းဖက်သတ်ဖြတ် လုယက်   ယူဆောင်သွားသည့် သက်သေခံ   ရွှေထည်ပစ္စည်းများ နှင့် အတူ ၎င်း၏နေအိမ်၌  တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။ 
ဖမ်းဆီးရမိတရားခံ ကံပိုင်(ခ)ကိုဖြိုး(ခ)ပြည့်ဖြိုးအောင်၏ ထွက် ဆိုချက်အရ  ၎င်းသည်   တစ်ရွာ တည်းနေ PDF အမည်ခံအကြမ်း ဖက်အဖွဲ့ဝင်    ဖမ်းဆီးရန်ကျန် တရားခံ  ကိုမောင်း(စိစစ်ဆဲ)နှင့် ချိတ်ဆက်ပြီး ငွေကြေးလိုအပ်ချက် အရ ပန်းထိမ်ဆရာ ဦးဝင်းအောင် လုပ်ငန်းသိမ်းပြီး ရွှေထည်ပစ္စည်း များနှင့်အတူ နေအိမ်သို့အပြန်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် ကာ ရွှေထည်ပစ္စည်းများအား လုယူ ရန်ညှိနှိုင်းခဲ့ရာ သဘောတူညီမှုရရှိ ခဲ့ပြီး ကိုမောင်း၏အဆက်အသွယ် ဖြင့် မတ္တရာ PDF အမည်ခံအကြမ်း ဖက်အဖွဲ့ဝင်   ဖမ်းဆီးရန်ကျန် တရားခံ မင်္ဂလာပါ(အမည်လွှဲ)နှင့်  ဇွန် ၁၀ ရက် ညနေ ၄ နာရီခွဲတွင် ၁၂  လမ်းနှင့်   ၈၉  လမ်းထောင့် တွင်တွေ့ဆုံ၍   ပစ်ခတ်လုယက် မည့်အစီအစဉ်အား တိုင်ပင်ခဲ့ပြီး ဇွန်  ၁၃ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် ဖမ်းဆီးရန်ကျန်တရားခံ မင်္ဂလာပါနှင့်အတူ   ၁၂  လမ်းရှိ ရွှေပုဇွန်ဆီဆိုင်အနီးတွင် အသင့် စောင့်ဆိုင်းနေပြီး   ဦးဝင်းအောင် ထွက်လာချိန်တွင် ကံပိုင်(ခ)ကိုဖြိုး (ခ)ပြည့်ဖြိုးအောင်က  ဆိုင်ကယ် အား   မောင်းနှင်ပြီး     ဖမ်းဆီးရန် ကျန်တရားခံ မင်္ဂလာပါက နောက် မှ စီးနင်းလိုက်ပါကာ ဦးဝင်းအောင် ၏   ဆိုင်ကယ်နောက်မှ    ကပ်၍ မောင်းနှင်လိုက်ပါသွားပြီး Golden Star ဘီယာဆိုင်ရှေ့အရောက်တွင် မင်္ဂလာပါက ၎င်းအသင့် ယူဆောင် လာသည့် တစ်ထောင့်ထိုးလက်လုပ် သေနတ်ဖြင့်   ဦးဝင်းအောင်အား ပစ်ခတ်ခဲ့ပြီး လဲကျသွားချိန်တွင် ကံပိုင်(ခ) ကိုဖြိုး  (ခ) ပြည့်ဖြိုး အောင်က   ဆိုင်ကယ်အား   ရပ်၍ ဦးဝင်းအောင်     လွယ်ထားသည့် ရွှေထည်ပစ္စည်းများ    ထည့်ထား သောအိတ်အား     ဖြုတ်ယူကာ အခင်းဖြစ်နေရာမှ    မောင်းနှင် ထွက်ပြေးခဲ့ခြင်း     ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖြစ်စဉ်တွင် လုံခြုံရေးရဲတပ်ဖွဲ့ ဝင်များ၏ နေ့/ညမပြတ် ကြိုးပမ်း ဆောင်ရွက်မှုနှင့် ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုး ရေးကိုလိုလားသည့် ပြည်သူလူထု ၏     ပူးပေါင်းပါဝင်မှုတို့ကြောင့် အကြမ်းဖက်  ပစ်ခတ်လုယက်မှု ကျူးလွန်သူ  တရားခံ    ကံပိုင်(ခ)ကိုဖြိုး (ခ)  ပြည့်ဖြိုးအောင် အား ပြစ်မှုဖြစ်ပွားပြီး  ငါးရက်အတွင်း သက်သေခံရွှေထည်ပစ္စည်းများ နှင့်အတူ   ဖော်ထုတ်ဖမ်းဆီးရမိ ခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ရေးနှင့် ဖမ်းဆီးရန်ကျန်တရားခံ   PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များ ဖြစ်ကြသည့်      ကိုမောင်းနှင့် မင်္ဂလာပါတို့ နှစ်ဦးအား  ဖမ်းဆီး ရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ က ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း  သတင်းရရှိသည်။
သတင်းစဉ်