လားရှိုးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချခြင်း ရှိ/ မရှိ စစ်ဆေးရေးအဖွဲ့များ ရှောင်တခင်စစ်ဆေး

လားရှိုး   ဇွန်   ၁၉
စွမ်းအင်ဝန်ကြီးဌာန ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေး ဦးစီး ဌာနလက်အောက်ရှိ    ပြည်နယ် ကြီးကြပ်စစ်ဆေးရေး အရာရှိရုံး၊ ရှမ်း(မြောက်) လားရှိုးမြို့ရှိ တာဝန် ရှိသူများပါဝင်သော စစ်ဆေးရေး အဖွဲ့များသည်     ယမန်နေ့က လားရှိုးမြို့ပေါ်ရှိ     စက်သုံးဆီ အရောင်းဆိုင်များသို့ ရှောင်တခင် ကွင်းဆင်းစစ်ဆေး  ဆောင်ရွက် သည်။
လားရှိုးမြို့ပေါ်ရှိ   စက်သုံးဆီ ဆိုင်များအား သတ်မှတ်ရည်ညွှန်း ဈေးနှုန်းများအတိုင်း ရောင်းချခြင်း၊ အခြင်အတွယ်  ပြည့်မီမှန်ကန်မှု၊ သတ်မှတ်ချက်များနှင့်    အညီ ရောင်းချခြင်း၊ အများပြည်သူသို့ အဆင်ပြေစွာရောင်းချခြင်း၊ မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားမှု ရှိ/မရှိနှင့် ပုံး/ခွက်များဖြင့် တစ်ဆင့်ရောင်းချမှုမရှိ စေရေးတို့ကို ရှောင်တခင်စစ်ဆေး ပြီး လိုအပ်သည်များ   မှာကြား သည်။ 
လားရှိုးမြို့ပေါ်ရှိ  စက်သုံးဆီ ဆိုင်များကို   သတ်မှတ်ရည်ညွှန်း ဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိနှင့်   သတ်မှတ်ချက်များ အတိုင်း ရောင်းချခြင်း  ရှိ/မရှိကို အခါအားလျော်စွာ    ရှောင်တခင် စစ်ဆေးခြင်းများ    ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ ဆက်)